မြေကြီးသည် မိမိနှုတ်ကိုဟ၍ သင်၏လက်မှ သင့်ညီ၏အသွေးကိုခံယူပြီဖြစ်သောကြောင့် သင်သည် မြေကြီး၏ကျိန်ခြင်းကို ယခုခံရပြီ။
တောလည် 16:32 - မြန်မာ့စံမီသမ္မာကျမ်း မြေကြီးသည် မိမိခံတွင်းကို ဖွင့်၍ သူတို့နှင့်သူတို့၏အိမ်သူအိမ်သားများ၊ ကောရနှင့်ဆိုင်သောသူရှိသမျှ၊ သူတို့၏ဥစ္စာရှိသမျှတို့ကို မျိုလေ၏။ Common Language Bible သူတို့နှင့်တကွသူတို့၏သားမယားများ၊ ကောရ၏နောက်လိုက်များနှင့်သူတို့ပိုင်ဆိုင် သမျှပစ္စည်းများကိုမြေမျိုလေ၏။- Garrad Bible ခံ တွင်း ဟ လျက် သူ တို့ မှ စ၍ အိမ် သူ အိမ် သား၊ ကော ရ နှင့် ဖက် စပ် သူ ရှိ သ မျှ၊ ဥ စ္စာ ရှိ သ မျှ ပါ မျို စား သ ဖြင့်၊ Judson Bible မိမိခံတွင်းကိုဖွင့်သဖြင့်၊ သူတို့နှင့် သူတို့အိမ်များကိုလည်းကောင်း၊ ကောရနှင့်ဆိုင်သမျှသောသူတို့နှင့် သူတို့ဥစ္စာရှိသမျှကိုလည်းကောင်း မျိုလေ၏။ |
မြေကြီးသည် မိမိနှုတ်ကိုဟ၍ သင်၏လက်မှ သင့်ညီ၏အသွေးကိုခံယူပြီဖြစ်သောကြောင့် သင်သည် မြေကြီး၏ကျိန်ခြင်းကို ယခုခံရပြီ။
ကောဟတ်၏သားမြေးများမှာ ကောဟတ်၏သား အမိနဒပ်၊ အမိနဒပ်၏သား ကောရ၊ ကောရ၏သား အဿိရ၊
ဇေဖနိသည် တာဟတ်၏သား၊ တာဟတ်သည် အဿိရ၏သား၊ အဿိရသည် ဧဗျာသပ်၏သား၊ ဧဗျာသပ်သည် ကောရ၏သား၊
မြေသည် ကွဲအက်လျက် ဒါသန်ကိုမျို၍ အဘိရံနှင့်အပေါင်းပါတို့ကို ဖုံးအုပ်လေ၏။
မြေကိုတူး၍ခွဲခြေလိုက်သကဲ့သို့ အကျွန်ုပ်တို့၏အရိုးများသည် မရဏာနိုင်ငံအဝင်ဝတွင် ပြန့်ကျဲလျက်ရှိကြပါ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်ကိန်းဝပ်တော်မူရာတဲတော်သည် နှစ်သက်ဖွယ်ကောင်းလှပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် မိမိပြည်တော်ကို နှစ်သက်တော်မူ၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ယာကုပ်အမျိုးကို ပြန်လာစေတော်မူပြီ။
အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့၌ နေ့ညမပြတ်အော်ဟစ်တောင်းလျှောက်ပါ၏။
ကမ္ဘာမြေကြီးသည် အစိတ်စိတ်အမွှာမွှာကွဲလေပြီ။ ကမ္ဘာမြေကြီးသည် လုံးလုံးကွဲအက်လေပြီ။ ကမ္ဘာမြေကြီးသည် သွက်သွက်ခါလှုပ်လေပြီ။
မရဏာနိုင်ငံသည် အလိုရမ္မက်ကြီးစွာဖြင့် မိမိပါးစပ်ကိုအတိုင်းအဆမရှိ ကျယ်စွာဖွင့်လျက်ရှိ၍ ဇိအုန်မြို့ဂုဏ်သရေရှိသူများ၊ ဆူညံနေသောလူအုပ်ကြီး၊ သောက်စားပျော်ပါးနေသူများသည် မရဏာနိုင်ငံသို့ ဆင်းသွားကြရလိမ့်မည်။
သင်တို့သည် မိမိတို့၏မီးကျီးခံဗန်းကို ယူ၍ နံ့သာပေါင်းကိုထည့်ရမည်။ သင်နှင့်အာရုန်မှစ၍ သင်၏အပေါင်းပါအယောက်နှစ်ရာ့ငါးဆယ်တို့သည် မိမိတို့၏မီးကျီးခံဗန်းကို ထာဝရဘုရားရှေ့တော်သို့ ယူဆောင်လာရမည်”ဟု ဆို၏။
ထာဝရဘုရားသည် မဖြစ်ဖူးသေးသောအမှုကိုပြုတော်မူသဖြင့် မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် သူတို့နှင့် သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျို၍ အရှင်လတ်လတ် မရဏာနိုင်ငံသို့ ဆင်းသွားရလျှင် သူတို့သည် ထာဝရဘုရားကိုမထီလေးစားပြုခြင်းဖြစ်ကြောင်း သင်တို့သိမြင်ကြရလိမ့်မည်”ဟု ဆိုလေ၏။
ထိုစကားအားလုံးကို မောရှေပြောပြီးသည်နှင့် ထိုသူတို့နင်းထားသောမြေသည် အက်ကွဲလေ၏။
ထိုသူတို့သည် သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့နှင့်အတူ မရဏာနိုင်ငံသို့ အရှင်လတ်လတ်ဆင်းသွားကြရ၏။ မြေကြီးသည် ပြန်ပိတ်သွားလေ၏။ သူတို့သည် လူအစုအဝေးထဲမှ ပျောက်ကွယ်သွားလေ၏။
ကောရကြောင့် သေဆုံးသူတို့အပြင် ဘေးဒဏ်ကြောင့် သေဆုံးသူ တစ်သောင်းလေးထောင့်ခုနစ်ရာ ရှိ၏။
ထို့ကြောင့် မြေကြီးသည် မိမိခံတွင်းကို ဖွင့်၍ ကောရနှင့်အတူ သူတို့ကိုမျို၏။ ထိုသို့ ကောရနှင့်သူ၏အပေါင်းပါများသေကြ၏။ လူအယောက်နှစ်ရာ့ငါးဆယ်ကိုလည်း မီးလောင်ကျွမ်းလေ၏။ ထိုသူတို့သည် သတိပြုစရာသက်သေဖြစ်ကြ၏။
“အကျွန်ုပ်တို့၏ဖခင်သည် တောကန္တာရ၌ သေဆုံးသွားပါ၏။ ထာဝရဘုရားကိုဆန့်ကျင်လျက်စုဝေးသောလူထုဖြစ်သည့် ကောရ၏အပေါင်းပါများထဲတွင် သူ မပါဝင်ခဲ့ပါ။ သူ့အပြစ်ကြောင့် သူသေဆုံးသွားပါ၏။ သူ၌ သားမရှိပါ။
မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် အစ္စရေးအမျိုးသားအပေါင်းတို့အလယ်၌ ရုဗင်သားမြေး၊ ဧလျာဘ၏သားများဖြစ်သော ဒါသန်နှင့်အဘိရံတို့နှင့်တကွ သူတို့၏အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျိုခဲ့ပုံ စသည်တို့ကို ယနေ့ သင်တို့အောက်မေ့ကြလော့။
သို့သော် မြေကြီးသည် ထိုအမျိုးသမီးကိုကူညီလေ၏။ မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ နဂါး၏ခံတွင်းမှ မှုတ်ထုတ်လိုက်သောမြစ်ရေကို မျိုချလိုက်၏။