ကိုယ်တော်သည် ကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ သူတို့ဘိုးဘေးတို့အား ကိုယ်တော်ပေးသနားတော်မူသောပြည်သို့ သူတို့ကို ပြန်လည်ပို့ဆောင်တော်မူပါ။
တောလည် 14:19 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏မေတ္တာကရုဏာတော်ကြီးမြတ်သည်နှင့်အမျှ ကိုယ်တော်သည် ဤလူမျိုးကို အီဂျစ်ပြည်ကထွက်သောနေ့မှစ၍ ယခုတိုင်အောင် ခွင့်လွှတ်တော်မူခဲ့သည့်နည်းတူ ဤလူမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူပါ”ဟု လျှောက်ဆိုလေ၏။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်သည်ဤသူ တို့အီဂျစ်ပြည်မှထွက်ခွာလာချိန်မှ ယနေ့ အထိသူတို့ကူးလွန်ခဲ့သောအပြစ်များ ကိုဖြေလွှတ်တော်မူခဲ့သည့်နည်းတူ ကိုယ်တော် ၏ကြီးမားသောမေတ္တာကရုဏာတော်နှင့် အညီ ယခုလည်းသူတို့ပြုမိသောအပြစ် များကိုဖြေလွှတ်တော်မူရန်အကျွန်ုပ် တောင်းလျှောက်ပါ၏'' ဟုဆုတောင်းလေ သည်။ Garrad Bible မ ဟာ က ရု ဏာ တော် အ တိုင်း အိ ဂျစ် ပြည် မှ ထွက် သည် က စ၍ ယ ခု တိုင် အောင်၊ ဤ လူ မျိုး၏ ဒု စ ရိုက် ကို ဖြေ လွှတ် တော် မူ ခဲ့ သည့် နှင့် အ ညီ ချမ်း သာ ပေး တော် မူ ပါ ဦး ဟု တောင်း လျှောက် သော်၊ Judson Bible အဲဂုတ္တုပြည်ကထွက်သောနေ့မှစ၍ ယခုတိုင်အောင် ဤလူမျိုး၏အပြစ်ကို လွှတ်တော်မူသည်နည်းတူ ကရုဏာတော်များပြားသည်နှင့်အညီ ယခုလည်း လွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆိုလျှင်၊ |
ကိုယ်တော်သည် ကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ သူတို့ဘိုးဘေးတို့အား ကိုယ်တော်ပေးသနားတော်မူသောပြည်သို့ သူတို့ကို ပြန်လည်ပို့ဆောင်တော်မူပါ။
ထိုအခါ သူတို့အတွက် မိမိ၏ပဋိညာဉ်တော်ကို သတိရလျက် မိမိ၏ကြီးမားသော မေတ္တာကရုဏာတော်နှင့်အညီ စိတ်တော်ပြောင်းလဲ၍
သို့သော် သနားစုံမက်တတ်သောကိုယ်တော်သည် သူတို့ကိုမဖျက်ဆီးဘဲ သူတို့၏ဒုစရိုက်ကိုဖြေလွှတ်တော်မူ၏။ မိမိ၏အမျက်တော်ကိုလည်း အကြိမ်ကြိမ်ချုပ်တည်း၍ မိမိ၏အမျက်ဒေါသကို အကုန်အစင်နှိုးဆော်တော်မမူခဲ့ပေ။
ကိုယ်တော်သည် မိမိလူမျိုးတော်၏ဒုစရိုက်ကို ခွင့်လွှတ်၍ သူတို့၏အပြစ်ရှိသမျှတို့ကို ဖုံးအုပ်တော်မူပြီ။(စေလာ)
သို့သော် သူတို့၏အပြစ်ကိုခွင့်လွှတ်လျှင်လည်း ခွင့်လွှတ်တော်မူပါ။ ထိုသို့မဟုတ်လျှင် ကိုယ်တော်ရေးမှတ်ထားသောစာရင်းမှ အကျွန်ုပ်ကိုပယ်ဖျက်တော်မူပါ”ဟု လျှောက်လေ၏။
ထာဝရဘုရားက မောရှေအား “သင်လျှောက်သော ဤစကားအတိုင်း ငါပြုမည်။ အကြောင်းမူကား သင်သည် ငါ့ရှေ့၌မျက်နှာရ၍ ငါသည် သင့်ကိုအမည်နှင့်တကွသိ၏”ဟု မိန့်တော်မူ၏။
“အို ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရလျှင် အကျွန်ုပ်တို့နှင့်အတူ ဘုရားရှင်ကြွတော်မူပါ။ အကယ်စင်စစ် ဤသူတို့သည် ခေါင်းမာသောလူမျိုးဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်တို့ကို ဖြေလွှတ်လျက် အကျွန်ုပ်တို့ကို အမွေတော်အဖြစ်သိမ်းယူတော်မူပါ”ဟု လျှောက်လေ၏။
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။
အို ဘုရားရှင်၊ နားညောင်းတော်မူပါ။ အို ဘုရားရှင်၊ ခွင့်လွှတ်တော်မူပါ။ အို ဘုရားရှင်၊ အာရုံစိုက်၍ ပြုပေးတော်မူပါ။ နှောင့်နှေးတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ အလျင်အမြန်ပြုတော်မူပါ။ ဤမြို့၊ ဤလူမျိုးသည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကို ခံရကြပါ၏”ဟု ဆုတောင်းလေ၏။
နှံကောင်တို့သည် မြေပေါ်ရှိအပင်များကို စားပြီးနောက် ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ယခု ခွင့်လွှတ်တော်မူပါ။ ယာကုပ်သည် နုနယ်သေးသည်ဖြစ်၍ မည်သို့ ခံနိုင်ပါမည်နည်း”ဟု လျှောက်ဆို၏။
ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ထိုသို့ မပြုပါနှင့်။ ယာကုပ်သည် နုနယ်သေးသည်ဖြစ်၍ မည်သို့ခံနိုင်ပါမည်နည်း”ဟု လျှောက်ဆို၏။
သူတို့ပြုကျင့်သည့်မကောင်းသောလမ်းမှပြန်လှည့်လာကြကြောင်း သူတို့၏အပြုအမူများကို ဘုရားသခင် မြင်သောအခါ စိတ်တော်ပြောင်းလဲ၍ သူတို့အပေါ်ဘေးဆိုးကျရောက်စေမည်ဟု မိန့်တော်မူခဲ့သည်ကို ပြန်ရုပ်သိမ်းတော်မူ၏။
ထာဝရဘုရားထံ “အို ထာဝရဘုရား၊ အကျွန်ုပ်၏နေရင်းပြည်၌ရှိစဉ်က ဤသို့ဖြစ်မည်ဟု အကျွန်ုပ်ပြောခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ကျွန်ုပ်လည်း တာရှုပြည်သို့ အမြန်ထွက်ပြေးခဲ့ပါ၏။ စင်စစ် ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား ဖြစ်တော်မူ၍ ဘေးဆိုးကျရောက်စေမည့်အမှုမှ စိတ်တော်ပြောင်းလဲတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။
ကိုယ်တော်နှင့်တူသောဘုရားရှိပါသလော။ ကိုယ်တော်သည် အပြစ်လွှတ်တော်မူသောဘုရား၊ ကြွင်းကျန်သောအမွေတော်တို့ကျူးလွန်သောအပြစ်ကို ခွင့်လွှတ်တော်မူသောဘုရား၊ အမျက်တော်ကိုသိုမထား မေတ္တာကရုဏာအစဉ်ပြတော်မူသောဘုရား ဖြစ်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော့်အကြောင်းကိုကြားရ၍ အကျွန်ုပ်ကြောက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုများကို အကျွန်ုပ်တို့ခေတ်ကာလတွင် ထပ်မံပြုတော်မူပါ။ အကျွန်ုပ်တို့ခေတ်ကာလတွင် ထင်ရှားစေတော်မူပါ။ အမျက်ထွက်သော်လည်း ကရုဏာတော်ကို ပြန်လည်အောက်မေ့တော်မူပါ။
ယာကုပ်အမျိုး၌ အမင်္ဂလာကိုမမြင်။ အစ္စရေးလူမျိုး၌ အခက်အခဲပြဿနာကိုမတွေ့။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ၏။ သူ့ထံ၌ ရှင်ဘုရင်၏ဝမ်းမြောက်စွာကြွေးကြော်သံကိုကြားရ၏။
ယုံကြည်ခြင်းဖြင့်တောင်းလျှောက်သောဆုပတ္ထနာသည် လူနာကိုကျန်းမာစေ၍ သခင်ဘုရားသည် သူ့ကိုထူမတော်မူလိမ့်မည်။ သူသည် အပြစ်ကိုပြုမိခဲ့လျှင်လည်း သူ့ကိုခွင့်လွှတ်တော်မူလိမ့်မည်။