ထို့နောက် သူသည် တာဝန်ထမ်းဆောင်ရသည့်နေ့ရက်များပြီးဆုံးသွားသဖြင့် မိမိအိမ်သို့ပြန်သွားလေ၏။
တမန်တော်ဝတ္ထု 6:4 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့မူကား ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြမည်”ဟု ဆိုကြ၏။ Common Language Bible ငါတို့အဖို့မှာမူဆုတောင်းပတ္ထနာပြုခြင်း နှင့် တရားတော်ကိုဟောပြောခြင်းအားဖြင့် သာလျှင် အချိန်ကိုကုန်လွန်စေကြမည်'' ဟု ဆို၏။ Garrad Bible ငါ တို့ မူ ကား ပ ဌ နာ မှု၊ တ ရား တော် ဟော ပြော မှု များ ကို ဆောင် မြဲ ဆောင် လိမ့် မည် ဟု ပြော ဆို သော စ ကား ကို၊ Judson Bible ငါတို့မူကား၊ ဆုတောင်းပတ္ထနာပြုခြင်း၊ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်းအမှုတို့ကို အမြဲပြု၍ နေမည်ဟုဆိုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တရားတော်ဟောပြောခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြမည်” ဟု ပြောလေ၏။ |
ထို့နောက် သူသည် တာဝန်ထမ်းဆောင်ရသည့်နေ့ရက်များပြီးဆုံးသွားသဖြင့် မိမိအိမ်သို့ပြန်သွားလေ၏။
သူတို့အားလုံးသည် အမျိုးသမီးများနှင့် ယေရှု၏မယ်တော်မာရိမှစ၍ ကိုယ်တော်၏ညီတော်များနှင့်အတူ တစ်စိတ်တစ်သဘောတည်းဖြင့် ဆုတောင်းခြင်းအမှုကို အစဉ်တစိုက်ပြုနေကြ၏။
ထိုသူတို့သည် တမန်တော်တို့၏သွန်သင်ချက်ကိုခံယူခြင်း၊ မုန့်ဖဲ့ခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် ဆုတောင်းခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြ၏။
ငါသည်ဆုတောင်းသောအခါ သင်တို့ကိုအမြဲမပြတ်သတိရလျက် ဘုရားသခင်၏အလိုတော်ရှိလျှင် တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သင်တို့ထံသို့လာရသောအခွင့်ရှိပါမည့်အကြောင်း အစဉ်တောင်းလျှောက်နေ၏။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါ့အတွက်သက်သေခံပေးသောသူမှာ သားတော်၏ကောင်းမြတ်သောသတင်းကို ငါဟောပြောလျက် ငါ၏ဝိညာဉ်အားဖြင့် ဝတ်ပြုသောဘုရားသခင်ဖြစ်တော်မူ၏။
ငါသည် ကောင်းမြတ်သောသတင်းကိုဟောပြောလျှင်လည်း ငါ့အတွက် ဂုဏ်ယူဝါကြွားစရာအကြောင်းမရှိ။ အဘယ်ကြောင့်ဆိုသော် ငါ၌မဖြစ်မနေဟောပြောရမည့်တာဝန်ရှိ၏။ ကောင်းမြတ်သောသတင်းကို ငါမဟောပြောဘဲနေလျှင် ငါ့အတွက် အမင်္ဂလာဖြစ်၏။
ငါဆုတောင်းသည့်အခါတိုင်း သင်တို့အားလုံးအတွက် ဝမ်းမြောက်သောစိတ်နှင့် အစဉ်အမြဲဆုတောင်း၏။
ငါသည် သင်တို့နှင့် လောဒိကိမြို့တွင်ရှိသောသူတို့မှစ၍ ငါ့ကို လူချင်းမမြင်ဖူးသောသူတို့အတွက် မည်မျှလောက်ရုန်းကန်ကြိုးစားနေသည်ကို သင်တို့အား သိစေလိုပါ၏။
ခရစ်တော်ယေရှု၏အစေအပါးဖြစ်၍ သင်တို့အထဲကတစ်ဦးဖြစ်သော ဧပဖြသည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ သင်တို့သည် စုံလင်ရင့်ကျက်သူအဖြစ်ရပ်တည်လျက် ဘုရားသခင်၏အလိုတော်ရှိသမျှကို အပြည့်အဝဆောင်ရွက်နိုင်မည့်အကြောင်း သူသည် သင်တို့အတွက် အစဉ်အမြဲကြိုးစား၍ ဆုတောင်းပေးလျက်ရှိ၏။
အာခိပ္ပုအား “သခင်ဘုရား၌ရရှိထားသောအမှုတော်လုပ်ငန်းကို အလေးဂရုပြုလျက် ပြီးမြောက်အောင်ဆောင်ရွက်ပါ”ဟု ပြောကြားကြလော့။
နှုတ်ကပတ်တော်ကိုဟောပြောလော့။ အခွင့်အခါကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားလော့။ စိတ်ရှည်ခြင်းအပြည့်အဝဖြင့်သွန်သင်လျက် အပြစ်ဖော်ပြခြင်း၊ သတိပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကိုပြုလော့။