တောလည် 4:34 - မြန်မာ့စံမီသမ္မာကျမ်း34 သို့ဖြစ်၍ မောရှေ၊ အာရုန်နှင့် လူထုခေါင်းဆောင်တို့သည် ကောဟတ်၏သားမြေးတို့တွင် အခန်းကိုကြည့်ပါ။Common Language Bible34-48 ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေ၊ အာရုန်နှင့်ဣသရေလအမျိုးသား ခေါင်းဆောင်တို့သည်လေဝိသားချင်းစုသုံး စုဖြစ်သောကောဟတ်သားချင်းစု၊ ဂေရရှုန် သားချင်းစုနှင့်မေရာရိသားချင်းစုတို့ တွင်အသက်သုံးဆယ်နှင့်ငါးဆယ်အတွင်း ရှိ ထာဝရဘုရားစံတော်မူရာတဲတော် တွင်အမှုထမ်းဆောင်နိုင်မည့်ယောကျာ်းတို့ ကိုဘိုးဘေးဆွေမျိုးများဘက်မှ မိသားစု အလိုက်ကောက်ယူရရှိသောလူဦးရေ စာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။ သားချင်းစု လူဦးရေ ကောဟတ် ၂၇၅၀ ဂေရရှုန် ၂၆၃၀ မေရာရိ ၃၂၀၀ စုစုပေါင်း ၈၅၈၀ အခန်းကိုကြည့်ပါ။Garrad Bible34-35 ထို သို့ မော ရှေ နှင့် အာ ရုန် တို့ သည် ပ ရိ သတ် အ ကြီး အ ကဲ တို့ ပါ ကော ဟတ် သား တို့ တွင် အ သက် သုံး ဆယ် က ငါး ဆယ် အ ထိ တွေ့ ဆုံ ရာ တဲ တော် ကံ ကျွေး အ လုပ် ဝင်၍ ဆောင် ရွက် သူ တို့ ကို အ ဆက် အ နွယ်၊ အိမ် ထောင် များ အ လိုက် ရေ တွက် ကြ သော်၊ အခန်းကိုကြည့်ပါ။Judson Bible34-36 မောရှေနှင့်အာရုန် အစရှိသောပရိသတ်သူကြီးတို့သည် ကောဟတ်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှာ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို၊ ဘိုးဘ အဆွေအမျိုးအလိုက်ရေတွက်၍ စာရင်းသွင်းသောလူပေါင်းကား၊ နှစ်ထောင်ခုနစ်ရာငါးဆယ် ရှိသတည်း။ အခန်းကိုကြည့်ပါ။ |