ငါသည် အမှန်ပင်အသက်ရှင်သည်ဖြစ်၍ ကမ္ဘာမြေတစ်ခွင်လုံးသည် ထာဝရဘုရား၏ဘုန်းအသရေနှင့်ပြည့်လိမ့်မည်။
ငါသည်အသက်ရှင်၍ငါ၏ဘုန်းအသရေ တော်သည် တစ်ကမ္ဘာလုံးတွင်ပျံ့နှံ့လျက်ရှိ သည်အတိုင်း၊-
သို့ သော် လည်း အိ ဂျစ် ပြည် နှင့် သဲ တော တွင် ငါ စီ ရင် ခဲ့ သော သက် သေ လ က္ခ ဏာ များ နှင့် ငါ့ ဘုန်း တော် ကို မြင် လျက် ပင် ဗျာ ဒိတ် သံ ကို နား မ ထောင် ဘဲ ဆယ် ကြိမ် မြောက် ငါ့ ကို စုံ စမ်း၍ မ ထီ လေး စား ပြု သော သူ တို့ သည် ပေး မည် ဟူ ၍ ဘိုး ဘေး တို့ အား ငါ သစ္စာ ဆို ခဲ့ သော ပြည် ကို မြင် ခွင့် မ ရှိ ရ ဟု ငါ အ သက် တည် သည် ကို လည်း ကောင်း၊ မြေ တစ် ပြင် လုံး နှံ့ ငါ ထာ ဝ ရ ဘု ရား ဘုန်း တော် ပြည့် လျှံ အံ့ သည် ကို လည်း ကောင်း တိုင် တည် လျက် ငါ ဆို ၏။
ငါအသက်ရှင်သည်ဖြစ်၍၊ ထာဝရဘုရား၏ဘုန်းတော်သည် မြေတစ်ပြင်လုံး၌ နှံ့ပြားလိမ့်မည်။
သူတို့သည် အကျွန်ုပ်ခြေလှမ်းမည့်နေရာတွင် ပိုက်ကွန်ကို ဖြန့်ထားကြပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုင်းညွတ်နိမ့်ကျနေပါ၏။ သူတို့သည် အကျွန်ုပ်သွားမည့်လမ်း၌ ထောင်ချောက်တွင်းကို တူးထားပြီး သူတို့ကိုယ်တိုင် ထိုတွင်းထဲသို့ ကျကြပါ၏။(စေလာ)
ကိုယ်တော်၏ဘုန်းကြီးသောနာမတော်သည် အစဉ်အမြဲမင်္ဂလာရှိတော်မူပါစေသော။ ကမ္ဘာမြေတစ်ခွင်လုံးသည် ကိုယ်တော်၏ဘုန်းအသရေတော်နှင့်ပြည့်ပါစေသော။ အာမင်နှင့်အာမင်။
အကယ်စင်စစ် သင့်အား ငါ၏တန်ခိုးကိုပြသရန်နှင့် မြေတစ်ပြင်လုံး၌ ငါ၏နာမကို ကြေညာရန် ငါသည် သင့်ကို တည်နေစေခြင်းဖြစ်၏။
ပတ်ပတ်လည်သို့ မျှော်ကြည့်လော့။ သူတို့အားလုံးသည် စုရုံး၍ သင့်ထံသို့လာကြပြီ။ ထာဝရဘုရားက “ငါအသက်ရှင်သည်နှင့်အညီ သင်သည် သူတို့အားလုံးကို အဆင်တန်ဆာကဲ့သို့ ဝတ်ဆင်လိမ့်မည်။ သတို့သမီးကဲ့သို့ ဆင်မြန်းလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့နောက် သူတို့က “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ ကမ္ဘာမြေတစ်ခွင်လုံးသည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်လျက်နေတော်မူ၏”ဟု တစ်ပါးကိုတစ်ပါး ကြွေးကြော်မြွက်ဆိုကြ၏။
ထာဝရဘုရားက “ငါအသက်ရှင်သည်နှင့်အညီ ယောယကိမ်၏သား ယုဒဘုရင်ခေါနိသည် ငါ့လက်ယာလက်၌ရှိသော တံဆိပ်ဖြစ်ခဲ့လျှင်လည်း သင့်ကို ငါဖယ်ပစ်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဤစကားပုံကို အစ္စရေးပြည်၌ နောက်တစ်ဖန် ပြောဆိုရတော့မည်မဟုတ်’ဟု မိန့်တော်မူ၏။
ငါသည် သင်တို့၏ဘိုးဘေးတို့ကို အီဂျစ်တောကန္တာရတွင် စီရင်ခဲ့သကဲ့သို့ သင်တို့ကို စီရင်မည်’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။
ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မြို့ပျက်များ၌နေသောသူတို့သည် ဓားဖြင့် လဲကျသေဆုံးရလိမ့်မည်။ မြို့ပြင်၌နေသောသူတို့သည် သားရဲတိရစ္ဆာန်၏ဝါးမျိုခြင်းကို ခံရမည်။ ရဲတိုက်များ၊ လိုဏ်ဂူများ၌ခိုလှုံသောသူတို့သည် ကပ်ရောဂါဘေးဖြင့် သေရလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘စင်စစ် သင်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုအပေါင်းတို့သည် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေပြီဖြစ်၍ ငါအသက်ရှင်သည်နှင့်အညီ သင့်ကို မသနား၊ မညှာတာဘဲ သုတ်သင်ပစ်မည်။
အကြောင်းမူကား ပင်လယ်သည် ရေများနှင့် ပြည့်လျှံနေသကဲ့သို့ ကမ္ဘာမြေကြီးသည်လည်း ထာဝရဘုရား၏ဘုန်းအသရေတော်အကြောင်းကို သိကျွမ်းခြင်းနှင့် ပြည့်လိမ့်မည်။
ထို့ကြောင့် ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မောဘပြည်သည် သောဒုံမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အမ္မုန်အမျိုးသားတို့သည် ဂေါမောရမြို့ကဲ့သို့ ဆူးတော၊ ဆားတွင်း၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်လိမ့်မည်။ ကြွင်းကျန်သော ငါ့လူမျိုးတော်တို့သည် သူတို့ကို တိုက်ခိုက်ကြလိမ့်မည်။ အသက်ရှင်ကျန်ရစ်သော ငါ့လူမျိုးတော်တို့သည်လည်း ထိုပြည်တို့ကို ပိုင်ဆိုင်ရကြလိမ့်မည်”ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထို့ကြောင့် သူတို့အား ‘ငါ အသက်ရှင်သည်ဖြစ်၍ ငါကြားသိအောင် သင်တို့ပြောခဲ့သည့်စကားအတိုင်း သင်တို့အား ငါ အမှန်တကယ်ပြုမည်။
နိုင်ငံတော်ပေါ်ထွန်းပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေသော။
ငါ့လက်ကိုကောင်းကင်သို့မြှောက်လျက် “ငါသည် ထာဝရအသက်ရှင်တော်မူသည်နှင့်အညီ