အမျိုးအနွယ်အသီးသီးထဲမှ တစ်မျိုးတစ်ယောက်စီ သင်တို့နှင့်အတူရှိရမည်။ သူတို့တစ်ဦးစီသည် မိမိဘိုးဘေးတို့၏အိမ်ထောင်စု၌ အကြီးအမှူးဖြစ်ရမည်။
အနွယ်တစ်နွယ်စီမှသားချင်းစုအကြီးအကဲတစ်ဦးကို သင်တို့အားကူညီစေလော့'' ဟုမိန့်တော်မူ၏။-
တစ် မျိုး တစ် နွယ် လျှင် တစ် ယောက် ကျ၊ အိမ် ထောင် အ အုပ် အ ချုပ် ဖြစ် သူ တို့ လည်း သင် တို့ နှင့် အ တူ ပါ ရှိ စေ လော့။
အမျိုးအနွယ်အသီးအသီး တစ်မျိုးတစ်ယောက်စီ မိမိတို့အဆွေအမျိုး၌ သူကြီးဖြစ်သောလူတို့သည် သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရကြမည်။
ထို့နောက်တွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ်မြို့ခေါ်ဇိအုန်မြို့သို့ ယူဆောင်လာရန် ရှောလမုန်မင်းကြီးသည် အစ္စရေးသက်ကြီးဝါကြီးများ၊ အစ္စရေးအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်များဖြစ်သော အမျိုးအနွယ်တို့၏အကြီးအမှူးအပေါင်းတို့အား ရှောလမုန်မင်းကြီးရှိရာ ဂျေရုဆလင်မြို့သို့ လာရောက်စုရုံးစေ၏။
လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။
အစ္စရေးလူမျိုးအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူများကိုရွေးချယ်၍ သူတို့ကို လူတို့၏အကြီးအမှူးများအဖြစ် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသည်ဖြင့် ခန့်အပ်ထားလေ၏။
ထိုသူတို့သည် လူထုထဲမှ ရွေးကောက်ထားသောဘိုးဘေးတို့၏အမျိုးအနွယ်ခေါင်းဆောင်များဖြစ်ကြ၏။ အစ္စရေးမျိုးနွယ်စုတို့၏အကြီးအမှူးများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
ထိုသူတို့မှာ မောရှေ၊ အာရုန်နှင့် ဘိုးဘေးတို့၏အိမ်ထောင်စုအသီးသီးမှအစ္စရေးခေါင်းဆောင်တစ်ဆယ့်နှစ်ဦးတို့ ရေတွက်သောသူတို့၏အရေအတွက်များဖြစ်ကြ၏။
အာရုန်၏အမည်ကို လေဝိအမျိုး၏တောင်ဝှေးပေါ်၌ ရေးရမည်။ ဘိုးဘေးတို့၏အမျိုးအနွယ်အကြီးအမှူးတစ်ဦးလျှင် တောင်ဝှေးတစ်ချောင်းစီရှိရမည်။
မိဒျန်အမျိုးသမီးနှင့်အတူ အသေသတ်ခံရသည့် အစ္စရေးအမျိုးသား၏အမည်မှာ ဇိမရိဖြစ်၍ သူသည် ရှိမောင်အမျိုး၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်ဖြစ်သော သာလု၏သားဖြစ်၏။
ထာဝရဘုရားက မောရှေအား “လူတို့ထဲမှ အကြီးအမှူးရှိသမျှတို့ကို ခေါ်ထုတ်၍ ထာဝရဘုရား၏ရှေ့၊ နေပူထဲ၌ သူတို့ကိုဆွဲထားလော့။ သို့ပြုလျှင် ထာဝရဘုရား၏ပြင်းထန်သောအမျက်သည် အစ္စရေးလူမျိုးတို့ထံမှ လွှဲသွားလိမ့်မည်”ဟု မိန့်တော်မူ၏။
မောရှေက အစ္စရေးအမျိုးသားတို့၏အမျိုးအနွယ်အကြီးအမှူးတို့အား “ထာဝရဘုရားမိန့်တော်မူသောအရာကား ဤသို့တည်း။
သို့ဖြစ်၍ မောရှေ၊ အာရုန်နှင့် လူထုခေါင်းဆောင်တို့သည် ကောဟတ်၏သားမြေးတို့တွင်
အစ္စရေးလူမျိုးတို့၏ခေါင်းဆောင်များ၊ ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများဖြစ်သည့် စာရင်းဝင်သူတို့ကို ကြီးကြပ်ရသော အမျိုးအနွယ်တို့၏ခေါင်းဆောင်များသည် လှူဖွယ်ဝတ္ထုများကို ပူဇော်ကြ၏။
ထို့ကြောင့် ပညာရှိပြီး အတွေ့အကြုံလည်းရှိသော သင်တို့၏မျိုးနွယ်အကြီးအမှူးတို့ကို ငါခေါ်ယူပြီးလျှင် သူတို့အား သင်တို့မျိုးနွယ်ကိုကြီးကြပ်အုပ်ချုပ်သောသူများအဖြစ် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသည်ဖြင့် ခန့်ထား၏။
အစ္စရေးအမျိုးအနွယ်တစ်နွယ်စီမှ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် ခေါင်းဆောင်တစ်ယောက်စီ စုစုပေါင်းခေါင်းဆောင်ဆယ်ယောက်တို့ကိုစေလွှတ်၏။ ထိုသူတို့သည် ဘိုးဘေးတို့၏အိမ်ထောင်စုတစ်စုစီမှ မျိုးနွယ်စုအကြီးအကဲများ ဖြစ်၏။