သိုးအုပ်၊ နွားအုပ်တို့ကိုသတ်လျှင်လည်း သူတို့အတွက် လုံလောက်ပါမည်လော။ ပင်လယ်ငါးရှိသမျှတို့ကို စုဝေးစေလျှင်လည်း သူတို့အတွက် လုံလောက်ပါမည်လော”ဟု လျှောက်ဆိုလေ၏။
သူတို့ဝလင်စွာစားနိုင်ရန်သိုးနွားဆိတ် အလုံအလောက်ရနိုင်ပါမည်လော။ သူတို့ အတွက်ပင်လယ်မှငါးအလုံအလောက် ရနိုင်ပါမည်လော'' ဟုလျှောက်ထားလေ၏။
ချင် ရဲ ပြေ စေ ရန် နွား၊ သိုး၊ ဆိတ် အုပ် များ ကို သတ် ရ မည် လော။ သ မု ဒ္ဒ ရာ ရှိ သ မျှ ငါး များ ကို ကျုံး ယူ ရ မည် လော ဟု ပြန် လျှောက် လျှင်၊
သူတို့ကိုဝစွာကျွေးခြင်းငှာ၊ သိုးဆိတ်နွားစုတို့ကို သတ်ရပါမည်လော။ သို့မဟုတ် ဝစွာကျွေးခြင်းငှာ၊ ပင်လယ်ငါးရှိသမျှတို့ကို စုဝေးရပါမည်လောဟု လျှောက်လျှင်၊
ထိုအခါ ဘုရင့်လက်ရုံးဖြစ်သူ တပ်မှူးက ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောလေ၏။
သူတို့က အကျွန်ုပ်အား ‘ငါတို့စားဖို့အသားကို ပေးပါ’ဟု ဆိုလျက် ငိုကြွေးကြသည်ဖြစ်၍ အကျွန်ုပ်သည် ဤလူအပေါင်းတို့ကိုပေးဖို့ အသားကို အဘယ်က ရနိုင်ပါမည်နည်း။
မောရှေကလည်း “အကျွန်ုပ်နှင့်အတူ လိုက်ပါလာသောလူတို့တွင် ခြေကျင်လျှောက်သောယောက်ျား ခြောက်သိန်းရှိပါ၏။ ကိုယ်တော်က ‘ငါသည် သူတို့အား အသားကိုပေး၍ သူတို့သည် တစ်လလုံးစားရလိမ့်မည်’ဟု မိန့်တော်မူပါသည်တကား။
ထိုအခါ ထာဝရဘုရားက မောရှေအား “ငါထာဝရဘုရား၏လက်သည် တိုသလော။ ငါ၏စကားတည်သည်၊ မတည်သည်ကို ယခု သင်သိမြင်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့သည် ဤမျှလောက်များပြားသောလူထုပရိသတ်အား ဝလင်စွာကျွေးနိုင်လောက်သည့် များစွာသောမုန့်ကို ဤတောကန္တာရ၌ အဘယ်ကရနိုင်ပါမည်နည်း”ဟု လျှောက်ကြ၏။
သို့သော် ကိုယ်တော်က“သင်တို့ကိုယ်တိုင် သူတို့အား စားစရာပေးကြလော့”ဟု ပြန်၍မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့သည် ဒေနာရိနှစ်ရာဖြင့် မုန့်များသွားဝယ်၍ သူတို့စားရန် ပေးရပါမည်လော”ဟု ပြန်လျှောက်ကြ၏။
တပည့်တော်တို့ကလည်း “ဤတောကန္တာရ၌ မည်သူသည် အဘယ်ကမုန့်ကိုယူ၍ ဤသူတို့အား ဝလင်စွာကျွေးနိုင်ပါမည်နည်း”ဟု ပြန်လျှောက်ကြ၏။
ဇာခရိကလည်း “အကျွန်ုပ်သည် အိုမင်းသူဖြစ်ပြီး အကျွန်ုပ်၏ဇနီးသည်လည်း အသက်ကြီးရင့်နေပါသဖြင့် ဤသို့ဖြစ်မည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု ကောင်းကင်တမန်အား ပြန်ပြောလေ၏။
မာရိကလည်း “ကျွန်မသည် ယောက်ျားနှင့်ဆက်ဆံခြင်းမရှိသည်ဖြစ်၍ ဤအမှုအရာသည် မည်သို့ဖြစ်လိမ့်မည်နည်း”ဟု ကောင်းကင်တမန်အား မေးလေ၏။
“ဤနေရာတွင် မုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော် ဤမျှလောက်များပြားသောသူတို့အတွက် ထိုမုန့်နှင့်ငါးတို့သည် မည်သို့အကျိုးထူးမည်နည်း”ဟု လျှောက်လေ၏။