တောလည် 15:20 - Common Language Bible20 ကောက်သစ်မှရသောမုန့်ညက်ဖြင့်လုပ်သည့် အဦးဆုံးမုန့်ကို ထာဝရဘုရားအား အထူးလှူဖွယ်အဖြစ်ဆက်သရမည်။ ကောက်နယ်တလင်းမှရသောစပါးကို အထူးလှူဖွယ်အဖြစ်ဆက်သသည့်နည်း တူဤမုန့်ကိုဆက်သရမည်။- အခန်းကိုကြည့်ပါ။Garrad Bible20 မုန့် ဆန်း ဦး အ နက် မြှောက် ဆက် ရာ အ လှူ အ ဖြစ် မုန့် ပေါက် ကို ချီ ယူ လျက် ကောက် နယ် တ လင်း နှင့် ဆိုင် သော မြှောက် ဆက် ရာ လှူ နည်း အ တိုင်း မြှောက် ဆက် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible20 အဦးနယ်သောမုန့်စိမ်းဖြင့် လုပ်သောမုန့်ပြားကို ချီမြှောက်ရာပူဇော်သကာပြု၍ ကောက်နယ်တလင်းထဲက ချီမြှောက်ရာပူဇော်သကာကို ပြုသကဲ့သို့ ချီမြှောက်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 သင်တို့၏အဦးဆုံးမုန့်ညက်ဖြင့်ပြုလုပ်သောမုန့်ဝိုင်းကို အလှူပစ္စည်းအဖြစ် ပေးလှူပူဇော်ရမည်။ ၎င်းကို ကောက်နယ်တလင်းမှအလှူပစ္စည်းကဲ့သို့ ပေးလှူပူဇော်ရမည်။ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်တို့သည်ကောက်ဦးစပါး အကောင်းဆုံးနှင့်ငါ့အားဆက်သသည့်အခြား ပူဇော်သကာရှိသမျှကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်မုန့်များကိုဖုတ်သည့်အခါ တိုင်းယဇ်ပုရောဟိတ်တို့အားအဦးဆုံးဖုတ် သည့်မုန့်ကိုပူဇော်သကာအဖြစ်ပေးလှူရကြ မည်။ ထိုအခါငါ၏ကောင်းချီးမင်္ဂလာသည် သူတို့၏အိမ်များအပေါ်သို့သက်ရောက် လိမ့်မည်။-
ငါတို့နှစ်စဉ်အဦးအဖျားရိတ်သိမ်းရရှိ သည့်ဂျုံဆန်ဖြင့်ပြုလုပ်ထားသောမုန့်ညက်၊ အခြားပူဇော်သကာများဖြစ်သောစပျစ် ရည်၊ သံလွင်ဆီနှင့်သစ်သီးအမျိုးမျိုးတို့ ကိုဗိမာန်တော်ရှိယဇ်ပုရောဟိတ်များထံ သို့ယူဆောင်ခဲ့ပါမည်။ လယ်လုပ်သည့်ရွာများတွင်ဆယ်ဖို့တစ်ဖို့ အလှူကိုကောက်ခံကြသူလေဝိအနွယ် ဝင်တို့ထံသို့ ငါတို့သည်မိမိတို့လယ်ယာ ထွက်အသီးအနှံဆယ်ပုံတစ်ပုံကိုယူ ဆောင်ခဲ့ပါမည်။-
ထို့နောက်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား ရွေးချယ်ထားတော်မူသောဘုရား ဝတ်ပြုရာတစ်ခုတည်းသောဌာနသို့သွား၍ ထိုဌာနတွင်ကိုယ်တော်၏ရှေ့တော်၌ သင်တို့ ဆယ်ဖို့တစ်ဖို့သီးသန့်ဖယ်ထားသောစပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ နွားနှင့်သိုးတို့၏သား ဦးပေါက်များကိုစားသုံးရကြမည်။ ဤ နည်းအားဖြင့်သင်တို့၏ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရိုသေ ရမည်ဖြစ်ကြောင်းသင်တို့သိနားလည်ကြ လိမ့်မည်။-