သို့သော် ထိုမိန်းမ၏သခင်တို့သည် မိမိတို့အကျိုးစီးပွားအတွက် မျှော်လင့်ချက်မရှိတော့ကြောင်း သိမြင်သဖြင့် ပေါလုနှင့်သိလတို့ကိုဖမ်းဆီး၍ အကြီးအကဲများရှိရာ ဈေးအရပ်သို့ ဆွဲခေါ်သွားကြ၏။
တမန်တော်ဝတ္ထု 8:3 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုသည် တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယောက်ျားမိန်းမတို့ကိုဆွဲထုတ်ကာ ထောင်ထဲသို့ပို့လျက် အသင်းတော်ကို လိုက်၍ဖျက်ဆီးလေ၏။ Common Language Bible သို့ရာတွင်ရှောလုသည်အသင်းတော်ကို ပျောက်ပျက်စေရန်ကြိုးစားလျက်နေ၏။ သူ သည်တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယုံကြည်သူ အမျိုးသားအမျိုးသမီးတို့ကိုဆွဲထုတ်ကာ အကျဉ်းထောင်တွင်ချုပ်နှောင်ထားလေသည်။ Garrad Bible ရှော လု မူ ကား အိမ် တိုင်း သို့ ဝင်၍ ယော ကျာ်း မိန်း မ တို့ ကို ဆွဲ ငင် ထောင် ချ လျက် အ သင်း တော် ကို ဖျက် ဆီး လေ၏။ Judson Bible ရှောလုသည် အသင်းတော်ကို ဖျက်ဆီးလေ၏။ အိမ်များသို့ ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍ ထောင်ထဲ၌ လှောင်ထားတတ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ရှောလုသည် တစ်အိမ်ဝင်၊ တစ်အိမ်ထွက်ကာ အမျိုးသား၊ အမျိုးသမီးများကို ဆွဲထုတ်၍ ထောင်ထဲသို့ပို့ခြင်းဖြင့် အသင်းတော်ကို ဖျက်ဆီးလေ၏။ |
သို့သော် ထိုမိန်းမ၏သခင်တို့သည် မိမိတို့အကျိုးစီးပွားအတွက် မျှော်လင့်ချက်မရှိတော့ကြောင်း သိမြင်သဖြင့် ပေါလုနှင့်သိလတို့ကိုဖမ်းဆီး၍ အကြီးအကဲများရှိရာ ဈေးအရပ်သို့ ဆွဲခေါ်သွားကြ၏။
အကျွန်ုပ်ကလည်း ‘သခင်ဘုရား၊ အကျွန်ုပ်သည် ဝတ်ပြုစည်းဝေးကျောင်းတစ်ခုပြီးတစ်ခုသွား၍ ကိုယ်တော်ကိုယုံကြည်သောသူတို့အား ရိုက်နှက်လျက် ထောင်ချခဲ့သည်ကို သူတို့သိကြပါ၏။
သူ့ကို မြို့ပြင်သို့ဆွဲထုတ်ပြီးလျှင် ခဲနှင့်ပေါက်ကြ၏။ သက်သေတို့သည် မိမိတို့၏အဝတ်များကို ရှောလုဟုခေါ်သော လူငယ်တစ်ဦး၏ခြေရင်း၌ ချထားကြ၏။
ဘုရားတရားကြည်ညိုသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ သူ့အတွက် ရင်ဘတ်စည်တီးလျက် ပြင်းစွာငိုကြွေးကြ၏။
ကြားနာသောသူအပေါင်းတို့သည် အံ့ဩငေးမောလျက် “ဤသူသည် ဂျေရုဆလင်မြို့၌ ဤနာမကို ပတ္ထနာပြုသောသူတို့အား ဖျက်ဆီးရန် ကြိုးစားနေသူဖြစ်ပြီး ထိုသူတို့ကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့ ပို့ဆောင်မည်ဟူသောရည်ရွယ်ချက်ဖြင့် ဤနေရာသို့ရောက်လာသည်မဟုတ်လော”ဟု ပြောဆိုကြ၏။
အမှန်စင်စစ် ငါသည် ဘုရားသခင်၏အသင်းတော်ကို ညှဉ်းဆဲခဲ့သောကြောင့် တမန်တော်များထဲတွင် အသေးသိမ်ဆုံးသောသူဖြစ်ပြီး တမန်တော်ဟုခေါ်ဝေါ်ခြင်းကိုပင် မခံထိုက်ပေ။
ဂျူးဘာသာဝင်အဖြစ် ငါအသက်ရှင်နေထိုင်ခဲ့စဉ်အခါက ငါသည် ဘုရားသခင်၏အသင်းတော်ကို အတိုင်းထက်အလွန်ညှဉ်းဆဲ၍ ထိုအသင်းတော်ကို ဖျက်ဆီးရန်ကြိုးစားခဲ့သည်ကိုလည်းကောင်း၊
စိတ်အားထက်သန်မှုအရဆိုလျှင် အသင်းတော်ကိုညှဉ်းဆဲသောသူ၊ ပညတ်တရားအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းအရဆိုလျှင် အပြစ်တင်စရာမရှိသောသူဖြစ်၏။
ငါသည် ယခင်က စော်ကားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ မိုက်ရိုင်းသောသူဖြစ်ခဲ့သော်လည်း ယုံကြည်ခြင်းမရှိစဉ် မသိနားမလည်ဘဲ ထိုသို့ပြုခဲ့သည်ဖြစ်၍ ကရုဏာတော်ကိုခံစားရ၏။
သို့ရာတွင် သင်တို့သည် ဆင်းရဲသောသူတို့ကို မထီလေးစားပြုကြသည်တကား။ ချမ်းသာသောသူတို့သည် သင်တို့ကို ဖိနှိပ်ခြယ်လှယ်ကြသည်မဟုတ်လော။ သူတို့သည် သင်တို့ကို တရားရုံးသို့ ဆွဲခေါ်သွားကြသည်မဟုတ်လော။