အကြောင်းမူကား သင်တို့ထဲမှ ကဗျာဆရာအချို့တို့က ‘စင်စစ်ဆိုသော် ငါတို့သည်ကား ကိုယ်တော့်အမျိုးအနွယ် ဖြစ်ကြကုန်၏’ဟု စပ်ဆိုထားသည့်အတိုင်း ငါတို့သည် ကိုယ်တော်၌ အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်တည်လျက် ရှိကြ၏။
တိတု 1:12 - မြန်မာ့စံမီသမ္မာကျမ်း ကရေတေကျွန်းသားများထဲမှ သူတို့၏အမျိုးသားချင်းပရောဖက်တစ်ဦးက “ကရေတေကျွန်းသား၊ လူလိမ်များကား၊ ဆိုးသွမ်းသားရဲ၊ မြဲစားကြူးသူ၊ ပျင်းရိလူ”ဟု စပ်ဆိုထား၏။ Common Language Bible သူတို့၏ပရောဖက်ဖြစ်သူကရေတေကျွန်း သားတစ်ဦးကပင်လျှင်``ကရေတေကျွန်းသား တို့သည်အစဉ်လိမ်လည်သူများ၊ သားရဲဆိုး များ၊ ပျင်းရိစားကြူးသူများဖြစ်၏'' ဟုပြော ဆိုခဲ့၏။ ထိုသူ၏ပြောဆိုချက်သည်မှန်ပေ သည်။ သို့ဖြစ်၍သူတို့သည်အမှန်တကယ် ယုံကြည်လာကြစေရန်လည်းကောင်း၊ ယုဒ ဒဏ္ဍာရီစကားများနှင့်သမ္မာတရားကို ပစ်ပယ် သူတို့၏ပညတ်များကိုစွန့်လွှတ်လိုက်ကြ စေရန်လည်းကောင်းသူတို့အားကြပ်တည်း စွာဆုံးမရမည်။- Garrad Bible က ရေ တေ ကျွန်း သား တို့ သည် အ စဉ် မု သာ အိုး သား ရဲ ဆိုး ပျင်း ရိ စား ကြူး သူ များ ဖြစ် သည် ဟု ချင်း တို့ ပ ရော ဖက် တစ် ဦး သက် သေ ခံ တိုင်း ဟုတ် မှန်၏။ Judson Bible သူတို့အပါအဝင်၊ အမျိုးသားချင်းပရောဖက် ဆရာတစ်ယောက်က၊ ကရက်သားမြဲ၊ မုသားစွဲလမ်း၊ သားရဲကြမ်းကြုတ်၊ စားကြူးတုတ်တုတ်၊ လူယုတ်ပေဟု စပ်ဆိုသတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကရေတေကျွန်းသား ပရောဖက်တစ်ဦးကပင် “ကရေတေကျွန်းသား၊ စဉ်မြဲလှည့်စား၊ သားရဲဆိုးယုတ်၊ စားကြူးတုတ်လေ လူပျင်းပေ” ဟူ၍ ဆိုခဲ့၏။ |
အကြောင်းမူကား သင်တို့ထဲမှ ကဗျာဆရာအချို့တို့က ‘စင်စစ်ဆိုသော် ငါတို့သည်ကား ကိုယ်တော့်အမျိုးအနွယ် ဖြစ်ကြကုန်၏’ဟု စပ်ဆိုထားသည့်အတိုင်း ငါတို့သည် ကိုယ်တော်၌ အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်တည်လျက် ရှိကြ၏။
ကရေတေကျွန်းသားများ၊ အာရပ်ပြည်သားများလည်းရှိကြ၏။ သို့ဖြစ်လျက်နှင့် ဤသူတို့သည် ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့ကို ငါတို့၏ဘာသာစကားများဖြင့် ပြောဆိုနေကြသည်ကို ငါတို့ကြားရပါသည်တကား”ဟု ပြောဆိုကြ၏။
ထိုဆိပ်ကမ်းသည်လည်း ဆောင်းခိုရန်မသင့်လျော်သောဆိပ်ကမ်းဖြစ်သောကြောင့် အများစုက ထိုဆိပ်ကမ်းမှရွက်လွှင့်ပြီး ဖြစ်နိုင်လျှင် အနောက်တောင်နှင့် အနောက်မြောက်သို့မျက်နှာမူသည့် ကရေတေကျွန်း၏ဖိနိတ်ဆိပ်ကမ်းသို့ တစ်နည်းနည်းဖြင့်သွား၍ ဆောင်းခိုမည်ဟု ဆုံးဖြတ်ကြ၏။
တောင်လေဖြည်းညင်းစွာတိုက်ခတ်လာသောအခါ သူတို့သည် အကြံအစည်အောင်မြင်ပြီဟုထင်မှတ်လျက် ကျောက်ဆူးကိုနုတ်ပြီးလျှင် ကရေတေကျွန်း၏ကမ်းခြေကိုကပ်၍ ရွက်လွှင့်ကြ၏။
ရက်ပေါင်းများစွာတစ်ရွေ့ရွေ့ရွက်လွှင့်ကြပြီးနောက် ကနိဒ်မြို့နားသို့ ခက်ခဲစွာဖြင့်ရောက်ရှိကြ၏။ ငါတို့သည် လေကြောင့် ဆက်မသွားနိုင်တော့သဖြင့် သာလမုန်အငူနားမှဖြတ်၍ ကရေတေကျွန်း၏လေကွယ်ရာဘက်မှ ရွက်လွှင့်သွားကြ၏။
အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့၏သခင်ခရစ်တော်ကို အစေမခံဘဲ မိမိတို့၏ဝမ်းဗိုက်ကိုသာ အစေခံ၍ ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားတို့ဖြင့် ရိုးစင်းသောသူတို့၏စိတ်နှလုံးကို လှည့်ဖြားတတ်ကြ၏။
ထိုသူတို့၏နိဂုံးသည် ပျက်စီးခြင်းဖြစ်၏။ သူတို့၏ဘုရားသည် သူတို့၏ဝမ်းဗိုက်ဖြစ်၍ သူတို့သည် မိမိတို့၏ရှက်ဖွယ်ရာ၌ ဂုဏ်ယူဝါကြွားကြ၏။ သူတို့စွဲလမ်းသောအရာသည် လောကနှင့်ဆိုင်သောအရာများပင်ဖြစ်ကြ၏။
ထိုသွန်သင်ချက်များသည် မိမိတို့အသိစိတ်ကို သံပူတံဆိပ်ခတ်ထားခြင်းခံရသည့် လိမ်လည်သောသူတို့၏သူတော်ကောင်းယောင်ဆောင်မှုအားဖြင့်ဖြစ်၏။
ကရေတေကျွန်းတွင် သင့်ကို ငါထားခဲ့ခြင်းမှာ သင့်အား ငါမှာကြားထားသည့်အတိုင်း လိုအပ်သည့်အရာများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် အသင်းတော်အကြီးအကဲများကို ခန့်ထားရန်အတွက်ဖြစ်၏။
သို့သော် သူတို့သည် ဖမ်းဆီးခြင်းနှင့်ဖျက်ဆီးခြင်းခံရရန်အတွက် ပေါက်ဖွားလာသည့် ဘာသာဘာဝဆင်ခြင်ဉာဏ်မရှိသော တိရစ္ဆာန်များကဲ့သို့ဖြစ်ကြပြီး မိမိတို့နားမလည်သည့်အရာများကို စော်ကားပြောဆိုတတ်ကြ၏။ သူတို့သည် ထိုတိရစ္ဆာန်များပျက်စီးသကဲ့သို့ ပျက်စီးသွား၍
သူတို့သည် ဖြောင့်တန်းသောလမ်းကိုစွန့်ခွာ၍ လမ်းလွဲကာ မတရားမှုကြောင့်ရရှိသောအဖိုးအခကိုနှစ်သက်သည့် ဗော်သော်၏သား ဗာလမ်၏လမ်းစဉ်ကိုလိုက်ကြ၏။