ငါတို့ကို ဤတောကန္တာရထဲ၌ သေစေရန် နို့နှင့်ပျားရည်စီးသောပြည်မှ ထုတ်ဆောင်ခဲ့သည်မှာ မလုံလောက်ဘဲ ငါတို့အပေါ် မင်းအဖြစ် အုပ်စိုးလိုသေးသလော။
သူတို့က``သင်သည်ငါတို့ကိုတောကန္တာရ၌ သေကုန်စေခြင်းငှာ အစာရေစာပေါကြွယ်ဝ သောအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ပြီမဟုတ် လော။ ယခုသင်သည်ငါတို့အပေါ်တွင်မင်း မူလိုပါသလော။-
သူ တို့ က၊ ငါ တို့ မ လာ။ သဲ တော တွင် သေ စေ ရန် နို့ ရည် ပျား ရည် လွှမ်း စီး သော ပြည် မှ ငါ တို့ ကို ဆောင် ခဲ့ သည် မှာ သာ မ ည ထင် လျက် ငါ တို့ အ ပေါ် တွင် မင်း မူ ဦး မည် လော။
သင်သည် ဤတော၌ ငါတို့ကိုသတ်လို၍ နို့နှင့်ပျားရည်စီးသောပြည်မှ ဆောင်ခဲ့သော်လည်း၊ ငါတို့အပေါ်၌ လုံးလုံးမင်းမပြုရလျှင်၊ စိတ်မပြေသေးသည် တကား။
သို့ဖြစ်၍ အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ကြမ်းတမ်းသောအလုပ်များဖြင့် နှိပ်စက်ရန် အဓမ္မစေခိုင်းသူများကို ခန့်ထားကြ၏။ အစ္စရေးအမျိုးသားတို့သည် ပစ္စည်းသိုလှောင်ရာမြို့ဖြစ်သောပိသုံမြို့နှင့် ရာမသက်မြို့ကို ဖာရောမင်းကြီးအတွက် တည်ဆောက်ကြရ၏။
ဖာရောမင်းကြီးကလည်း မိမိလူအပေါင်းတို့အား “မွေးလာသောယောက်ျားလေးရှိသမျှကို နိုင်းမြစ်ထဲသို့ပစ်ချစေ။ မိန်းကလေးရှိသမျှကိုကား အသက်ရှင်စေ”ဟု အမိန့်ပေးလေ၏။
အစ္စရေးအမျိုးသားတို့က မောရှေနှင့်အာရုန်အား “ငါတို့သည် အီဂျစ်ပြည်တွင် အသားဟင်းအိုးဘေး၌ထိုင်၍ မုန့်ကိုဝစွာစားလျက်နေစဉ် ထာဝရဘုရား၏လက်တော်ဖြင့် ငါတို့သေရလျှင်ကောင်း၏။ ယခုမူကား သင်တို့သည် ဤလူအစုအဝေးအပေါင်းတို့ကို ငတ်မွတ်၍ သေစေရန် ဤတောကန္တာရထဲသို့ ခေါ်ဆောင်ခဲ့ကြသည်တကား”ဟု ညည်းညူပြကြ၏။
ထိုအရပ်၌ လူတို့သည် ရေငတ်ကြသဖြင့် မောရှေအား “ငါတို့နှင့်တကွ ငါတို့၏သားသမီးများ၊ တိရစ္ဆာန်များကို ရေငတ်၍သေစေရန် ငါတို့ကို အဘယ်ကြောင့် အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သနည်း”ဟု ညည်းညူပြကြ၏။
ထိုသူက “မည်သူသည် သင့်ကို ငါတို့၏အကြီးအကဲ၊ ငါတို့ကိုတရားစီရင်သူအဖြစ် ခန့်ထားသနည်း။ သင်သည် အီဂျစ်အမျိုးသားကိုသတ်သကဲ့သို့ ငါ့ကိုသတ်ရန်ကြံရွယ်သလော”ဟု ပြန်ပြော၏။ ထိုအခါ မောရှေသည် ကြောက်ရွံ့လျက် “အကယ်စင်စစ် ဤအမှုကို သိကြကုန်ပြီတကား”ဟု ဆိုလေ၏။
ကာလအတန်ကြာပြီးနောက် အီဂျစ်ဘုရင်သည်လည်း အနိစ္စရောက်လေ၏။ အစ္စရေးအမျိုးသားတို့သည်လည်း ကျွန်ပြုခံရသောကြောင့် ညည်းတွား၍ အော်ဟစ်ကြ၏။ ထိုသို့ ကျွန်ပြုခံရသောကြောင့် အော်ဟစ်သောသူတို့၏အသံသည် ဘုရားသခင်အထံတော်သို့ ရောက်လေ၏။
သင်တို့သည် ကောင်းသောစားကျက်မြေ၌ ကျက်စားရသည်မှာ မလုံလောက်သေး၍ ကျန်သောစားကျက်မြေကို နင်းချေပစ်ရသလော။ ကြည်လင်သန့်ရှင်းသောရေကို သောက်ရသည်မှာ မလုံလောက်သေး၍ ကျန်သောရေကို နောက်ကျိအောင် မွှေနှောက်ပစ်ရသလော။
သင်တို့နှင့်အတူရှိတော်မူသောထာဝရဘုရားကို သင်တို့ စွန့်ပယ်ကြ၍ ငါတို့သည် အဘယ်ကြောင့် အီဂျစ်ပြည်မှထွက်လာကြသနည်းဟု ထာဝရဘုရားရှေ့တော်၌ ငိုကြွေးလျက်ဆိုကြသောကြောင့် သင်တို့၏နှာခေါင်းမှထွက်၍ သင်တို့ရွံရှာသည်အထိ တစ်လလုံး အသားကို စားရလိမ့်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့နှင့် ရောနှောပါလာသောလူတို့သည် အလိုဆန္ဒပြင်းပြကြ၏။ အစ္စရေးအမျိုးသားတို့လည်း ငိုကြွေးမြည်တမ်းကြပြန်၍ “ငါတို့စားစရာအသားကို မည်သူပေးမည်နည်း။
အီဂျစ်ပြည်၌ အဖိုးအခမပေးဘဲ ငါတို့စားရသော ငါး၊ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ငါတို့အောက်မေ့၏။
သူတို့က “အကျွန်ုပ်တို့အား ကိုယ်တော်စေလွှတ်သောပြည်သို့ အကျွန်ုပ်တို့ရောက်ခဲ့ပါ၏။ အမှန်ပင် နို့နှင့်ပျားရည်စီးသောပြည်ဖြစ်ပါ၏။ ဤအသီးကား ထိုပြည်မှထွက်သောအသီးဖြစ်ပါ၏။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မောရှေနှင့်အာရုန်ကိုအပြစ်တင်လျက် “ငါတို့သည် အီဂျစ်ပြည်၌ သေခဲ့ပါစေလား၊ သို့မဟုတ်လျှင်လည်း ဤတောကန္တာရ၌ သေခဲ့ပါစေလား။
ငါတို့ကို ဓားဖြင့်သေစေရန် ထာဝရဘုရားသည် အဘယ်ကြောင့် ဤပြည်သို့ခေါ်ဆောင်ခဲ့သနည်း။ ငါတို့၏မယားနှင့်ကလေးတို့သည် လုယူဖျက်ဆီးခြင်းခံရကြလိမ့်မည်။ အီဂျစ်ပြည်သို့ပြန်သွားလျှင် ငါတို့အတွက် သာ၍ကောင်းသည်မဟုတ်လော”ဟု ဆိုကြ၏။
ထို့နောက် မောရှေသည် ဧလျာဘ၏သား ဒါသန်နှင့်အဘိရံကို ဆင့်ခေါ်၏။ သို့သော် သူတို့က “ငါတို့မလာ။
သို့သော် သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းသဖြင့် သူ့နောက်မှ သံတမန်ကိုစေလွှတ်၍ ‘အကျွန်ုပ်တို့အပေါ် ဤသူအုပ်ချုပ်မည်ကို အကျွန်ုပ်တို့အလိုမရှိပါ’ဟု လျှောက်ထားစေကြ၏။
ဤသို့ဖြင့် ‘မည်သူသည် သင့်ကို အကြီးအကဲနှင့်တရားသူကြီးအရာ၌ ခန့်ထားသနည်း’ဟု ဆိုလျက် လူတို့ငြင်းပယ်ခဲ့သော ထိုမောရှေကို ဘုရားသခင်သည် ချုံပုတ်ထဲ၌ ထင်ရှားသောကောင်းကင်တမန်အားဖြင့် အကြီးအကဲနှင့်ရွေးနုတ်ကယ်တင်သူအဖြစ် စေလွှတ်တော်မူ၏။