သင်တို့၏ဖခင်နှင့်သင်တို့၏အိမ်သူအိမ်သားတို့ကိုခေါ်၍ ငါ့ထံသို့လာကြလော့။ အီဂျစ်ပြည်ရှိအကောင်းဆုံးသောအရာကို သင်တို့အားငါပေးမည်။ ဤပြည်၏အဆီအနှစ်ကိုစားရမည်။
တောလည် 18:29 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ခံယူရရှိသောပူဇော်သက္ကာအားလုံးထဲမှ ထာဝရဘုရားနှင့်ဆိုင်သောအလှူပစ္စည်းကို ပေးလှူပူဇော်ရမည်။ အကောင်းဆုံးအလှူပစ္စည်း၊ သန့်ရှင်းသောအလှူပစ္စည်းကို ပေးလှူပူဇော်ရမည်။ Common Language Bible သင်တို့ရရှိသောအလှူထဲမှအကောင်းဆုံး ကို ထာဝရဘုရားအားဆက်သရမည်။- Garrad Bible သင် တို့ ခံ ရ သ မျှ အ နက် သီး သန့် ထား အပ် သော အ ထူး အ မြတ် ကို ငါ ထာ ဝ ရ ဘု ရား ထံ အ လှူ အ ဖြစ် မြှောက် ဆက် ကြ ရ မည်။ Judson Bible သင်တို့ခံရသမျှသော အလှူတို့အထဲက အကောင်းဆုံးသောအဖို့ သန့်ရှင်းသောအဖို့ကိုနုတ်ယူ၍ ထာဝရဘုရားအား ပူဇော်သကာပြုရကြမည်။ |
သင်တို့၏ဖခင်နှင့်သင်တို့၏အိမ်သူအိမ်သားတို့ကိုခေါ်၍ ငါ့ထံသို့လာကြလော့။ အီဂျစ်ပြည်ရှိအကောင်းဆုံးသောအရာကို သင်တို့အားငါပေးမည်။ ဤပြည်၏အဆီအနှစ်ကိုစားရမည်။
ထိုအရာတို့သည် အစ္စရေးအမျိုးသားတို့ထံမှ အာရုန်နှင့်သူ၏သားတို့ အစဉ်အမြဲရရှိရမည့်ဝေစုဖြစ်၏။ အကြောင်းမူကား ထိုအရာတို့သည် အလှူပစ္စည်းဖြစ်၏။ ထိုအလှူပစ္စည်းသည် အစ္စရေးအမျိုးသားတို့၏မိတ်သဟာယယဇ်များမှ ထာဝရဘုရားအား ပေးလှူသောအလှူပစ္စည်းဖြစ်၏။
ထိုသို့ အစ္စရေးအမျိုးသားတို့ထံမှ သင်တို့ခံယူရရှိသောဆယ်ဖို့တစ်ဖို့အားလုံးထဲမှ အလှူပစ္စည်းကို ထာဝရဘုရားအား ပေးလှူပူဇော်ရမည်။ ထိုဆယ်ဖို့တစ်ဖို့ထဲမှ ထာဝရဘုရားအား ပေးလှူပူဇော်သော အလှူပစ္စည်းကို ယဇ်ပုရောဟိတ်အာရုန်အား သင်တို့ပေးရမည်။
လေဝိအမျိုးသားတို့အား ပြောလော့။ ဆယ်ဖို့တစ်ဖို့ထဲမှ အကောင်းဆုံးအရာကို ပေးလှူသောအခါ ကောက်နယ်တလင်းမှ အသီးအနှံကဲ့သို့လည်းကောင်း၊ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ရည်ကဲ့သို့လည်းကောင်း မှတ်ယူရမည်။