သင့်ကိုကောင်းချီးပေးသောသူတို့ကို ငါကောင်းချီးပေး၍ သင့်ကိုကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ ကမ္ဘာမြေကြီးပေါ်ရှိ မျိုးနွယ်စုအပေါင်းတို့သည် သင့်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
တမန်တော်ဝတ္ထု 3:25 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ပရောဖက်တို့၏သားမြေးများဖြစ်ကြသည်သာမက ဘုရားသခင်သည် အာဗြဟံအား ‘ကမ္ဘာပေါ်ရှိလူမျိုးစုအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်’ဟု မိန့်တော်မူလျက် သင်တို့၏ဘိုးဘေးများနှင့်ပြုခဲ့သော ပဋိညာဉ်၏သားမြေးများလည်းဖြစ်ကြ၏။ Common Language Bible ထိုပရောဖက်များဖြင့်ဘုရားသခင်ပေးတော် မူသောကတိများသည် သင်တို့နှင့်ဆိုင်၏။ သင်တို့ ဘိုးဘေးများနှင့်ဘုရားသခင်ပြုတော်မူသော ပဋိညာဉ်တော်သည်လည်းသင်တို့နှင့်ဆိုင်၏။ ဘုရား သခင်ကအာဗြဟံအား`သင်၏အမျိုးအနွယ် အားဖြင့်ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံစားကြရလိမ့်မည်' ဟုမိန့်တော်မူခဲ့သတည်း။- Garrad Bible သင် တို့ သည် ထို ပ ရော ဖက် တို့ သား များ ဖြစ် သည့် အ ပြင် အာ ဗြ ဟံ အား၊ သင်၏ အ မျိုး အ နွယ် အား ဖြင့် မြေ ပေါ် ရှိ လူ မျိုး ခပ် သိမ်း တို့ သည် ကောင်း ချီး မင်္ဂ လာ ခံ ရ ကြ လိမ့် မည် ဟူ၍ ဗျာ ဒိတ် ပေး တော် မူ လျက် သင် တို့ ဘိုး ဘေး များ နှင့် ဘု ရား သ ခင် ဖွဲ့ တော် မူ ခဲ့ သော ပ ဋိ ညာဉ် တော့် သား များ လည်း ဖြစ် ကြ သည် နှင့် အ ညီ၊ Judson Bible သင်တို့သည် ပရောဖက်အမျိုးအနွယ်ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံကို၊ သင်၏ အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါတို့ ဘိုးဘေးများတို့အား ပေးတော်မူသော ပဋိညာဉ်တရားတော်နှင့် သင်တို့သည်ဆိုင်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ပရောဖက်တို့၏သားသမီးများဖြစ်ကြ၍ ဘုရားသခင်နှင့် ဘိုးဘေးတို့အကြား ဖွဲ့သည့် ပဋိညာဉ်တရားတော်နှင့်ဆိုင်သော မျိုးဆက်များလည်း ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံအား ‘သင်၏အမျိုးအနွယ်အားဖြင့် မြေကြီးပေါ်၌ လူမျိုးစုရှိသမျှတို့သည် ကောင်းချီးမင်္ဂလာကို ခံရလိမ့်မည်’ ဟူ၍ မိန့်တော်မူ၏။ |
သင့်ကိုကောင်းချီးပေးသောသူတို့ကို ငါကောင်းချီးပေး၍ သင့်ကိုကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ ကမ္ဘာမြေကြီးပေါ်ရှိ မျိုးနွယ်စုအပေါင်းတို့သည် သင့်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဘုရားသခင်ကလည်း “မှန်ပေ၏။ သို့သော် သင်၏မယားစာရာသည် သင့်အတွက် သားကိုမွေးဖွားလိမ့်မည်။ သင်သည် သူ၏အမည်ကို ဣဇက်ဟု မှည့်ခေါ်ရမည်။ ငါသည် ငါ၏ပဋိညာဉ်ကို သူ၌တည်စေ၍ နောင်လာမည့် သူ၏သားစဉ်မြေးဆက်တို့အတွက် ထာဝရပဋိညာဉ်ဖြစ်စေမည်။
အာဗြဟံသည် အမှန်ပင် ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးဖြစ်လာမည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့သည်လည်း သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။
ယခု ထိုသူ၏မယားကို ပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်သောကြောင့် သင့်အတွက်ဆုတောင်းပေးလိမ့်မည်။ ထိုအခါ သင်သည် အသက်ချမ်းသာရာရလိမ့်မည်။ သို့သော် သင်ပြန်မပေးလျှင် သင်နှင့်တကွ သင်နှင့်သက်ဆိုင်သူအားလုံးသည် မုချသေရမည်ကို သိမှတ်လော့”ဟု အဘိမလက်မင်းကြီးအား အိပ်မက်ထဲတွင် မိန့်တော်မူ၏။
ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။ အကြောင်းမူကား သင်သည် ငါ့စကားကိုနားထောင်သောကြောင့်ဖြစ်၏”ဟု မြွက်ဆို၏။
ငါသည် သင်၏သားစဉ်မြေးဆက်ကို ကောင်းကင်ကြယ်နှင့်အမျှများပြားစေ၍ သင်၏သားစဉ်မြေးဆက်အား ဤမြေရှိသမျှတို့ကို ပေးမည်။ ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။
သင်၏သားစဉ်မြေးဆက်သည် မြေမှုန့်ကဲ့သို့များပြား၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်ရပ်သို့ပျံ့နှံ့လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင့်အားဖြင့်လည်းကောင်း၊ သင်၏အမျိုးအနွယ်အားဖြင့်လည်းကောင်း ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။
ထိုကတိတော်ကို ယာကုပ်အဖို့ ပြဋ္ဌာန်းချက်အဖြစ်၊ အစ္စရေးအဖို့ ထာဝရပဋိညာဉ်အဖြစ် တည်စေတော်မူပြီး
သူသည် ရှေ့တော်တွင် စိတ်သဘောဖြောင့်မှန်သောသူဖြစ်ကြောင်း ကိုယ်တော်တွေ့မြင်သဖြင့် ခါနာန်ပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို သူ၏သားစဉ်မြေးဆက်တို့အားပေးရန် သူနှင့်ပဋိညာဉ်ပြုတော်မူ၏။ ကိုယ်တော်သည်လည်း ဖြောင့်မတ်တော်မူသည်ဖြစ်၍ ကတိတော်ကိုတည်စေတော်မူ၏။
ကမ္ဘာမြေအစွန်းရှိသမျှတို့သည် သတိရကြ၍ ထာဝရဘုရားထံသို့ပြန်လှည့်လာကြလိမ့်မည်။ တိုင်းနိုင်ငံများမှမျိုးနွယ်စုအပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်ကြလိမ့်မည်။
လူမျိုးတို့၏မျိုးနွယ်စုတို့၊ ထာဝရဘုရားကိုသိမှတ်ဝန်ခံကြလော့။ ထာဝရဘုရား၌ ဘုန်းအသရေနှင့်အစွမ်းတန်ခိုးရှိကြောင်း သိမှတ်ဝန်ခံကြလော့။
ဤသည်ကား ငါတို့၏ဘိုးဘေးများအပေါ် ကရုဏာတော်ကိုပြသတော်မူရန်နှင့် ငါတို့ကို ရန်သူတို့လက်မှကယ်နုတ်၍ အသက်ရှင်သမျှကာလပတ်လုံး ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့တော်၌ သန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်းတို့ဖြင့် ကိုယ်တော်ကို ဝတ်ပြုရသောအခွင့်ပေးမည်ဟု ငါတို့အဖအာဗြဟံအား တိုင်တည်၍မိန့်တော်မူသည့် ကတိသစ္စာတည်းဟူသော ကိုယ်တော်၏သန့်ရှင်းသောပဋိညာဉ်ကို အောက်မေ့တော်မူရန်ဖြစ်၏။
အာဗြဟံ၏အမျိုးအနွယ်ဝင်ဖြစ်သူများနှင့် သင်တို့ထဲမှ ဘုရားသခင်ကိုကြောက်ရွံ့သောညီအစ်ကိုတို့၊ ဤကယ်တင်ခြင်းသတင်းစကားသည် ငါတို့ထံသို့ ပေးပို့ခြင်းခံရ၏။
အကြောင်းမူကား ဤကတိတော်သည် သင်တို့နှင့်သင်တို့၏သားသမီးများမှစ၍ အဝေး၌ရှိသောသူအားလုံးဖြစ်ကြသော ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ်တော်မူသမျှသောသူတို့အတွက်ဖြစ်၏”ဟု ဆိုလေ၏။
တစ်ဖန် ငါဆိုသည်ကား ခရစ်တော်သည် ဘုရားသခင်၏သမ္မာတရားကိုထင်ရှားစေရန် အရေဖျားလှီးထားသောသူတို့၏အစေခံဖြစ်တော်မူ၏။ ထိုသို့ဖြစ်တော်မူခြင်းမှာ ရှေးဘိုးဘေးတို့အား ပေးထားသောကတိတော်တို့ကို တည်မြဲစေရန်နှင့်
ကမ္ဘာလောကကိုအမွေဆက်ခံသူဖြစ်မည်ဟု အာဗြဟံ၊ သို့မဟုတ် သူ၏အမျိုးအနွယ်အား ပေးတော်မူသောကတိတော်သည် ပညတ်တရားကိုထောက်၍ ပေးတော်မူသည်မဟုတ်ဘဲ ယုံကြည်ခြင်းနှင့်ဆိုင်သောဖြောင့်မတ်ခြင်းကိုထောက်၍ ပေးတော်မူ၏။
ဘုရားသခင်သည် အာဗြဟံနှင့်သူ၏အမျိုးအနွယ်အား ကတိပေးတော်မူရာ၌ အများကိုရည်ညွှန်း၍ “အမျိုးအနွယ်တို့”ဟု မိန့်တော်မမူဘဲ တစ်ယောက်သောသူကိုသာရည်ညွှန်း၍ “သင်၏အမျိုးအနွယ်”ဟု မိန့်တော်မူ၏။ ထိုသူကား ခရစ်တော်ဖြစ်၏။
သင်တို့သည် ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ဖြစ်၍ ကတိတော်အရ အမွေခံများဖြစ်ကြ၏။
ဘုရားသခင်သည် လူမျိုးခြားတို့ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူမည်ဖြစ်ကြောင်း ကျမ်းစာသည် ကြိုတင်သိမြင်၍ အာဗြဟံအား “လူမျိုးအပေါင်းတို့သည် သင့်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်”ဟူသည့် ကောင်းမြတ်သောသတင်းကို ကြိုတင်ဟောပြောလေ၏။
ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်အလယ်၌ပျံသန်းနေသည်ကို ငါမြင်ရ၏။ သူသည် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်ကြသူများတည်းဟူသော တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးတို့အား ဟောပြောရန် ထာဝရတည်သည့်ကောင်းမြတ်သောသတင်းကိုယူဆောင်လာ၏။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး
ထို့နောက် ငါကြည့်လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနှင့် ဘာသာစကားအသီးသီးတို့မှ မည်သူမျှမရေတွက်နိုင်သည့်များစွာသောလူအစုအဝေးသည် ဖြူသောဝတ်လုံကိုဝတ်ဆင်ထားလျက် သူတို့လက်၌ စွန်ပလွံခက်များကိုင်ဆောင်ကာ ပလ္လင်တော်နှင့်သိုးသငယ်တော်ရှေ့တွင် ရပ်နေကြ၏။