သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
တမန်တော်ဝတ္ထု 9:10 - မြန်မာ့စံမီသမ္မာကျမ်း ဒမတ်စကပ်မြို့တွင် အာနနိအမည်ရှိသော တပည့်တော်တစ်ဦးရှိ၏။ သခင်ဘုရားသည် ရူပါရုံ၌“အာနနိ”ဟု ခေါ်တော်မူလျှင် အာနနိက “အကျွန်ုပ်ရှိပါသည် သခင်ဘုရား”ဟု ပြန်လျှောက်လေ၏။ Common Language Bible ဒမာသက်မြို့တွင်အာနနိနာမည်ရှိသူ တပည့်တော်တစ်ယောက်ရှိ၏။ ဗျာဒိတ်ရူပါ ရုံထဲတွင်သခင်ဘုရားကအာနနိအား ``အာနနိ'' ဟုခေါ်တော်မူလျှင်၊ အာနနိက ``ရှိပါသည်သခင်ဘုရား'' ဟု လျှောက်၏။ Garrad Bible ထို အ ခါ ဒ မာ သက် မြို့ တွင် အာ န နိ ဆို သူ တ ပည့် တော် တစ် ပါး ရှိ သ ဖြင့် အ ရှင် ဘု ရား သည် အာ န နိ ဟု မ နော အာ ရုံ ဖြင့် ခေါ် တော် မူ သော် အ ကျွန်ုပ် ရှိ ပါ သည် အ ရှင် ဘု ရား ဟု ထူး သည့် ကာ လ၊ Judson Bible ထိုအခါ အာနနိအမည်ရှိသော တပည့်တော်တစ်ယောက်သည် ဒမာသက်မြို့၌ရှိ၏။ ထိုသူကို သခင်ဘုရားသည် ဗျာဒိတ်တော်အားဖြင့်၊ အာနနိဟူ၍ ခေါ်တော်မူလျှင်၊ အာနနိက၊ သခင်ဘုရား အကျွန်ုပ်ရှိပါသည်ဟု လျှောက်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုဒမတ်စကပ်မြို့တွင် အာနနိအမည်ရှိသော တပည့်တော်တစ်ဦးရှိ၏။ သခင်ဘုရားကသူ့အား ရူပါရုံတွင် “အာနနိ” ဟု ခေါ်ရာ သူက “အကျွန်ုပ်ရှိပါ၏သခင်ဘုရား” ဟု လျှောက်၏။ |
သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
ထို့နောက်တွင် ဘုရားသခင်သည် အာဗြဟံကိုစမ်းသပ်တော်မူ၏။ ကိုယ်တော်က “အာဗြဟံ”ဟု ခေါ်တော်မူလျှင် အာဗြဟံက “အကျွန်ုပ်ရှိပါ၏”ဟု ပြန်လျှောက်၏။
ဘုရားသခင်၏ကောင်းကင်တမန်က ‘ယာကုပ်’ဟု အိပ်မက်ထဲတွင် ငါ့ကိုခေါ်သဖြင့် ‘အကျွန်ုပ်ရှိပါ၏’ဟု ငါပြန်လျှောက်၏။
ထိုသို့မဟုတ်ဘဲ ကိုယ်တော်က ‘သင့်ကို ငါအလိုမရှိ’ဟု မိန့်ဆိုလျှင်လည်း ငါအသင့်ရှိပါသည်။ အလိုတော်အတိုင်းသာ ငါ့ကို ပြုတော်မူပါစေသော”ဟု မိန့်ဆို၏။
ချုံပုတ်ကိုကြည့်ရန် မောရှေသွားသည်ကို ထာဝရဘုရားမြင်တော်မူ၏။ ဘုရားသခင်က “မောရှေ၊ မောရှေ”ဟု ချုံပုတ်ထဲမှခေါ်လျှင် မောရှေက “အကျွန်ုပ်ရှိပါသည်”ဟု ထူးလေ၏။
ထို့နောက် “ငါမည်သူ့ကိုစေလွှတ်ရမည်နည်း။ မည်သူသည် ငါတို့အတွက် သွားမည်နည်း”ဟု ဘုရားရှင်မိန့်တော်မူသောအသံကို ငါကြားရ၏။ ထိုအခါ ငါက “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ”ဟု လျှောက်၏။
ထိုညတွင် ဒံယေလအား ဤနက်နဲသောအရာကို စိတ်အာရုံထဲတွင် ဖွင့်ပြတော်မူ၏။ ထို့ကြောင့် ဒံယေလက ကောင်းကင်ဘုံရှင်ဘုရားသခင်အား
ထိုအခါ ထာဝရဘုရားက “ငါ့စကားကို နားထောင်ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင် ငါထာဝရဘုရားသည် ထိုပရောဖက်အား နိမိတ်အာရုံအားဖြင့် ကိုယ်ထင်ရှားပြမည်။ အိပ်မက်အားဖြင့် မိန့်မြွက်မည်။
တစ်နေ့သောအခါ မွန်းလွဲသုံးနာရီအချိန်ခန့်တွင် သူသည် မိမိထံသို့ဘုရားသခင်၏ကောင်းကင်တမန်တစ်ပါးဝင်လာ၍ “ကော်နေလိ”ဟု ခေါ်သည်ကို ရူပါရုံ၌ ထင်ရှားစွာမြင်လေ၏။
“ငါသည် ယုပ္ပေမြို့၌ ဆုတောင်းလျက်နေစဉ် အာရုံမှုန်ဝါးတွေဝေ၍ ရူပါရုံတစ်ခုကိုမြင်ရ၏။ ထောင့်လေးခုမှထိန်းထားပြီး ကောင်းကင်မှလျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခုသည် နိမ့်ဆင်းလာ၍ ငါ့ထံသို့ရောက်လာ၏။
ပေတရုသည် ထွက်၍ လိုက်သွားလေ၏။ သို့သော် ကောင်းကင်တမန်အားဖြင့် ဖြစ်ပျက်နေသောအရာသည် အမှန်တကယ်ဖြစ်ကြောင်းမသိဘဲ ရူပါရုံကိုမြင်နေရသည်ဟူ၍သာ သူထင်မှတ်နေ၏။
ထိုရူပါရုံကို ပေါလုမြင်ရသောအခါ သူတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် ဘုရားသခင်သည် ငါတို့ကို ခေါ်တော်မူပြီဟု ကောက်ချက်ချ၍ ချက်ချင်းပင် မာကေဒေါနိပြည်သို့သွားရန် ကြိုးစားကြ၏။
ညအခါ ပေါလုသည် ရူပါရုံတစ်ခုကို မြင်ရ၏။ ထိုရူပါရုံ၌ မာကေဒေါနိပြည်သားတစ်ဦးသည် ရပ်လျက် “မာကေဒေါနိပြည်သို့ ကူးလာ၍ အကျွန်ုပ်တို့ကို ကူညီပေးပါ”ဟု သူ့အား တောင်းပန်ပြောဆို၏။
တစ်ညတွင် သခင်ဘုရားသည် ရူပါရုံအားဖြင့် ပေါလုအား“မကြောက်နှင့်။ တိတ်ဆိတ်စွာမနေဘဲ ဟောပြောလော့။
ဟောပြောထားသောအရာမှာ ‘ဘုရားသခင်မိန့်တော်မူသည်ကား ငါသည် နောက်ဆုံးသောနေ့ရက်တို့၌ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းမည်။ ထိုအခါ သင်တို့၏သားသမီးများသည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သင်တို့ထဲမှလူငယ်များသည် ဗျာဒိတ်ရူပါရုံများကိုမြင်ရကြလိမ့်မည်။ သင်တို့ထဲမှသက်ကြီးဝါကြီးများသည် အိပ်မက်များကိုမြင်မက်ကြလိမ့်မည်။
ထို့နောက် ပညတ်တရားနှင့်အညီ ဘုရားတရားကြည်ညိုသူဖြစ်ပြီး ဒမတ်စကပ်မြို့၌နေထိုင်သော ဂျူးလူမျိုးအားလုံးတို့တွင် ဂုဏ်သတင်းကောင်းသော အာနနိအမည်ရှိသူတစ်ဦးသည်
အာနနိအမည်ရှိသောသူတစ်ဦးဝင်လာပြီး သူ၏မျက်စိပြန်မြင်စေရန် သူ့အပေါ်လက်တင်သည်ကို ရူပါရုံ၌မြင်ခဲ့ပြီ”ဟု မိန့်တော်မူ၏။
ဒမတ်စကပ်မြို့တွင် အရေတမင်းကြီးခန့်ထားသောမြို့ဝန်သည် ငါ့ကိုဖမ်းဆီးရန်အတွက် ဒမတ်စကပ်မြို့ကို ပိတ်ဆို့စောင့်ကြပ်ထားခဲ့၏။
ငါ့ထက်အလျင်ဦးစွာ တမန်တော်ဖြစ်နှင့်သောသူတို့ရှိရာ ဂျေရုဆလင်မြို့သို့လည်း မသွားဘဲ အာရေဗျပြည်သို့ ချက်ချင်းထွက်ခွာသွားပြီးလျှင် ဒမတ်စကပ်မြို့သို့ တစ်ဖန်ပြန်လာခဲ့၏။
ထိုအခါ ထာဝရဘုရားသည် ရှမွေလကိုခေါ်တော်မူလျှင် ရှမွေလက “အကျွန်ုပ်ရှိပါ၏”ဟု ထူးလျက်