သင်တို့၏အဦးဆုံးမုန့်ညက်မှအလှူပစ္စည်းကို သင်တို့၏မျိုးဆက်အစဉ်အဆက် ထာဝရဘုရားအား ပေးလှူရမည်။
သင်တို့ဖုတ်သောမုန့်မှဤအထူးလှူဖွယ် ကိုထာဝရဘုရားအား သင်တို့အမျိုး အစဉ်အဆက်ပူဇော်ဆက်သရမည်။
သင် တို့ အ မျိုး အ စဉ် အ ဆက် မုန့် ဆန်း ဦး အ နက် မြှောက် ဆက် ရာ အ လှူ ကို ထာ ဝ ရ ဘု ရား ထံ လှူ ဒါန်း ကြ လော့။
သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ အဦးနယ်သောမုန့်စိမ်းထဲက ချီမြှောက်ရာပူဇော်သကာကို ထာဝရဘုရားအား ဆက်ရကြမည်။
လေဝိအမျိုးတို့သည် ဆယ်ဖို့တစ်ဖို့ကိုလက်ခံသောအခါ အာရုန်အမျိုးအနွယ်ယဇ်ပုရောဟိတ်သည် လေဝိအမျိုးတို့နှင့်အတူရှိရမည်။ လေဝိအမျိုးတို့သည် ဆယ်ဖို့တစ်ဖို့ထဲမှ ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်၏အိမ်တော် သိုလှောင်တိုက်အခန်းများထဲသို့ ယူဆောင်လာရမည်။
သင့်မြေမှထွက်သောအဦးဆုံးသီးနှံထဲမှအကောင်းဆုံးကို သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာရမည်။ ဆိတ်သငယ်ကို မိခင်၏နို့ရည်ဖြင့် မပြုတ်ရ။
ထိုအရာတို့သည် အစ္စရေးအမျိုးသားတို့ထံမှ အာရုန်နှင့်သူ၏သားတို့ အစဉ်အမြဲရရှိရမည့်ဝေစုဖြစ်၏။ အကြောင်းမူကား ထိုအရာတို့သည် အလှူပစ္စည်းဖြစ်၏။ ထိုအလှူပစ္စည်းသည် အစ္စရေးအမျိုးသားတို့၏မိတ်သဟာယယဇ်များမှ ထာဝရဘုရားအား ပေးလှူသောအလှူပစ္စည်းဖြစ်၏။
အကောင်းဆုံးအသီးဦးအမျိုးမျိုးနှင့် အလှူပစ္စည်းအမျိုးမျိုးတို့ကို ယဇ်ပုရောဟိတ်တို့ ပိုင်ရမည်။ သင့်အိမ်သားတို့ ကောင်းချီးမင်္ဂလာခံစားရမည့်အကြောင်း သင်၏အဦးဆုံးမုန့်ညက်ကို ယဇ်ပုရောဟိတ်တို့အား ပေးလှူရမည်။
သင်တို့ပူဇော်မည့်မုန့်ဖြစ်စေ၊ သီးနှံအခြောက်ဖြစ်စေ၊ သီးနှံအစိုဖြစ်စေ သင်တို့၏ဘုရားသခင်ထံသို့ ပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည့်နေ့မရောက်မချင်း မစားရ။ ဤသည်ကား သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
သင်တို့၏အဦးဆုံးမုန့်ညက်ဖြင့်ပြုလုပ်သောမုန့်ဝိုင်းကို အလှူပစ္စည်းအဖြစ် ပေးလှူပူဇော်ရမည်။ ၎င်းကို ကောက်နယ်တလင်းမှအလှူပစ္စည်းကဲ့သို့ ပေးလှူပူဇော်ရမည်။
မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာထားသော ဤပညတ်တော်အလုံးစုံကို သင်တို့မစောင့်ထိန်း၊ မရည်ရွယ်ဘဲကျူးလွန်မိခြင်းတည်းဟူသော
“လေဝိအမျိုးတို့အား ဆင့်ဆိုလော့။ သင်တို့၏အမွေအဖြစ် ငါပေးသော အစ္စရေးအမျိုးသားတို့၏ဆယ်ဖို့တစ်ဖို့ကို သင်တို့ခံယူသောအခါ ထိုဆယ်ဖို့တစ်ဖို့၏ဆယ်ဖို့တစ်ဖို့ကို အလှူပစ္စည်းအဖြစ် ထာဝရဘုရားအား ပေးလှူပူဇော်ရမည်။