တမန်တော်ဝတ္ထု 3:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း6 သို့ရာတွင် ပေတရုက “ငါ့ထံ၌ ရွှေ၊ ငွေမရှိ။ သို့သော်လည်း ငါ့ထံ၌ရှိသောအရာကို သင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်တော်၏အမည်နာမ၌ ထ၍ လမ်းလျှောက်လော့” ဟု ပြောလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 သို့ရာတွင်ပေတရုက``ငါ့မှာရွှေငွေမရှိ။ သို့သော်ရှိသည့်အရာကိုသင့်အားငါပေး မည်။ နာဇရက်မြို့သားယေရှု၏နာမတော် အားဖြင့်ထ၍လှမ်းသွားလော့'' ဟုဆို၏။- အခန်းကိုကြည့်ပါ။Garrad Bible6 ပေ တ ရု က ငါ၌ ရွှေ ငွေ မ ရှိ၊ ရှိ ရာ ကို ငါ ပေး မည်။ နာ ဇ ရက် မြို့ သား ယေ ရှု ခ ရစ်၏ နာ မ တော် ကြောင့် လှမ်း သွား လော့ ဟု မြွက် ဆို ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible6 ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ။ ရှိသည်အရာကို သင့်အားငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့ဟုဆိုလျက်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ထိုအခါ ပေတရုက “ငါ၌ ရွှေ၊ ငွေမရှိ။ သို့သော် ရှိသည့်အရာကို သင့်အား ငါပေးမည်။ နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်၌ ထ၍ လမ်းလျှောက်လော့”ဟု ဆိုလျက် အခန်းကိုကြည့်ပါ။ |
အစ္စရေးလူမျိုးတို့… နားထောင်ကြလော့။ သင်တို့ကိုယ်တိုင် သိကြသည့်အတိုင်း ဘုရားသခင်သည် အံ့ဖွယ်တန်ခိုး၊ အံ့ဖွယ်ဖြစ်ရပ်နှင့် နိမိတ်လက္ခဏာများကို နာဇရက်မြို့သား ယေရှုအားဖြင့် ပြတော်မူခဲ့ပြီ။ ဤအရာများအားဖြင့် ယေရှုသည် ဘုရားသခင်၏စေလွှတ်တော်မူခြင်းခံရသူ အမှန်တကယ်ဖြစ်ကြောင်းကို လူသိရှင်ကြား သက်သေပြတော်မူခဲ့ပြီ။
တရားစီရင်သောနေ့တွင် ‘သခင်… သခင်… အကျွန်ုပ်တို့သည် သခင်၏အမည်နာမတော်အားဖြင့် ဟောပြောသွန်သင်ခဲ့ကြသည်မဟုတ်လော။ သခင်၏အမည်နာမတော်အားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်ခဲ့ကြသည်မဟုတ်လော။ သခင်၏အမည်နာမတော်အားဖြင့် အံ့ဖွယ်တန်ခိုးများစွာကို ပြခဲ့ကြသည်မဟုတ်လော’ ဟူ၍ လူတို့သည် ငါ့အား လျှောက်ကြလိမ့်မည်။