ထာဝရဘုရားသည် ဩဇကို အမျက်ထွက်တော်မူ၏။ သူပြုမိသောအမှားကြောင့် ဘုရားသခင်သည် သူ့ကို ထိုနေရာတွင်ပင် ဒဏ်ခတ်တော်မူရာ သူသည် ဘုရားသခင်၏သေတ္တာတော်နားတွင် သေလေ၏။
တောလည် 1:51 - မြန်မာ့စံမီသမ္မာကျမ်း ရွှေ့ပြောင်းသောအခါ လေဝိအမျိုးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို ဖြုတ်သိမ်းရမည်။ စခန်းချသောအခါ လေဝိအမျိုးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို စိုက်ထူရမည်။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်။ Common Language Bible သင်တို့သည်စခန်းပြောင်းရွှေ့သည့်အခါတိုင်းလေဝိအမျိုးသားတို့က တဲတော်ကိုသိမ်း၍စခန်းသစ်ချရာ၌တဲတော်ကိုပြန်ထူရမည်။ လေဝိအမျိုးသားတို့မှလွဲ၍ အခြားသူတစ်ဦးသည် တဲတော်အနီးသို့ချဉ်းကပ်လျှင် ထိုသူအားသေဒဏ်စီရင်ရမည်။- Garrad Bible စံ ရာ တော် ကို ပင့် ဆောင် ရာ၌ လေ ဝိ အ နွယ် သား တို့ သာ ချ ခြင်း၊ စိုက် ရာ၌ လည်း လေ ဝိ အ နွယ် သား တို့ သာ ထူ ခြင်း ပြု ကြ ရ မည်။ မ ဆိုင် သူ ချဉ်း ကပ် မိ သော် ကား သေ ဒဏ် ခံ စေ။ Judson Bible တဲတော်ကို ယူသွားချိန်ရောက်သောအခါ၊ လေဝိသားတို့သည်ရုပ်သိမ်းရမည်။ နေရာချချိန်ရောက်သောအခါ ထူထောင်ပြန်ရမည်။ လေဝိအမျိုးသားမှတစ်ပါး အခြားသောအမျိုးသားသည် ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကိုခံရမည်။ |
ထာဝရဘုရားသည် ဩဇကို အမျက်ထွက်တော်မူ၏။ သူပြုမိသောအမှားကြောင့် ဘုရားသခင်သည် သူ့ကို ထိုနေရာတွင်ပင် ဒဏ်ခတ်တော်မူရာ သူသည် ဘုရားသခင်၏သေတ္တာတော်နားတွင် သေလေ၏။
ဒုတိယနှစ်၊ ဒုတိယလ၊ နှစ်ဆယ်ရက်နေ့တွင် မိုးတိမ်သည် သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်အပေါ်မှ ကွာသွားသဖြင့်
ဤသည်ကား ကောရနှင့်သူ၏အပေါင်းပါတို့ကဲ့သို့မဖြစ်မည့်အကြောင်း ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းမီးရှို့ဖို့ အာရုန်၏သားစဉ်မြေးဆက်မဟုတ်သည့်သာမန်လူတစ်စုံတစ်ယောက်မျှမချဉ်းကပ်မိစေရန် အစ္စရေးအမျိုးသားတို့ အမှတ်ရစရာဖြစ်၏။
ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်နားသို့လာသောသူတိုင်း သေရမည်ဖြစ်၍ အကျွန်ုပ်တို့အားလုံးသေကြရတော့မည်လော”ဟု ဆိုကြ၏။
ငါရွေးချယ်သောသူ၏တောင်ဝှေးသည် အတက်ပေါက်လိမ့်မည်။ ဤသို့ဖြင့် သင်တို့ကို အပြစ်တင်နေကြသော အစ္စရေးအမျိုးသားတို့မြည်တွန်တောက်တီးသောအသံကို ငါရပ်စဲစေမည်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့သည် အပြစ်သင့်၍ မသေကြရမည့်အကြောင်း ယခုမှစ၍တွေ့ဆုံစည်းဝေးရာတဲတော်သို့ မချဉ်းကပ်ရ။
သူတို့သည် သင်နှင့်ဆိုင်သောအလုပ်၊ တဲတော်တစ်ခုလုံးနှင့်ဆိုင်သောအလုပ်တို့ကို ဆောင်ရွက်ရမည်။ သန့်ရှင်းရာဌာန၏တန်ဆာပလာများနှင့်ယဇ်ပလ္လင် အနီးသို့မလာရ။ လာမိလျှင် သင်နှင့်အတူ သူတို့ပါ သေကြရမည်။
သူတို့သည် သင်နှင့်ပူးပေါင်းလျက် တဲတော်နှင့်ဆိုင်သောအလုပ်ရှိသမျှ၊ တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကိစ္စကို ဆောင်ရွက်ရမည်။ မဆိုင်သောသူကား သင်တို့ထံသို့ မချဉ်းကပ်ရ။
သင်နှင့်သင်၏သားတို့ကား ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ ယဇ်ပလ္လင်နှင့် ကန့်လန့်ကာအတွင်းရှိ အလုပ်ဟူသမျှကို လုပ်ဆောင်ရမည်။ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ခြင်းကို သင်တို့အား လက်ဆောင်အဖြစ် ငါပေး၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။
သင်သည် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်ရမည်။ သူတို့သည် သူတို့၏ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။
ကိန်းဝပ်တော်မူရာတဲတော်၏အရှေ့ဘက်ဖြစ်သော တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့ နေထွက်ရာအရပ်၌ စခန်းချရမည့်သူများမှာ မောရှေမှစ၍ အာရုန်နှင့်သူ၏သားတို့ ဖြစ်ကြ၏။ သူတို့သည် အစ္စရေးအမျိုးသားတို့ကိုယ်စား သန့်ရှင်းရာဌာန၏အမှုကိစ္စကိုဆောင်ရွက်သောသူများ ဖြစ်ကြ၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်။
ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏သေတ္တာတော်ထဲသို့ ကြည့်မိသောကြောင့် ကိုယ်တော်သည် မြို့သားအချို့တို့ကို ဒဏ်ခတ်တော်မူ၏။ လူငါးသောင်းခုနစ်ဆယ် ဒဏ်ခတ်ခံရလေ၏။ ထာဝရဘုရားသည် လူတို့ကို အမြောက်အမြားဒဏ်ခတ်တော်မူသောကြောင့် လူတို့ ငိုကြွေးမြည်တမ်းကြရလေ၏။