အစ္စရေးအမျိုးသားတို့သည် သိနာတောကန္တာရမှ ခရီးထွက်ခွာလာကြ၏။ မိုးတိမ်သည် ပါရန်တောကန္တာရ၌ ရပ်တန့်လေ၏။
တောလည် 13:3 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေသည် အစ္စရေးအမျိုးသားတို့၏အကြီးအမှူးများကို ပါရန်တောကန္တာရမှ စေလွှတ်၏။ Common Language Bible မောရှေသည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း အောက်ဖော်ပြပါခေါင်းဆောင်တို့ကို ပါရန်တောကန္တာရမှစေလွှတ်လိုက်လေသည်။ အနွယ် ခေါင်းဆောင် ရုဗင် ဇက္ကုရ၏သားရှမွာ ရှိမောင် ဟောရိ၏သားရှာဖတ် ယုဒ ယေဖုန္နာ၏သားကာလက် ဣသခါ ယောသပ်၏သားဣဂါလ ဧဖရိမ် နုန်၏သားသြရှေ ဗင်္ယာမိန် ရာဖု၏သားပါတလိ ဇာဗုလုန် သောဒိ၏သားဂါဒျေလ မနာရှေ သုသိ၏သားဂဒ္ဒိ ဒန် ဂေမလ္လိ၏သားအမျေလ အာရှာ မိက္ခေလ၏သားသေသုရ နဿလိ ဝါဖသိ၏သားနာဘိ ဂဒ် မာခိ၏သားဂွေလ Garrad Bible ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း မော ရှေ သည်၊ ဣ သ ရေ လ အ မျိုး သား တို့ တွင် အ အုပ် အ ချုပ် ဖြစ် သူ တို့ ကို ပါ ရန် တော မှ စေ လွှတ် လိုက် ၏။ Judson Bible ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ၏။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး၌ အကဲအမှူးဖြစ်ကြ၏။ |
အစ္စရေးအမျိုးသားတို့သည် သိနာတောကန္တာရမှ ခရီးထွက်ခွာလာကြ၏။ မိုးတိမ်သည် ပါရန်တောကန္တာရ၌ ရပ်တန့်လေ၏။
ထို့နောက်မှ လူတို့သည် ဟာဇရုတ်အရပ်မှ ခရီးပြု၍ ပါရန်တောကန္တာရတွင် စခန်းချကြ၏။
“အစ္စရေးအမျိုးသားတို့အား ငါပေးမည့် ခါနာန်ပြည်ကိုစူးစမ်းရန် ဘိုးဘေးတို့၏အမျိုးအနွယ်အသီးသီးမှ ခေါင်းဆောင်တစ်ဦးစီကို စေလွှတ်လော့”ဟု မိန့်တော်မူ၏။
သူတို့ပြန်လာကြ၍ ကာဒေရှအရပ်၊ ပါရန်တောကန္တာရရှိ မောရှေ၊ အာရုန်နှင့် အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထံသို့ ရောက်ကြသောအခါ မောရှေ၊ အာရုန်နှင့် လူထုအပေါင်းတို့ထံ အစီရင်ခံ၍ ထိုပြည်မှယူလာသောအသီးကိုပြကြ၏။
ထိုပြည်ကိုကြည့်ရှုရန် သင်တို့၏ဖခင်တို့ကို ကာဒေရှဗာနာအရပ်မှ ငါစေလွှတ်သောအခါ သူတို့သည်လည်း ဤသို့ပြုခဲ့ကြ၏။
“သင်တို့အတွက် အမွေမြေကို ခွဲဝေပေးမည့်သူတို့၏အမည်မှာ ယဇ်ပုရောဟိတ်ဧလာဇာနှင့် နုန်၏သားယောရှု ဖြစ်၏။
ထိုမှ ငါတို့သည် ငါတို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဟောရပ်တောင်မှ ခရီးပြု၍ အာမောရိတောင်ပေါ်ဒေသလမ်းတစ်လျှောက်ရှိ သင်တို့မြင်ရသည့် ကြောက်မက်ဖွယ်တောကန္တာရကြီးကိုဖြတ်ကာ ကာဒေရှဗာနာအရပ်သို့ ရောက်ကြ၏။
ငါသည် ထိုစကားကိုနှစ်သက်သဘောကျသဖြင့် သင်တို့ထဲမှ မျိုးနွယ်တစ်နွယ်လျှင် တစ်ယောက်ကျ လူတစ်ဆယ့်နှစ်ယောက်ကို ရွေးယူ၏။
ထာဝရဘုရားသည် သင်တို့ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်၍ ‘သင်တို့အား ငါပေးသောပြည်ကို သွား၍သိမ်းပိုက်လော့’ဟု မိန့်တော်မူသောအခါ၌လည်း သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်ကြ၏။ သင်တို့သည် ကိုယ်တော်ကိုမယုံ၊ ကိုယ်တော်၏စကားတော်ကိုလည်းနားမထောင်ကြ။
ရှမွေလ ကွယ်လွန်သောအခါ အစ္စရေးလူမျိုးအားလုံး စုရုံး၍ သူ့အတွက် ငိုကြွေးမြည်တမ်းကြ၏။ ထို့နောက် ရာမမြို့ရှိ သူ့အိမ်တွင် သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည်လည်း ထ၍ ပါရန်တောကန္တာရသို့ ဆင်းသွား၏။