အကြောင်းမူကား ငါသည် ထာဝရဘုရား၏လမ်းတို့ကို စောင့်ထိန်း၏။ ငါ၏ဘုရားသခင်ကိုဆန့်ကျင်ပြီး ဆိုးယုတ်သောအမှုကို မပြုပါ။
တောလည် 16:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မောရှေသည် အလွန်အမျက်ထွက်၍ ထာဝရဘုရားအား “ထိုသူတို့၏ဘောဇဉ်ပူဇော်သက္ကာကို လှည့်ကြည့်တော်မမူပါနှင့်။ အကျွန်ုပ်သည် သူတို့ထံမှ မြည်းတစ်ကောင်ကိုမျှ မယူခဲ့ဖူးပါ။ သူတို့ထဲမှတစ်စုံတစ်ယောက်ကိုမျှ အန္တရာယ်မပြုခဲ့ဖူးပါ”ဟု လျှောက်လေ၏။ Common Language Bible ထိုအခါမောရှေသည်သူတို့ကိုအလွန် အမျက်ထွက်၍ ထာဝရဘုရားအား``ဤသူ တို့ဆက်သသောပူဇော်သကာကိုလက်ခံ တော်မမူပါနှင့်။ အကျွန်ုပ်သည်သူတို့တစ် ဦးတစ်ယောက်ကိုမျှမတော်မတရားမပြု လုပ်ခဲ့ပါ။ သူတို့ထံမှမြည်းတစ်ကောင်မျှ မသိမ်းမယူခဲ့ပါ'' ဟုလျှောက်ထားလေ၏။ Garrad Bible မော ရှေ သည် ပြင်း စွာ အ မျက် ထွက်၍ သူ တို့ ပူ ဇော် သ က္ကာ ကို ထောက် ရှု တော် မ မူ ပါ နှင့်။ အ ကျွန်ုပ် သည် မြည်း တစ် ကောင် ကို မျှ မ သိမ်း မ ယူ။ တစ် ယောက် အ ကျိုး ကို မျှ မ ဖျက် ပါ ဟု ထာ ဝ ရ ဘု ရား အား တင် လျှောက် လေ၏။ Judson Bible မောရှေသည် အလွန်အမျက်ထွက်၍၊ ဤသူတို့ပူဇော်သကာကို ပမာဏပြုတော်မမူပါနှင့်။ သူတို့ဥစ္စာ မြည်းတစ်ကောင်ကိုမျှ အကျွန်ုပ်မသိမ်းပါ။ သူတို့တွင် တစ်ယောက်ကိုမျှမညှဉ်းဆဲပါဟု ထာဝရဘုရားအားလျှောက်၍၊ |
အကြောင်းမူကား ငါသည် ထာဝရဘုရား၏လမ်းတို့ကို စောင့်ထိန်း၏။ ငါ၏ဘုရားသခင်ကိုဆန့်ကျင်ပြီး ဆိုးယုတ်သောအမှုကို မပြုပါ။
မောရှေသည် တပ်စခန်းအနီးသို့ရောက်သည်နှင့် နွားသငယ်ရုပ်တုကိုလည်းကောင်း၊ ကခုန်နေကြသည်ကိုလည်းကောင်း မြင်သောအခါ အမျက်ထွက်၍ တောင်ခြေရင်း၌ မိမိလက်ထဲမှကျောက်ပြားများကို ပစ်ချကာ ချိုးဖျက်လေ၏။
ဆိုးယုတ်သောသူ၏ယဇ်ကောင်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ ထို့ထက်မက ၎င်းကို ဆိုးညစ်သောအကြံဖြင့် ယူဆောင်လာလျှင် ပို၍ပင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
(မောရှေသည် ကမ္ဘာမြေပေါ်ရှိလူအားလုံးတို့ထက် စိတ်အနှိမ့်ချဆုံးသူဖြစ်၏။)
ထို့နောက် မောရှေက ကောရအား “မနက်ဖြန် သင်နှင့် သင်၏အပေါင်းပါအားလုံး ထာဝရဘုရားရှေ့တော်သို့လာကြလော့။ သင်တို့နှင့်အတူ အာရုန်လည်း ရှိလိမ့်မည်။
သို့သော် သင်တို့အား ငါဆိုသည်ကား မိမိညီအစ်ကိုအပေါ် အမျက်ထွက်သောသူတိုင်းသည် အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိညီအစ်ကိုအား ‘အလကားလူ’ဟု ပြောသောသူသည် တရားလွှတ်တော်လက်သို့ အပ်နှံခြင်းခံထိုက်၍ ‘လူမိုက်’ဟု ပြောသောသူသည် ငရဲမီးဒဏ်ကိုခံထိုက်၏။
ထိုအခါ ကိုယ်တော်သည် အမျက်တော်ဖြင့် ပတ်ပတ်လည်သို့ကြည့်ရှုတော်မူပြီး သူတို့၏စိတ်နှလုံးမာကျောမှုအတွက် အလွန်ဝမ်းနည်း၍ လက်တစ်ဖက်သေသောသူအား“သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ သူ၏လက်သည် အကောင်းပကတိဖြစ်လေ၏။
သို့သော် ငါသည် ဤအခွင့်တစ်စုံတစ်ခုကိုမျှ မသုံးခဲ့ချေ။ ငါ့အား ထိုသို့ပြုစေလို၍ ဤအရာများကို ငါရေးသည်မဟုတ်။ အကြောင်းမူကား ငါ၏ဂုဏ်ယူဝါကြွားစရာအကြောင်းကို သူတစ်ပါးက အချည်းနှီးဖြစ်စေသည်ထက် ငါသေသော် သာ၍ကောင်း၏။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
ငါတို့ကိုလက်ခံကြလော့။ ငါတို့သည် မည်သူ့ကိုမျှ မပြစ်မှားခဲ့ကြ။ မည်သူ့ကိုမျှ မဖျက်ဆီးခဲ့ကြ။ မည်သူ့အပေါ်၌မျှ အမြတ်မထုတ်ခဲ့ကြ။
ငါတို့သည် ယုံကြည်သူဖြစ်သောသင်တို့တွင် မည်သို့ သန့်ရှင်းဖြူစင်စွာနှင့် ဖြောင့်မတ်စွာပြုမူလျက် အပြစ်တင်စရာမရှိရလေအောင် နေထိုင်ခဲ့သည်ကို သင်တို့နှင့်ဘုရားသခင်သည် ငါတို့၏သက်သေများဖြစ်ကြ၏။