Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 13:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 မောရှေ​က ခါနာန်​ပြည်​ကို​စူးစမ်း​ရန် စေလွှတ်​သော​သူ​တို့​အား “​သင်​တို့​သည် ဤ​နေဂေ့​အရပ်​မှ​ဖြတ်​၍ တောင်ပေါ်ဒေသ​သို့ တက်သွား​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 မော​ရှေ​သည်​သူ​တို့​ကို​မ​စေ​လွှတ်​မီ``သင်​တို့ သည်​ဤ​အ​ရပ်​မှ​မြောက်​ဘက်​သို့​သွား​၍ ခါ​နာန် ပြည်​တောင်​ပိုင်း​သို့​ဝင်​ပြီး​လျှင်​တောင်​ကုန်း ဒေ​သ​ပေါ်​သို့​တက်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ခါ နာန် ပြည် ကို စူး စမ်း ရန် မော ရှေ စေ လွှတ် အ မိန့် ရှိ သည် မှာ နေ ဂပ် ခေါ် တောင် တန်း သို့ တက် သွား ပြီး လျှင် တိုင်း ပြည် အ ခြင်း အ ရာ မှ စ ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ခါ​နာန်​ပြည်​ကို စူး​စမ်း​စေ​ခြင်း​ငှာ မော​ရှေ​စေ​လွှတ်​လျက်၊ သင်​တို့​သည် တောင်​မျက်​နှာ​လမ်း​ဖြင့်​သွား၍ တောင်​ရိုး​ပေါ်​သို့​တက်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 13:17
16 ပူးပေါင်းရင်းမြစ်များ  

တစ်ဖန် အာဗြံ​သည် ထိုမှ​ထွက်ခွာ​လာ​၍ နေဂေ့​အရပ်​သို့ ဆက်၍​ခရီးပြု​လေ​၏​။


အာဗြံ​သည် သူ​၏​မယား​၊ သူ​ပိုင်ဆိုင်​သော​အရာ​အားလုံး​နှင့်တကွ လောတ​ပါ​လျက် အီဂျစ်​ပြည်​မှ​ထွက်​၍ နေဂေ့​အရပ်​သို့ သွား​လေ​၏​။


ထ​လော့​၊ ဤ​မြေ​ကို အလျား​တစ်လျှောက်​၊ အနံ​တစ်လျှောက် လျှောက်သွား​လော့​။ ထို​မြေ​ကို သင့်​အား ငါ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​သည် နေဂေ့​အရပ်​မှ ဗေသလ​မြို့​သို့ ခရီး​ဆက်သွား​၍ ဗေသလ​မြို့​နှင့်​အာဣ​မြို့​ကြား​၊ ယခင်​က သူ​တဲ​ဆောက်​ခဲ့​ရာ​အရပ်​၊


စိဒ္ဒိမ်​ချိုင့်ဝှမ်း​၌ ကတ္တရာစေး​တွင်း​ပေါများ​သဖြင့် သောဒုံ​ဘုရင်​နှင့်​ဂေါမောရ​ဘုရင်​တို့​သည်​ထွက်ပြေး​ကြ​သောအခါ ထို​တွင်း​များ​ထဲသို့​ကျ​လေ​၏​။ ကျန်​သော​သူ​တို့​သည် တောင်​ပေါ်သို့​ထွက်ပြေး​ကြ​၏​။


ထို​ပြည်​သည် မည်သို့သော​ပြည်​ဖြစ်​သနည်း​၊ ထို​ပြည်​၌​နေထိုင်​သော​လူမျိုး​တို့​သည် နည်း​သလော​၊ များ​သလော​၊ အားကြီး​သလော​၊ အားနည်း​သလော​၊


အာမလက်​လူမျိုး​တို့​သည် နေဂေ့​အရပ်​၌ နေထိုင်​ကြ​၏​။ ဟိတ္တိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​နှင့် အာမောရိ​လူမျိုး​တို့​သည် တောင်ပေါ်ဒေသ​၌ နေထိုင်​ကြ​၏​။ ခါနာန်​လူမျိုး​တို့​သည် ပင်လယ်​ကမ်းနားဒေသ​နှင့်​ဂျော်ဒန်​မြစ်​ကမ်းနား​တစ်လျှောက်​တွင် နေထိုင်​ကြ​၏​”​ဟု ဆို​ကြ​၏​။


ထို့နောက် သူ​တို့​သည် နံနက်​စောစောထ​၍ တောင်​ထိပ်​သို့​တက်သွား​ပြီးလျှင် “​အကျွန်ုပ်​တို့​သည် ထာဝရဘုရား​မိန့်​တော်မူ​သော​နေရာ​သို့​သွား​ပါ​မည်​။ အကြောင်းမှာ အကျွန်ုပ်​တို့​သည် ပြစ်မှား​မိ​ကြ​ပါ​ပြီ​”​ဟု ဆို​ကြ​၏​။


ထို​တောင်ပေါ်ဒေသ​၌​နေထိုင်​ကြ​သော​အာမောရိ​လူမျိုး​တို့​သည် သင်​တို့​ကို​တိုက်ခိုက်​ရန် ထွက်လာ​ကြ​ပြီး ပျား​များ​လိုက်​သကဲ့သို့ သင်​တို့​ကို​လိုက်​၍ စိရ​အရပ်​မှ ဟောမာ​အရပ်​တိုင်အောင် သင်​တို့​ကို လိုက်လံချေမှုန်း​ကြ​၏​။


ယောရှု​သည် တောင်ပေါ်ဒေသ​၊ နေဂေ့​အရပ်​၊ မြေနိမ့်ဒေသ​၊ တောင်စောင်း​တစ်လျှောက် စသည့် ထို​နယ်မြေ​တစ်ခွင်လုံး​နှင့် ရှင်ဘုရင်​အပေါင်း​တို့​ကို လုပ်ကြံ​လေ​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား မိန့်မှာ​တော်မူ​သည့်​အတိုင်း သက်ရှိ​ဟူသမျှ​ကို သတ်ဖြတ်​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ​တစ်ယောက်​မျှ​မ​ရှိ​။


အကရဗ္ဗိမ်​တောင်ကုန်း​ရှိ​ရာ​တောင်ဘက်​သို့ ကွေ့သွား​ပြီး ဇိန​တော​ကို​ဖြတ်သွား​ကာ ကာဒေရှဗာနာ​တောင်ဘက်​သို့ တက်သွား​၏​။ ထိုမှ ဟေဇရုန်​အရပ်​ကို​ကျော်​၍ အာဒါ​အရပ်​သို့ တက်သွား​ပြီး ကာကာ​အရပ်​သို့​ရောက်​၏​။


နုန်​၏​သား​ယောရှု​သည် သူလျှို​နှစ်ဦး​ကို ရှိတ္တိမ်​အရပ်​မှ တိတ်တဆိတ်​စေလွှတ်​၍ “​ခါနာန်​ပြည်​၊ ဂျေရိခေါ​မြို့​ကို သွား​၍​စူးစမ်း​ကြ​လော့​”​ဟု မှာလိုက်​၏​။ သူ​တို့​လည်း သွား​၍ ရာခပ်​အမည်​ရှိ​သော​ပြည့်တန်ဆာမ​၏​အိမ်​သို့​ဝင်​၍ ညအိပ်​ကြ​၏​။


သူ​က​လည်း “​လက်ဖွဲ့​တစ်​ခု တောင်း​ပါရစေ​။ ကျွန်မ​အား နေဂေ့​အရပ်​မှ​မြေ​ကို အဖေ​ပေး​ပြီ​။ စမ်းရေတွင်း​ကို​လည်း ပေး​ပါဦးလော့​”​ဟု ဆို​၏​။ ထို့ကြောင့် ကာလက်​သည် သူ​၏​သမီး​အား အထက်​စမ်းရေတွင်း​နှင့် အောက်​စမ်းရေတွင်း​တို့​ကို ပေး​လေ​၏​။


ထာဝရဘုရား​သည် ယုဒ​အမျိုး​တို့​နှင့်အတူ ပါရှိ​တော်မူ​သဖြင့် သူ​တို့​သည် တောင်ပေါ်ဒေသ​တို့​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။ ချိုင့်ဝှမ်းဒေသ​၌​နေထိုင်​သော​သူ​တို့​မူကား သံ​စစ်ရထား​များ​ပိုင်ဆိုင်​သောကြောင့် ထို​သူ​တို့​ကို မ​နှင်ထုတ်​နိုင်​ခဲ့​ပေ​။


ထို့နောက် ယုဒ​အမျိုးသား​တို့​သည် တောင်ပေါ်ဒေသ​၊ နေဂေ့​အရပ်​၊ မြေနိမ့်ဒေသ စသည်​တို့​၌ နေထိုင်​သော ခါနာန်​လူမျိုး​တို့​ကို သွား​၍​တိုက်ခိုက်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ