လူကြီးလူငယ်ရှိသမျှတို့သည် သူ့ကိုအာရုံစိုက်လျက် “ဤသူသည် ကြီးမြတ်ခြင်းဟုခေါ်သော ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်”ဟု ဆိုကြ၏။
သို့ဖြစ်၍အတန်းအစားအမျိုးမျိုးမှလူ အပေါင်းတို့သည်``ဤသူကားမဟာတန်ခိုး တော်ဟုခေါ်သော ဘုရား၏တန်ခိုးတော်တည်း'' ဟုဆို၍ရှိမုန်၏စကားကိုအာရုံစိုက်၍ နားထောင်ကြ၏။-
အ ကြီး အ မြတ် ခေါ် ဘု ရား သ ခင့် တန် ခိုး တော် တည်း ဟု ဆို ကြ သော လူ ကြီး လူ ငယ် အ ပေါင်း တို့ သည် အ ဓွန့် ရှည် စွာ ဝိ ဇ္ဇာ အ တတ် ကြောင့် အံ့ ဩ ရ သ ဖြင့် မှီ ဝဲ ကြ၏။
လူကြီးလူငယ် ရှိသမျှတို့ကလည်း၊ ဤသူသည် ဘုရားသခင်၏ မဟာတန်ခိုးတော်ဖြစ်သည်ဟု ဆိုလျက် ထိုသူ၌ ဆည်းကပ်ကြ၏။-
လူတန်းစားအနိမ့်အမြင့် ရှိသမျှတို့က သူ့အားအာရုံစိုက်လျက် “ဤသူသည် ဘုရားသခင်၏ကြီးမြတ်သောတန်ခိုးတော်ပင် ဖြစ်၏” ဟု ဆိုကြ၏။
ထာဝရဘုရားက “သူတို့သည် အိမ်နီးချင်း၊ ညီအစ်ကိုချင်းတို့အား ‘ထာဝရဘုရားနှင့် သိကျွမ်းခြင်းရှိလော့’ဟု သင်ကြားပေးစရာမလို။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူတိုင်း ငါ့ကို သိကျွမ်းကြလိမ့်မည်။ သူတို့၏ဒုစရိုက်များကို ခွင့်လွှတ်မည်။ သူတို့၏အပြစ်များကို အောက်မေ့တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
ထို့နောက် ကာရာ၏သားယောဟနန်၊ ဟောရှာယ၏သားယေဇနိအပါအဝင် စစ်သည်အကြီးအကဲများနှင့် လူကြီးလူငယ်အပေါင်းတို့သည်
“အဘယ်ကြောင့်ဆိုသော် အငယ်ဆုံးမှစ၍ အကြီးဆုံးတိုင်အောင် ထိုသူအပေါင်းတို့သည် မတရားသောအကျိုးစီးပွားကို တပ်မက်ကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်အပေါင်းတို့သည်လည်း မဟုတ်မမှန်ပြုမူတတ်ကြ၏။
သို့ဖြစ်၍ သူတို့၏မယားများကို အခြားသူတို့အား ငါပေးမည်။ သူတို့၏လယ်ယာများကိုလည်း အခြားသူတို့ပိုင်ဆိုင်စေမည်။ အကြောင်းမူကား လူကြီးလူငယ်အားလုံး မတရားသောအကျိုးစီးပွားကို တပ်မက်ကြ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်အားလုံးသည်လည်း မဟုတ်မမှန်ပြုမူတတ်ကြ၏။
ထိုအခါ နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်သဖြင့် အစာရှောင်ရာနေ့ကို ကြေညာပြီးလျှင် အကြီးဆုံးမှအငယ်ဆုံးတိုင်အောင် လျှော်တေအဝတ်ကိုဝတ်ကြ၏။
လူတို့သည် ပေါလုပြုသောအရာကို မြင်လျှင် “ဘုရားများသည် လူ့အသွင်ကိုဆောင်လျက် ငါတို့ထံသို့ ဆင်းသက်လာလေပြီ”ဟု မိမိတို့အသံကိုကျယ်စွာပြု၍ လုကောနိဘာသာစကားဖြင့် ပြောဆိုကြ၏။
ကျွန်းသားတို့က သူသည် ယောင်လာတော့မည်၊ သို့မဟုတ် ရုတ်တရက်လဲကျ၍ သေဆုံးလိမ့်မည်ဟုဆိုလျက် စောင့်ကြည့်နေကြ၏။ သို့သော် ကြာမြင့်စွာစောင့်ကြည့်နေသော်လည်း မကောင်းသည့်လက္ခဏာတစ်စုံတစ်ခုမျှ သူ၌မဖြစ်သည်ကို မြင်ကြသောအခါ သူတို့သည် စိတ်ပြောင်းသွား၍ ဤသူကား ဘုရားဖြစ်သည်ဟုဆိုကြ၏။
သို့သော် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ ခေါ်ယူတော်မူခြင်းခံရသောသူတို့အတွက် ခရစ်တော်သည် ဘုရားသခင်၏တန်ခိုးတော်နှင့် ဘုရားသခင်၏ဉာဏ်ပညာတော်ဖြစ်၏။
အမှန်စင်စစ် သင်တို့သည် ပညာသတိရှိသောသူများဖြစ်သောကြောင့် မိုက်မဲသောသူတို့ကို ဝမ်းမြောက်စွာသည်းခံကြ၏။
ဤသို့ဖြင့် ငါတို့သည် လူတို့၏ကောက်ကျစ်စဉ်းလဲမှုနှင့် ပရိယာယ်ဖြင့်လှည့်ဖြားတတ်သည့်လျှို့ဝှက်အကြံအစည်တို့ကြောင့် ဖြစ်ပေါ်လာသည့်သြဝါဒလေအမျိုးမျိုး၌ လွင့်ပါ၍လူးလွန့်နေသော ကလေးသူငယ်များကဲ့သို့မဟုတ်တော့ဘဲ
များစွာသောလူတို့သည်လည်း ထိုသူတို့၏ကာမဂုဏ်လိုက်စားခြင်းနောက်သို့လိုက်သဖြင့် သမ္မာတရားလမ်းသည် ထိုသူတို့ကြောင့် စော်ကားပြောဆိုခြင်းခံရလိမ့်မည်။
ထိုသားရဲ၏ခေါင်းတစ်လုံးသည် သေအောင်သတ်ဖြတ်ခြင်းခံရပြီးသကဲ့သို့ဖြစ်သော်လည်း ထိုသေစေသောဒဏ်ရာသည် ပျောက်ကင်းသွားလေ၏။ ထိုအခါ တစ်ကမ္ဘာလုံးသည်အံ့ဩလျက် ထိုသားရဲနောက်သို့လိုက်ကြ၏။