သင်တို့၏အဦးဆုံးမုန့်ညက်ဖြင့်ပြုလုပ်သောမုန့်ဝိုင်းကို အလှူပစ္စည်းအဖြစ် ပေးလှူပူဇော်ရမည်။ ၎င်းကို ကောက်နယ်တလင်းမှအလှူပစ္စည်းကဲ့သို့ ပေးလှူပူဇော်ရမည်။
ကောက်သစ်မှရသောမုန့်ညက်ဖြင့်လုပ်သည့် အဦးဆုံးမုန့်ကို ထာဝရဘုရားအား အထူးလှူဖွယ်အဖြစ်ဆက်သရမည်။ ကောက်နယ်တလင်းမှရသောစပါးကို အထူးလှူဖွယ်အဖြစ်ဆက်သသည့်နည်း တူဤမုန့်ကိုဆက်သရမည်။-
မုန့် ဆန်း ဦး အ နက် မြှောက် ဆက် ရာ အ လှူ အ ဖြစ် မုန့် ပေါက် ကို ချီ ယူ လျက် ကောက် နယ် တ လင်း နှင့် ဆိုင် သော မြှောက် ဆက် ရာ လှူ နည်း အ တိုင်း မြှောက် ဆက် ကြ လော့။
အဦးနယ်သောမုန့်စိမ်းဖြင့် လုပ်သောမုန့်ပြားကို ချီမြှောက်ရာပူဇော်သကာပြု၍ ကောက်နယ်တလင်းထဲက ချီမြှောက်ရာပူဇော်သကာကို ပြုသကဲ့သို့ ချီမြှောက်ရမည်။
အဦးဆုံးမုန့်ညက်၊ အလှူပစ္စည်း၊ သစ်သီးအမျိုးမျိုး၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကိုလည်း ဘုရားသခင်၏အိမ်တော်ခန်းရှိ ယဇ်ပုရောဟိတ်ထံသို့ယူဆောင်လာပါမည်။ လေဝိအမျိုးတို့သည် မြို့ရွာတိုင်းမှာ စိုက်ပျိုးသောသီးနှံတို့၏ဆယ်ဖို့တစ်ဖို့ကို ရထိုက်သူများဖြစ်သောကြောင့် မြေထွက်သီးနှံ၏ဆယ်ဖို့တစ်ဖို့ကိုလည်း လေဝိအမျိုးတို့ထံ ယူဆောင်လာပါမည်။
သင့်မြေမှထွက်သောအဦးဆုံးသီးနှံထဲမှအကောင်းဆုံးကို သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာရမည်။ ဆိတ်သငယ်ကို မိခင်၏နို့ရည်ဖြင့် မပြုတ်ရ။
သင့်မြေမှထွက်သော အဦးဆုံးသီးနှံထဲမှအကောင်းဆုံးကို သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာရမည်။ ဆိတ်သငယ်ကို မိခင်၏နို့ဖြင့် မပြုတ်ရ”ဟု မိန့်တော်မူ၏။
အကောင်းဆုံးအသီးဦးအမျိုးမျိုးနှင့် အလှူပစ္စည်းအမျိုးမျိုးတို့ကို ယဇ်ပုရောဟိတ်တို့ ပိုင်ရမည်။ သင့်အိမ်သားတို့ ကောင်းချီးမင်္ဂလာခံစားရမည့်အကြောင်း သင်၏အဦးဆုံးမုန့်ညက်ကို ယဇ်ပုရောဟိတ်တို့အား ပေးလှူရမည်။
သို့သော် ၎င်းတို့ကို အသီးဦးပူဇော်သက္ကာအဖြစ် ထာဝရဘုရားအား ပူဇော်နိုင်၏။ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်၌ မရှို့ရ။
သင်သည် အဦးဆုံးသီးနှံ၏ဘောဇဉ်ပူဇော်သက္ကာကို ထာဝရဘုရားအား ပူဇော်လိုလျှင် အဦးဆုံးသီးနှံကို အနှံလိုက်မီးကင်၍ အစေ့ကိုကြိတ်ပြီး ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့အား ငါပေးသောပြည်သို့ သင်တို့ဝင်ရောက်၍ သီးနှံရိတ်သိမ်းသောအခါ သင်တို့ရိတ်သိမ်းသော အသီးဦးသီးနှံတစ်စည်းကို ယဇ်ပုရောဟိတ်ထံသို့ ယူဆောင်လာရမည်။
ယဇ်ပုရောဟိတ်သည် သိုးသငယ်နှစ်ကောင်ကို အဦးဆုံးသီးနှံ၏မုန့်နှင့်အတူ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။ ထိုအရာတို့သည် ယဇ်ပုရောဟိတ်အတွက် ထာဝရဘုရားရှေ့၌ သန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။
သင်တို့၏အဦးဆုံးမုန့်ညက်မှအလှူပစ္စည်းကို သင်တို့၏မျိုးဆက်အစဉ်အဆက် ထာဝရဘုရားအား ပေးလှူရမည်။
ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ပေးလှူသည့် အကောင်းဆုံးဆီ၊ အကောင်းဆုံးစပျစ်ဝိုင်အသစ်၊ အဦးဆုံးကောက်ပဲသီးနှံစသည်တို့အားလုံးကို သင်တို့အား ငါပေးပြီ။
ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြလော့။ ထိုအခါ ဤအရာအားလုံးတို့ကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။
အသီးဦးအဖြစ်ပူဇော်သောမုန့်ညက်သည် သန့်ရှင်းလျှင် မုန့်ညက်တစ်ပုံလုံးသည်လည်း သန့်ရှင်း၏။ အမြစ်သည် သန့်ရှင်းလျှင် အကိုင်းအခက်များသည်လည်း သန့်ရှင်းကြ၏။
ယခုမူကား ခရစ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့တွင် အသီးဦးဖြစ်တော်မူပြီ။
နှစ်စဉ်နှစ်တိုင်း လယ်ယာမှထွက်သမျှ ကောက်ပဲသီးနှံတို့ကို ဆယ်ဖို့တစ်ဖို့မပျက်မကွက်ပေးရမည်။
သင်၏ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားဦး၊ သိုးသားဦး စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ကိုယ်တော်၏ရှေ့တော်၌ စားရမည်။ ဤသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကြောက်ရွံ့မည့်အကြောင်း သင်ယူခြင်းဖြစ်၏။
သင်သည် သင်၏ကောက်နယ်တလင်းမှ ကောက်ပဲသီးနှံ၊ စပျစ်သီးနယ်ရာကျင်းမှစပျစ်ဝိုင်တို့ကိုသိမ်းပြီးသောအခါ ခုနစ်ရက်ပတ်လုံး ယာယီတဲစုပွဲတော်ကို ကျင်းပရမည်။
ကိုယ်တော်သည် မိမိဖန်ဆင်းတော်မူသောအရာတို့တွင် ငါတို့ကို အသီးဦးသဖွယ်ဖြစ်စေရန် အလိုတော်ရှိသည့်အတိုင်း သမ္မာတရား၏နှုတ်ကပတ်တော်အားဖြင့် ငါတို့ကိုဖြစ်ပွားစေတော်မူ၏။
ထိုသူတို့သည် မိန်းမများအားဖြင့် ညစ်ညူးစေခြင်းမခံခဲ့ရသောသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် လူပျိုစစ်စစ်ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်တော်သွားလေရာသို့လိုက်ပါသောသူများဖြစ်ကြပြီး ဘုရားသခင်နှင့်သိုးသငယ်တော်တို့အတွက် အသီးဦးအဖြစ် လူတို့အထဲမှ ရွေးနုတ်ဝယ်ယူခြင်းခံရသောသူများဖြစ်ကြ၏။