တမန်တော်ဝတ္ထု 3:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပေတရုက “ငါ၌ ရွှေ၊ ငွေမရှိ။ သို့သော် ရှိသည့်အရာကို သင့်အား ငါပေးမည်။ နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်၌ ထ၍ လမ်းလျှောက်လော့”ဟု ဆိုလျက် Common Language Bible သို့ရာတွင်ပေတရုက``ငါ့မှာရွှေငွေမရှိ။ သို့သော်ရှိသည့်အရာကိုသင့်အားငါပေး မည်။ နာဇရက်မြို့သားယေရှု၏နာမတော် အားဖြင့်ထ၍လှမ်းသွားလော့'' ဟုဆို၏။- Garrad Bible ပေ တ ရု က ငါ၌ ရွှေ ငွေ မ ရှိ၊ ရှိ ရာ ကို ငါ ပေး မည်။ နာ ဇ ရက် မြို့ သား ယေ ရှု ခ ရစ်၏ နာ မ တော် ကြောင့် လှမ်း သွား လော့ ဟု မြွက် ဆို ပြီး လျှင်၊ Judson Bible ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ။ ရှိသည်အရာကို သင့်အားငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့ဟုဆိုလျက်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ပေတရုက “ငါ့ထံ၌ ရွှေ၊ ငွေမရှိ။ သို့သော်လည်း ငါ့ထံ၌ရှိသောအရာကို သင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်တော်၏အမည်နာမ၌ ထ၍ လမ်းလျှောက်လော့” ဟု ပြောလေ၏။ |
ထိုနေ့ရက်တွင် များစွာသောသူတို့သည် ‘သခင်ဘုရား၊ သခင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရောဖက်ပြုဟောပြောလျက် ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးများကိုနှင်ထုတ်ကာ ကိုယ်တော်၏နာမတော်အားဖြင့် တန်ခိုးလက္ခဏာများစွာတို့ကို ပြုခဲ့ကြသည်မဟုတ်လော’ဟု ငါ့အား လျှောက်ကြလိမ့်မည်။
သူသည် တတ်နိုင်သမျှကိုပြုခဲ့ပြီ။ သင်္ဂြိုဟ်ခြင်းအမှုအတွက် ငါ၏ကိုယ်ခန္ဓာကို ကြိုတင်၍ဆီမွှေးလိမ်းပြီ။
ယုံကြည်သောသူတို့နှင့်အတူ ယှဉ်တွဲလျက်ရှိကြမည့်နိမိတ်လက္ခဏာများဟူမူကား သူတို့သည် ငါ၏နာမဖြင့် နတ်ဆိုးတို့ကိုနှင်ထုတ်ကြလိမ့်မည်။ အသစ်သောဘာသာစကားများကိုပြောကြလိမ့်မည်။
ပိလတ်မင်းသည် ကမ္ပည်းကိုလည်း ရေးထိုး၍ လက်ဝါးကပ်တိုင်ပေါ်မှာတပ်ထား၏။ ထိုကမ္ပည်းတွင် “ဂျူးလူမျိုးတို့၏ဘုရင်၊ နာဇရက်မြို့သားယေရှု”ဟု ရေးထား၏။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။
သူသည် ရက်ပေါင်းများစွာ ထိုသို့ပြုနေ၍ ပေါလုသည် စိတ်အနှောင့်အယှက်ဖြစ်သဖြင့် နောက်သို့လှည့်ကာ “သူ့အထဲမှ ထွက်သွားရန် ယေရှုခရစ်တော်၏နာမတော်၌ သင့်ကို ငါအမိန့်ပေး၏”ဟု ထိုနတ်အားဆိုလျှင် ၎င်းသည် ထိုအချိန်၌ပင် ထွက်သွားလေ၏။
အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။
ထို့ကြောင့် ဘုရားသခင်သည် လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့တင်ခဲ့သောထိုယေရှုကို သခင်အရာ၌လည်းကောင်း၊ ခရစ်တော်အရာ၌လည်းကောင်း ခန့်ထားတော်မူကြောင်း အစ္စရေးတစ်မျိုးလုံးသည် သေချာစွာသိမှတ်ကြပါစေ”ဟု ဟောပြောလေ၏။
ထိုအရှင်၏နာမတော်သည် ယခုသင်တို့မြင်၍ သင်တို့သိသောဤသူအား ထိုနာမတော်ကိုယုံကြည်ခြင်းအားဖြင့် သန်စွမ်းစေပြီး ထိုအရှင်အားဖြင့် ရရှိသောယုံကြည်ခြင်းသည် သင်တို့အားလုံးရှေ့၌ သူ့ကို ပကတိစုံလင်ခြင်းပေးလေ၏။
ထိုသူသည်လည်း သူတို့ထံမှ တစ်စုံတစ်ခုရမည်ဟုမျှော်လင့်၍ သူတို့ကို အာရုံစိုက်လျက်နေ၏။
ထိုသူ၏လက်ယာလက်ကိုဆုပ်ကိုင်၍ ထူမလိုက်ရာ သူ၏ခြေနှင့်ခြေကျင်းဝတ်တို့သည် ချက်ချင်းသန်မာလာသဖြင့်
သင်တို့အားလုံးနှင့် အစ္စရေးလူမျိုးအပေါင်းတို့အား သိမှတ်စေလိုသည်မှာ လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့တင်ခဲ့သော်လည်း သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသော နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်အားဖြင့် ဤသူသည် သင်တို့ရှေ့တွင် အကောင်းပကတိဖြစ်လျက်ရပ်နေ၏။
သူတို့သည် ပေတရုနှင့်ယောဟန်တို့ကို အားလုံးရှေ့၌ရပ်စေပြီးလျှင် “သင်တို့သည် မည်သည့်အာဏာ၊ မည်သည့်နာမဖြင့် ဤအမှုကို ပြုကြသနည်း”ဟု မေးမြန်းကြ၏။
ထိုအခါ ပေတရုက “အဲနေ၊ ယေရှုခရစ်တော်သည် သင့်ကိုကျန်းမာစေတော်မူပြီ။ ထ၍ ကိုယ့်အိပ်ရာကို ကိုယ်သိမ်းလော့”ဟု ဆိုလျှင် သူသည် ချက်ချင်းထလေ၏။
ငါတို့သည် ယခုအချိန်တိုင်အောင် ဆာလောင်မွတ်သိပ်လျက်၊ အဝတ်မဲ့လျက်၊ ထိုးနှက်ခြင်းခံရလျက်၊ အိမ်ရာမဲ့လျက်၊
ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း အစဉ်ဝမ်းမြောက်လျက်ရှိကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း များစွာသောသူတို့ကို ကြွယ်ဝပြည့်စုံစေကြ၏။ မည်သည့်အရာမျှမရှိသောသူကဲ့သို့ဖြစ်သော်လည်း အလုံးစုံကိုပိုင်ဆိုင်ကြ၏။
အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။
အကြောင်းမူကား သင်တို့သည် ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်ကိုသိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သူ၏ဆင်းရဲခြင်းအားဖြင့် သင်တို့ကြွယ်ဝကြမည့်အကြောင်း သင်တို့အတွက် ဆင်းရဲခြင်းကိုခံတော်မူ၏။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။
သင်တို့တစ်ဦးစီသည် မိမိခံစားရရှိသည့်ဆုကျေးဇူးအလျောက် ဘုရားသခင်၏အမျိုးမျိုးသောကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းသောဘဏ္ဍာစိုးများကဲ့သို့ ထိုဆုကျေးဇူးအားဖြင့် အချင်းချင်းကူညီဆောင်ရွက်ပေးကြလော့။