ဤသူတို့ကား ထာဝရဘုရား၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်ရန် လေဝိသားမြေးတို့ကို သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အသက်နှစ်ဆယ်နှင့်အထက်ရှိသူများအား စာရင်းကောက်ယူရာတွင် နာမည်နှင့်တကွစာရင်းဝင်သောအကြီးအမှူးများ ဖြစ်ကြ၏။
တောလည် 10:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိန်းဝပ်တော်မူရာတဲတော်ကို ဖြုတ်သိမ်းကြပြီး ဂေရရှုန်၏သားမြေး၊ မေရာရိ၏သားမြေးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို သယ်ဆောင်ကာ ခရီးပြုကြ၏။ Common Language Bible ထိုနောက်တဲတော်ကိုဖြုတ်ချ၍ဂေရရှုန် သားချင်းစုနှင့် မေရာရိသားချင်းစုတို့ သည်တဲတော်ကိုထမ်းလျက်ချီတက်ရသည်။ Garrad Bible ဂေ ရ ရှုံ့ သား၊ မေ ရာ ရိ သား တို့ သည် ဖြုတ် ချ ပြီး စံ ရာ တော် ကို ထမ်း ဆောင် ချီ သွား ကြ ပြီး နောက်၊ Judson Bible တဲတော်ကိုဖြုတ်ချ၍ ဂေရရှုန်သား၊ မေရာရိသားတို့သည် တဲတော်ကိုထမ်းလျက် ချီသွားကြ၏။ |
ဤသူတို့ကား ထာဝရဘုရား၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်ရန် လေဝိသားမြေးတို့ကို သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အသက်နှစ်ဆယ်နှင့်အထက်ရှိသူများအား စာရင်းကောက်ယူရာတွင် နာမည်နှင့်တကွစာရင်းဝင်သောအကြီးအမှူးများ ဖြစ်ကြ၏။
ရွှေ့ပြောင်းသောအခါ လေဝိအမျိုးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို ဖြုတ်သိမ်းရမည်။ စခန်းချသောအခါ လေဝိအမျိုးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို စိုက်ထူရမည်။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်။
ထို့နောက် ကောဟတ်အမျိုးတို့သည် သန့်ရှင်းရာဌာနနှင့်ဆိုင်သောအရာတို့ကို သယ်ဆောင်၍ခရီးပြုကြ၏။ သူတို့မရောက်မီ ကိန်းဝပ်တော်မူရာတဲတော်ကို တည်နှင့်ပြီဖြစ်၏။
ထို့ကြောင့် ငါတို့သည် မတုန်လှုပ်နိုင်သောနိုင်ငံတော်ကိုရရှိသည်ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြစို့။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းလျက် ကြည်ညိုခြင်းနှင့်ရိုသေခန့်ညားခြင်းတို့ဖြင့် ဘုရားသခင်နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကြကုန်စို့။
သို့သော် ခရစ်တော်သည် ရောက်ရှိလာပြီးဖြစ်သည့် ကောင်းသောအရာများနှင့်ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ်ကြွလာတော်မူ၍ လူ့လက်ဖြင့်တည်ဆောက်သည်မဟုတ်၊ တစ်နည်းဆိုသော် ဤဖန်ဆင်းခံလောကမှမဟုတ်သော ပို၍ကြီးမြတ်ပြီး ပို၍စုံလင်သည့်တဲတော်မှတစ်ဆင့်
အဘယ်ကြောင့်ဆိုသော် ငါတို့သခင်ယေရှုခရစ်တော်သည်လည်း ငါ့အားဖော်ပြတော်မူသည့်အတိုင်း ငါ၏ခန္ဓာတဲကို မကြာမီချွတ်ပယ်ရမည်ဖြစ်ကြောင်း ငါသိ၏။