ဘုရားသခင်၏အိမ်တော်ဆက်ကပ်ပွဲတွင် နွားအကောင်တစ်ရာ၊ သိုးထီးအကောင်နှစ်ရာ၊ သိုးသငယ်အကောင်လေးရာနှင့် အစ္စရေးလူမျိုးအပေါင်းတို့အပြစ်ဖြေရာယဇ်အဖို့ အစ္စရေးအမျိုးအနွယ်အရေအတွက်နှင့်အညီ ဆိတ်ထီးတစ်ဆယ့်နှစ်ကောင်တို့ကို ပူဇော်ကြ၏။
တောလည် 15:24 - မြန်မာ့စံမီသမ္မာကျမ်း လူမမြင်ကွယ်ရာတွင် မရည်ရွယ်ဘဲကျူးလွန်မိမည်ဆိုလျှင် လူထုအပေါင်းတို့သည် စီရင်ထုံးဖွဲ့ချက်နှင့်အညီ မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှနွားထီးပျိုတစ်ကောင်ကို မွှေးကြိုင်သောရနံ့အဖြစ် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်အတူ ထာဝရဘုရားအား ပူဇော်ရမည်။ ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။ Common Language Bible မသိမှားယွင်းခြင်းဖြစ်ခဲ့သည်ရှိသော် သူတို့သည် နွားထီးတစ်ကောင်ကိုမီးရှို့ရာ ယဇ်အဖြစ်ပူဇော်ရမည်။ ထိုသကာရနံ့ ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ ထို ယဇ်ကောင်နှင့်အတူဘောဇဉ်သကာနှင့် စပျစ်ရည်သကာတို့ကိုလည်းတွဲဖက် ဆက်သရမည်။ ထို့အပြင်အပြစ်ဖြေရာ ယဇ်အတွက်ဆိတ်ထီးတစ်ကောင်ကို လည်းပူဇော်ရမည်။- Garrad Bible လူ ပ ရိ သတ် မျက် ကွယ်၌ မ တော် တ ဆ ပြု မိ လျှင် ပ ရိ သတ် ဥဿုံ သည် မီး ရှို့ ရာ သ က္ကာ အ ဖြစ်၊ ဆုံး ဖြတ် ချက် အ ရ ဆိုင် ရာ ဘော ဇဉ် သ က္ကာ၊ သွန်း လောင်း ရာ သ က္ကာ နှင့် တ ကွ စိတ် တော် ပြေ ဖွယ် ရ နံ့ ဖြစ် စေ ရန် နွား ပေါက် တစ် ကောင် ကို လည်း ကောင်း၊ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ဆိတ် ထီး တစ် ကောင် ကို လည်း ကောင်း ဆက် ကပ် ကြ စေ။ Judson Bible ပရိသတ်အပေါင်းတို့သည် မသိဘဲသတိလစ်၍ မှားယွင်းခြင်းသို့ရောက်လျှင်၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ၊ ထုံးဖွဲ့သောထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာနှင့်တကွ၊ အသက်ပျိုသောနွားထီးဖြင့် မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာယဇ်ကိုလည်းကောင်း ပူဇော်ရကြမည်။ |
ဘုရားသခင်၏အိမ်တော်ဆက်ကပ်ပွဲတွင် နွားအကောင်တစ်ရာ၊ သိုးထီးအကောင်နှစ်ရာ၊ သိုးသငယ်အကောင်လေးရာနှင့် အစ္စရေးလူမျိုးအပေါင်းတို့အပြစ်ဖြေရာယဇ်အဖို့ အစ္စရေးအမျိုးအနွယ်အရေအတွက်နှင့်အညီ ဆိတ်ထီးတစ်ဆယ့်နှစ်ကောင်တို့ကို ပူဇော်ကြ၏။
ဖမ်းခေါ်သွားခြင်းခံရသောသုံ့ပန်းတို့သည် ပြန်လာ၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။ အစ္စရေးတစ်မျိုးသားလုံးအတွက် နွားထီး တစ်ဆယ့်နှစ်ကောင်၊ သိုးထီး ကိုးဆယ့်ခြောက်ကောင်၊ သိုးသငယ် ခုနစ်ဆယ့်ခုနစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီး တစ်ဆယ့်နှစ်ကောင်တို့ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ်ပူဇော်ကြ၏။
အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်တစ်ကောင်၊ မိတ်သဟာယယဇ်အတွက် တစ်နှစ်သားအရွယ် သိုးသငယ်နှစ်ကောင်ကို ပူဇော်ရမည်။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသောပညတ်တော်ထဲမှ ပညတ်ချက်တစ်ခုခုကို တစ်စုံတစ်ယောက်သည် မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိလျှင်လည်းကောင်း၊
ခေါင်းဆောင်ဖြစ်သူသည် ‘မလုပ်ရ’ဟု မိမိ၏ဘုရားသခင် ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိသဖြင့် သူ့အပေါ် အပြစ်သက်ရောက်၍
သူကျူးလွန်မိသောအပြစ်ကို တစ်စုံတစ်ယောက်က သူ့အား ဖော်ပြလျှင် အပြစ်အနာအဆာကင်းသော ဆိတ်သငယ်အထီးတစ်ကောင်ကို ပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည်။
“တစ်စုံတစ်ယောက်သည် ထာဝရဘုရား၏သန့်ရှင်းသောအရာတစ်စုံတစ်ခုအပေါ် မရည်ရွယ်ဘဲပြစ်မှားခြင်းဖြင့် မှားယွင်းမှုကိုပြုမိလျှင် သူသည် အပြစ်ဒဏ်ဖြေရာယဇ်အတွက် သင်တန်ဖိုးဖြတ်သောငွေရှယ်ကယ်အတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ သိုးအုပ်ထဲမှအပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံယူဆောင်လာရမည်။
သူသည် သင်တန်ဖိုးဖြတ်သည့်အတိုင်း သိုးအုပ်ထဲမှအပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ယဇ်ပုရောဟိတ်ထံ ယူဆောင်လာရမည်။ ထိုသူ မရည်ရွယ်ဘဲမှားခဲ့သည့်အမှားကို သူမသိသော်လည်း ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
မောရှေမှတစ်ဆင့်ထာဝရဘုရားမိန့်မှာတော်မူသမျှသောပညတ်တော်တို့ကို ထာဝရဘုရားမိန့်မှာတော်မူသောနေ့မှစ၍ နောင်လာမည့်သင်တို့၏မျိုးဆက်အစဉ်အဆက်တို့က
အစ္စရေးအမျိုးသားလူထုအပေါင်းတို့နှင့် သူတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားတို့သည် မရည်ရွယ်ဘဲကျူးလွန်မိသည်ဖြစ်၍ သူတို့အားလုံး အပြစ်လွှတ်ခြင်းခံရမည်။
ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် သွန်းလောင်းရာပူဇော်သက္ကာအပြင် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ရမည်။