ထိုပြည်သည် မည်သို့သောပြည်ဖြစ်သနည်း၊ ထိုပြည်၌နေထိုင်သောလူမျိုးတို့သည် နည်းသလော၊ များသလော၊ အားကြီးသလော၊ အားနည်းသလော၊
ထိုပြည်သည်မည်ကဲ့သို့သောပြည်ဖြစ်သည်၊ လူဦးရေမည်မျှရှိသည်၊ အင်အားမည်မျှ တောင့်တင်းသည်ကိုစုံစမ်းထောက်လှမ်းလော့။-
ပြည် သူ ပြည် သား တို့ အား ကြီး သည် အား နည်း သည် ကို လည်း ကောင်း၊ နည်း သည် များ သည် ကို လည်း ကောင်း၊
ထိုပြည်သည် အဘယ်သို့သောပြည် ဖြစ်သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အားနည်းသလော။ များသလော၊ နည်းသလော။
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။
ကောင်းသောစားကျက်မြေတွင် သူတို့ကို ကျွေးမွေးမည်။ မြင့်မားသောအစ္စရေးတောင်တန်းများသည် သူတို့ကျက်စားရာနေရာဖြစ်လိမ့်မည်။ ကောင်းသောစားကျက်မြေတွင်နေရ၍ စိမ်းလန်းသောကျက်စားရာ အစ္စရေးတောင်တန်းများပေါ်တွင် သူတို့ကျက်စားရကြလိမ့်မည်’ဟု မိန့်တော်မူ၏။
မောရှေက ခါနာန်ပြည်ကိုစူးစမ်းရန် စေလွှတ်သောသူတို့အား “သင်တို့သည် ဤနေဂေ့အရပ်မှဖြတ်၍ တောင်ပေါ်ဒေသသို့ တက်သွားရမည်။
သူတို့နေထိုင်သောပြည်သည် ကောင်းသလော၊ ဆိုးသလော။ သူတို့နေထိုင်သောမြို့တို့သည် တပ်စခန်းဖြင့်လော၊ ခိုင်ခံ့သောမြို့လော။