Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 3:25 - Garrad Bible

25 သင် တို့ သည် ထို ပ ရော ဖက် တို့ သား များ ဖြစ် သည့် အ ပြင် အာ ဗြ ဟံ အား၊ သင်၏ အ မျိုး အ နွယ် အား ဖြင့် မြေ ပေါ် ရှိ လူ မျိုး ခပ် သိမ်း တို့ သည် ကောင်း ချီး မင်္ဂ လာ ခံ ရ ကြ လိမ့် မည် ဟူ၍ ဗျာ ဒိတ် ပေး တော် မူ လျက် သင် တို့ ဘိုး ဘေး များ နှင့် ဘု ရား သ ခင် ဖွဲ့ တော် မူ ခဲ့ သော ပ ဋိ ညာဉ် တော့် သား များ လည်း ဖြစ် ကြ သည် နှင့် အ ညီ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 ထို​ပ​ရော​ဖက်​များ​ဖြင့်​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​က​တိ​များ​သည် သင်​တို့​နှင့်​ဆိုင်​၏။ သင်​တို့ ဘိုး​ဘေး​များ​နှင့်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​သည်​လည်း​သင်​တို့​နှင့်​ဆိုင်​၏။ ဘု​ရား သ​ခင်​က​အာ​ဗြ​ဟံ​အား`သင်​၏​အ​မျိုး​အ​နွယ် အား​ဖြင့်​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​ကြ​ရ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ခဲ့​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 သင်​တို့​သည် ပ​ရော​ဖက်​အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​ကို၊ သင်၏ အ​မျိုး​အ​နွယ်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ထား​တော်​မူ၍၊ ငါ​တို့ ဘိုး​ဘေး​များ​တို့​အား ပေး​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​တော်​နှင့် သင်​တို့​သည်​ဆိုင်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သင်​တို့​သည် ပရောဖက်​တို့​၏​သား​မြေး​များ​ဖြစ်​ကြ​သည်​သာမက ဘုရားသခင်​သည် အာဗြဟံ​အား ‘ကမ္ဘာ​ပေါ်​ရှိ​လူမျိုးစု​အပေါင်း​တို့​သည် သင်​၏​အမျိုးအနွယ်​အားဖြင့် ကောင်းချီး​မင်္ဂလာ​ခံစား​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​လျက် သင်​တို့​၏​ဘိုးဘေး​များ​နှင့်​ပြု​ခဲ့​သော ပဋိညာဉ်​၏​သား​မြေး​များ​လည်း​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 သင်တို့​သည် ပရောဖက်တို့​၏​သားသမီးများ​ဖြစ်ကြ​၍ ဘုရားသခင်​နှင့် ဘိုးဘေးတို့​အကြား ဖွဲ့သည့် ပဋိညာဉ်တရားတော်​နှင့်​ဆိုင်သော မျိုးဆက်များ​လည်း ဖြစ်ကြ၏။ ဘုရားသခင်​သည် အာဗြဟံ​အား ‘သင်​၏​အမျိုးအနွယ်​အားဖြင့် မြေကြီး​ပေါ်​၌ လူမျိုးစု​ရှိသမျှတို့​သည် ကောင်းချီးမင်္ဂလာ​ကို ခံရ​လိမ့်မည်’ ဟူ၍ မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 3:25
30 ပူးပေါင်းရင်းမြစ်များ  

သင် သည် မင်္ဂ လာ အ ရင်း ခံ ဖြစ် လ တ္တံ့။ သင့် ကို မင်္ဂ လာ ပေး သူ တို့ အား ငါ မင်္ဂ လာ ပေး မည်။ သင့် ကို အ မင်္ဂ လာ ပေး သော သူ ၌ ငါ အ မင်္ဂ လာ ရောက် စေ မည်။ သင့် အား ဖြင့် လည်း မြေ ပေါ် ရှိ လူ မျိုး ခပ် သိမ်း တို့ မင်္ဂ လာ ခံ ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ၏။


ဘု ရား သ ခင် မိန့် တော် မူ ပြန် သည် မှာ သင့် မ ယား စာ ရာ ကား၊ သား ယော ကျ်ား ကို ဖွား လိမ့် မည်။ ထို သား၏ အ မည် ကို လည်း ဣ ဇာက် ဟု မှည့် ရ မည်။ သူ မှ ဆင်း သက် သော အ မျိုး အ နွယ် အ တွက် ထာ၀ ရ ပ ဋိ ညာဉ် ဖြစ် စေ ခြင်း ငှါ ပ ဋိ ညာဉ် ကို ထို သူ နှင့် ငါ ဖွဲ့ ထား မည်။


ထို ကြောင့် လင် အား သူ့ မ ယား ကို ပြန် အပ် လော့။ သူ သည် ပ ရော ဖက် ဖြစ်၍ သင့် အ ဖို့ ပ ဌ နာ ပြု လျှင် သင် သည် အ သက် ချမ်း သာ ရ လိမ့် မည်။ ပြန် ၍ မ အပ် ခဲ့ မူ သင် မှ စ၍ သင် နှင့် ဆိုင် သူ အ ပေါင်း တို့ သည် မု ချ သေ ရ ကြ မည် ကို သိ မှတ် လော့ ဟု မိန့် တော် မူ ၏။


ငါ့ စ ကား ကို သင် နား ထောင် သည် ဖြစ်၍ သင့် အ မျိုး အ နွယ် အား ဖြင့် မြေ ပေါ် ရှိ လူ မျိုး ခပ် သိမ်း တို့ သည် ကောင်း ကြီး မင်္ဂ လာ ကို ခံ ရ ကြ လ တ္တံ့ ဟု ငါ့ ကိုယ် တိုင် ကို တိုင် တည်၍ သ စ္စာ ထား သည် ဟူ သော ဗျာ ဒိတ် တော် ကို စေ တ မန် တော် ဆင့် ဆို ၏။


သင့် အ မျိုး အ နွယ် ကို ကောင်း ကင် ကြယ် လုံး ရေ ကဲ့ သို့ ပွား များ စေ မည်။ ထို အ မျိုး အ နွယ် အား ဤ ပြည် ထောင် ရှိ သ မျှ ကို ငါ ပေး မည်။ ၎င်း အ မျိုး အ နွယ် အား ဖြင့် လည်း မြေ ပေါ် ရှိ လူ မျိုး ခပ် သိမ်း တို့ သည် မင်္ဂ လာ ခံ ရ ကြ လိမ့် မည်။


သင့် အ မျိုး အ နွယ် သည် မြေ မုန့် နှင့် အ မျှ များ ပြား၍ အ ရှေ့၊ အ နောက်၊ တောင်၊ မြောက်၊ အ ရပ် များ သို့ နှံ့ ပြား ကြ လိမ့် မည်။ သင် နှင့် အ မျိုး အ နွယ် အား ဖြင့် လည်း မြေ ပေါ် ရှိ လူ မျိုး ခပ် သိမ်း တို့ မင်္ဂ လာ ခံ ရ ကြ လိမ့် မည်။


ယုံ ကြည် သော စိတ် ရှိ သည် ကို တွေ့ တော် မူ သ ဖြင့်၊ ခါ န နိ၊ ဟိ တ္တိ၊ အာ မော ရိ၊ ဖေ ရ ဇိ၊ ယေ ဗု သိ၊ ဂိ ရ ဂါ ရှိ လူ မျိုး တို့ ပြည် ကို၊ သူ နှင့် အ ဆက် အ နွယ် တို့ အား ပေး မည် ဟူ သော ပ ဋိ ညာဉ် ကို၊ ဖြောင့် မတ် တော် မူ သည် နှင့် အ ညီ၊ အ တည် ပြု တော် မူ သော ဘု ရား ဖြစ် တော် မူ ပါ ၏။


ထာ ဝ ရ ဘု ရား သည်၊ နိုင် ငံ တော်၏ ဘု ရင်၊ လူ မျိုး ခြား တို့ အ ပေါ် တွင်၊ အုပ် စိုး သော အ ရှင် ဖြစ် တော် မူ သော ကြောင့်၊


လူ အ မျိုး အ နွယ် ခပ် သိမ်း တို့၊ ထာ ဝ ရ ဘု ရား သည် ဘုန်း တန် ခိုး ကြီး တော် မူ ကြောင်း ဝန် ခံ၍၊


အာ ဗြ ဟံ့ အ မျိုး သား တို့ မှ စ၍ ဘု ရား သ ခင် ကို ခန့် ညား သော ညီ အစ် ကို တို့၊ ဤ ကယ် တင် တော် မူ ခြင်း ဆိုင် ရာ သ တင်း ကို ငါ တို့ ထံ ပို့ လိုက် တော် မူ ပြီ။


က တိ တော် မူ ကား သင် တို့ မှ စ၍ သား စဉ် မြေး ဆက် တို့ ပြင် ဝေး ကွာ သူ အ ပေါင်း တို့ အ နက် ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ခေါ် တော် မူ မည့် သူ ရှိ သ မျှ နှင့် စပ် ဆိုင် သ တည်း ဟု ဖြေ ဆို ပြီး လျှင်၊


ထို သို့ ဆို သော် ဘု ရား သ ခင့် သ စ္စာ တော် ကို ထောက်၍ ခ ရစ် တော် သည် ဘိုး ဘေး တို့ အား ထား တော် မူ ခဲ့ သော က တိ တော် များ ကို အ တည် ပြု ခြင်း ငှါ လည်း ကောင်း၊ ဘု ရား သ ခင်၏ က ရု ဏာ တော် အ တွက် ဘုန်း တော် ကို လူ မျိုး ခြား တို့ ချီး မြှောက် ခွင့် ရှိ စေ ခြင်း ငှါ လည်း ကောင်း၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ဆိုင် ရာ အ မှု တော် ဆောင် ဖြစ် တော် မူ၏။ ထို အ တိုင်း ပင် ကိုယ် တော်၏ ကျေး ဇူး တော် ကို လူ မျိုး ခြား တို့ ဘောင် တွင် အ ကျွန်ုပ် ချီး မွမ်း ပါ မည်။ နာ မ တော် ဂုဏ် ကို သီ ချင်း ဖွဲ့ ဆို ပါ မည် ဟူ၍ လည်း ကောင်း၊


ဤ လော က ကို အ ပိုင် ရ မည် ဟု အာ ဗြ ဟံ နှင့် အ ဆက် အ နွယ် တို့ အား ထား တော် မူ သော က တိ တော် ကို ပ ညတ် တ ရား အား ဖြင့် မ ဟုတ်၊ ယုံ ကြည် ခြင်း ကြောင့် ဖြောင့် မတ် ခြင်း အား ဖြင့် ရ ကြ၏။


အာ ဗြ ဟံ နှင့် အ မျိုး အ နွယ် အား ပေး ထား တော် မူ သော က တိ တော် မှာ ဗ ဟု ဝုစ် အ မျိုး အ နွယ် တို့ ဟု မ မိန့်။ ခ ရစ် တော် ကို ဆို လို၍ ဧ က ဝုစ် အ မျိုး အ နွယ် ဟု မိန့် တော် မူ ၏။


ခ ရစ် တော့် ပိုင် ရာ တော် ဖြစ် လျှင် လည်း အာ ဗြ ဟံ၏ အ မျိုး အ နွယ် က တိ တော် အ တိုင်း အ မွေ ခံ ဖြစ် ကြ သ တည်း။


ဘု ရား သ ခင် ဖြောင့် မတ် ရာ ရောက် စေ တော် မူ မည် ဟု မျှော် မြင် သော ကျမ်း ဂန် တော် က သင့် အား ဖြင့် လူ အ မျိုး မျိုး တို့ ကောင်း ကြီး မင်္ဂ လာ ခံ ရ ကြ လိမ့် မည် ဟူ၍ အာ ဗြ ဟံ အား တင် ရင် ကြား ပြော သည့် အ လျောက်၊


တစ် ဖန် မြေ ကြီး ပေါ် တွင် နေ ထိုင် သူ၊ ဘာ သာ စ ကား အ ပုံ ပုံ ပြော ဆို သော လူ အ မျိုး မျိုး အ နွယ် နွယ် တို့ အား ကြား ပြော ရန် နိစ္စ သ တင်း တော် မြတ် ဆောင် သော စေ တ မန် တော် တစ် ပါး က ဘု ရား သ ခင် ကို ခန့် ညား ၍ ဘုန်း တော် ကို ချီး မွမ်း ကြ လော့။ စီ ရင် ဆုံး ဖြတ် တော် မူ ချိန် တိုင် ရောက် ပြီ။ မိုး မြေ ကို လည်း ကောင်း၊ သ မု ဒ္ဒ ရာ နှင့် စမ်း ပေါက် များ ကို လည်း ကောင်း၊ ဖန် ဆင်း တော် မူ သော အ ရှင် အား ရှိ ခိုး ကြ လော့ ဟု ကျယ် သော အ သံ နှင့် ကြွေး ကြော် လျက် ကောင်း ကင့် အ လယ် တွင် ပျံ ဝဲ သည် ကို ငါ မြင် ရ ၏။


ထို နောက် ငါ မျှော် ကြည့် သော် ဘာ သာ စ ကား အ ပုံ ပုံ ပြော ဆို သော လူ အ မျိုး မျိုး အ နွယ် နွယ် တို့ အ နက် မည် သူ မျှ မ ရေ မ တွက် နိုင် သော လူ ပ ရိတ် သတ် ကြီး သည် ပ လ္လင် တော် နှင့် သိုး ငယ် တော့် ရှေ့ ဖွဲ့ ဖြူ ဝတ် လုံ ဆင် လျက် စွန် ပ လွံ လက် များ ကိုင် လျက်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ