ကမ္ဘာဦး 45:18 - မြန်မာ့စံမီသမ္မာကျမ်း18 သင်တို့၏ဖခင်နှင့်သင်တို့၏အိမ်သူအိမ်သားတို့ကိုခေါ်၍ ငါ့ထံသို့လာကြလော့။ အီဂျစ်ပြည်ရှိအကောင်းဆုံးသောအရာကို သင်တို့အားငါပေးမည်။ ဤပြည်၏အဆီအနှစ်ကိုစားရမည်။ အခန်းကိုကြည့်ပါ။Common Language Bible18 သူတို့၏အဖနှင့်မိသားစုများကိုဤပြည်သို့ ခေါ်ဆောင်ခဲ့ကြစေ။ ငါသည်သူတို့အားအီဂျစ် ပြည်တွင်အသင့်တော်ဆုံးသောအရပ်၌နေထိုင် စေမည်။ သူတို့သည်ဝလင်စွာစားသောက်ရကြ လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible18 အ ဘ မှ စ၍ အိမ် သူ အိမ် သား တို့ ကို ခေါ် ယူ လျက် ကျွန်ုပ် ထံ သို့ လာ ကြ လော့။ အိ ဂျစ် ပြည်၏ စီး ပွား ချမ်း သာ ကို ကျွန်ုပ် ပေး သ ဖြင့် မြေ ဆီ သြ ဇာ ကို သင် တို့ ခံ စား ရ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible18 သင်တို့အဘနှင့် အိမ်သူအိမ်သားတို့ကိုယူ၍ ကျွန်ုပ်ထံသို့လာကြလော့။ အဲဂုတ္တုပြည်၏စည်းစိမ်ကိုငါပေး၍၊ သင်တို့သည် မြေဩဇာကိုသာစားရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်တို့က ‘အကျွန်ုပ်တို့၏ဘိုးဘေးမှစ၍ အရှင့်အစေအပါးဖြစ်သောအကျွန်ုပ်တို့သည် ငယ်ရွယ်စဉ်မှ ယခုတိုင်အောင် တိရစ္ဆာန်မွေးမြူသောသူများဖြစ်ကြပါ၏’ဟု လျှောက်ရမည်။ သို့မှသာ သင်တို့သည် ဂေါရှင်အရပ်၌ နေထိုင်ခွင့်ရကြလိမ့်မည်။ အကြောင်းမူကား သိုးထိန်းဟူသမျှကို အီဂျစ်လူမျိုးတို့စက်ဆုပ်ရွံရှာကြ၏”ဟု ဆိုလေ၏။
အီဂျစ်ပြည်သည် သင့်မျက်စိရှေ့၌ရှိ၏။ သင့်ဖခင်နှင့်သင့်ညီအစ်ကိုတို့ကို ဤပြည်၏အကောင်းဆုံးနေရာ၌ နေရာချပေးလော့။ ဂေါရှင်အရပ်၌ နေထိုင်စေလော့။ သူတို့ထဲ၌ အရည်အချင်းရှိသူပါကြောင်း သင်သိလျှင် သူတို့အား ငါ၏တိရစ္ဆာန်တို့ကိုကြီးကြပ်ကွပ်ကဲသူအဖြစ် ခန့်ထားလော့”ဟု မိန့်ဆိုလေ၏။