လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။
တောလည် 1:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် လူထုထဲမှ ရွေးကောက်ထားသောဘိုးဘေးတို့၏အမျိုးအနွယ်ခေါင်းဆောင်များဖြစ်ကြ၏။ အစ္စရေးမျိုးနွယ်စုတို့၏အကြီးအမှူးများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။ Garrad Bible ဤ သူ တို့ သည် ကိုယ့် အ နွယ့် အ ပေါ် တွင် အ ကြီး အ ကဲ၊ ဣ သ ရေ လ အိမ် ထောင် များ အ အုပ် အ ချုပ်၊ ပ ရိ သတ် တိုင် ပင် ဘက် များ ဖြစ် ကြ သ တည်း။ Judson Bible ဤသူတို့သည် ပရိသတ်တွင်ကျော်စောသောသူ၊ အဆွေအမျိုးသူကြီးမင်းဖြစ်၍ ဣသရေလအမျိုး၌ လူတစ်ထောင်စီအုပ်ရသောသူ ဖြစ်ကြသတည်း။ |
လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။
အစ္စရေးလူမျိုးအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူများကိုရွေးချယ်၍ သူတို့ကို လူတို့၏အကြီးအမှူးများအဖြစ် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသည်ဖြင့် ခန့်အပ်ထားလေ၏။
“အို ဧဖရတ်ဗက်လင်မြို့၊ ယုဒမြို့များတွင် သင်သည် သေးငယ်သောမြို့ဖြစ်သော်လည်း ငါ့အဖို့ အစ္စရေးလူမျိုးကို အုပ်စိုးသူမင်းသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်။ ထိုသခင်သည် ရှေးမဆွကပင် ရှိနှင့်ပြီးဖြစ်၏။”
အမျိုးအနွယ်အသီးသီးထဲမှ တစ်မျိုးတစ်ယောက်စီ သင်တို့နှင့်အတူရှိရမည်။ သူတို့တစ်ဦးစီသည် မိမိဘိုးဘေးတို့၏အိမ်ထောင်စု၌ အကြီးအမှူးဖြစ်ရမည်။
ခရာတစ်ခုတည်းကိုသာမှုတ်လျှင် အစ္စရေးအမျိုးသားတို့ထဲမှ လူတစ်ထောင်ကိုအုပ်သောခေါင်းဆောင်တို့သည် သင့်ထံ၌ စုဝေးရမည်။
ငါဆင်းလာ၍ ထိုနေရာ၌ သင်နှင့်စကားပြောမည်။ ငါသည် သင်၌ရှိသည့်ဝိညာဉ်တော်ကိုနုတ်ယူ၍ ထိုသူတို့ထဲသို့ သွင်းပေးမည်။ သူတို့သည် သင်နှင့်အတူ ထိုလူမျိုး၏ဝန်ကို ထမ်းကြရလိမ့်မည်။ သို့ဖြစ်၍ သင်တစ်ယောက်တည်း ထမ်းရတော့မည်မဟုတ်။
လူအစုအဝေးထဲမှ ရွေးကောက်တင်မြှောက်ထားသည့် နာမည်ကျော်စောသော အစ္စရေးအမျိုးသား လူထုခေါင်းဆောင် အယောက်နှစ်ရာ့ငါးဆယ်တို့နှင့်အတူ မောရှေအား ဆန့်ကျင်ကြ၏။
ဧလျာဘ၏သားများမှာ နေမွေလ၊ ဒါသန်၊ အဘိရံ တို့ဖြစ်ကြ၏။ ဤဒါသန်နှင့်အဘိရံသည် လူထု၏ရွေးကောက်တင်မြှောက်ခြင်းခံရသူများဖြစ်ပြီး ကောရ၏အပေါင်းပါများနှင့်အတူ မောရှေနှင့်အာရုန်ကိုဆန့်ကျင်ပုန်ကန်သောသူများ၊ ထာဝရဘုရားကိုဆန့်ကျင်ပုန်ကန်သောသူများ ဖြစ်ကြ၏။
မောရှေက အစ္စရေးအမျိုးသားတို့၏အမျိုးအနွယ်အကြီးအမှူးတို့အား “ထာဝရဘုရားမိန့်တော်မူသောအရာကား ဤသို့တည်း။
အစ္စရေးလူမျိုးတို့၏ခေါင်းဆောင်များ၊ ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများဖြစ်သည့် စာရင်းဝင်သူတို့ကို ကြီးကြပ်ရသော အမျိုးအနွယ်တို့၏ခေါင်းဆောင်များသည် လှူဖွယ်ဝတ္ထုများကို ပူဇော်ကြ၏။
ထို့ကြောင့် ပညာရှိပြီး အတွေ့အကြုံလည်းရှိသော သင်တို့၏မျိုးနွယ်အကြီးအမှူးတို့ကို ငါခေါ်ယူပြီးလျှင် သူတို့အား သင်တို့မျိုးနွယ်ကိုကြီးကြပ်အုပ်ချုပ်သောသူများအဖြစ် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသည်ဖြင့် ခန့်ထား၏။
ဂိဒေါင်ကလည်း “အို ဘုရားရှင်၊ အကျွန်ုပ်သည် အစ္စရေးလူမျိုးကို မည်သို့ကယ်တင်နိုင်ပါမည်နည်း။ မနာရှေအမျိုးအနွယ်တွင် အကျွန်ုပ်၏မျိုးနွယ်စုသည် အဆင်းရဲဆုံးဖြစ်ပါ၏။ အကျွန်ုပ်၏မိသားစုတွင် အကျွန်ုပ်သည် အသိမ်ငယ်ဆုံးဖြစ်ပါ၏”ဟု ပြန်လျှောက်၏။
ထို့ကြောင့် ရှောလုမင်းကြီးက သူ့ကိုခစားနေသောအမှုထမ်းတို့အား “ဗင်္ယာမိန်အမျိုးသားတို့၊ နားထောင်ကြ။ ယေရှဲ၏သားသည် သင်တို့အားလုံးကို လယ်မြေများ၊ စပျစ်ခြံများ ပေးမည်လော။ သင်တို့အားလုံးကို လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်အရာ ခန့်အပ်မည်လော။
သူပုန်းခိုသောနေရာရှိသမျှတို့ကို စူးစမ်း၍ မှတ်သားထားပြီး ငါ့ကို အတိအကျပြန်လာပြောပြကြလော့။ ငါသည် သူရှိရာသို့ သင်တို့နှင့်အတူလိုက်သွားမည်။ ယုဒပြည်ရှိ ယုဒလူမျိုး အထောင်အသောင်းတို့ကြားတွင် ပုန်းနေလျှင်ပင် ရအောင်ရှာမည်”ဟု ဆို၏။