ကရေတေကျွန်းသားများ၊ အာရပ်ပြည်သားများလည်းရှိကြ၏။ သို့ဖြစ်လျက်နှင့် ဤသူတို့သည် ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့ကို ငါတို့၏ဘာသာစကားများဖြင့် ပြောဆိုနေကြသည်ကို ငါတို့ကြားရပါသည်တကား”ဟု ပြောဆိုကြ၏။
တမန်တော်ဝတ္ထု 27:7 - မြန်မာ့စံမီသမ္မာကျမ်း ရက်ပေါင်းများစွာတစ်ရွေ့ရွေ့ရွက်လွှင့်ကြပြီးနောက် ကနိဒ်မြို့နားသို့ ခက်ခဲစွာဖြင့်ရောက်ရှိကြ၏။ ငါတို့သည် လေကြောင့် ဆက်မသွားနိုင်တော့သဖြင့် သာလမုန်အငူနားမှဖြတ်၍ ကရေတေကျွန်း၏လေကွယ်ရာဘက်မှ ရွက်လွှင့်သွားကြ၏။ Common Language Bible ကျွန်ုပ်တို့သည်တရွေ့ရွေ့ရက်ပေါင်းများစွာရွက် လွှင့်ပြီးနောက် ကနိဒ်မြို့အနီးသို့ခက်ခက်ခဲခဲ နှင့်ရောက်ကြ၏။ လေမသင့်၍ရှေ့သို့မသွား နိုင်သဖြင့်ကျွန်ုပ်တို့သည်သာလမုန်အငူ အနီးမှဖြတ်၍ ကရေတေကျွန်းတောင်ဘက် လေရိပ်ကိုခိုလျက်ရွက်လွှင့်ကြ၏။- Garrad Bible ရက် ပေါင်း များ စွာ တ ဖြည်း ဖြည်း တိုက် သွား လျက် က နိဒ် မြို့ ရင် ဆိုင် သို့ ခက် ခဲ စွာ ရောက် သော် လေ ပြင်း တိုက်၍ ရှေ့ ရှု မ သွား နိုင် သော ကြောင့် သာ လ မုန် အ ငူ ရင် ဆိုင် က၊ က ရေ တေ ကျွန်း တစ် လျှောက် လေ ခို လျက်၊ Judson Bible နှေးနှေးသာသွား၍ နေ့ရက်ကာလကြာသောအခါ၊ ပင်ပန်းစွာ ကြိုးစား၍ ကနိဒ်မြို့နှင့်တည့်တည့်ရောက်ပြီးမှ၊ လေမသင့်သောကြောင့် ကရေတေကျွန်း အရှေ့ဘက်၊ သာလမုန်အငူနှင့်တည့်တည့်သို့ ပင်ပန်းစွာ လျှောက်သွား၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ရက်ပေါင်းများစွာ ဖြည်းဖြည်းသာ ရွက်လွှင့်ကြပြီး ကနိဒ်မြို့အနီးသို့ ခက်ခဲစွာ ရောက်ရှိကြ၏။ လေသည် ဆန့်ကျင်ဘက်တိုက်ခတ်သောကြောင့် သာလမုန်အငူနားမှဖြတ်၍ ကရေတေကျွန်း၏လေကွယ်ရာဘက်မှ ရွက်လွှင့်ကြ၏။ |
ကရေတေကျွန်းသားများ၊ အာရပ်ပြည်သားများလည်းရှိကြ၏။ သို့ဖြစ်လျက်နှင့် ဤသူတို့သည် ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့ကို ငါတို့၏ဘာသာစကားများဖြင့် ပြောဆိုနေကြသည်ကို ငါတို့ကြားရပါသည်တကား”ဟု ပြောဆိုကြ၏။
လူတို့သည် ကြာမြင့်စွာအစာမစားဘဲနေကြသောအခါ ပေါလုသည် သူတို့အလယ်၌ရပ်လျက် “အို မိတ်ဆွေတို့၊ သင်တို့သည် အကျွန်ုပ်၏စကားကိုနားထောင်၍ ကရေတေကျွန်းမှမထွက်ခွာဘဲ နေသင့်ပေသည်။ သို့ပြုလျှင် ဤဘေးအန္တရာယ်နှင့်ဆုံးရှုံးမှုတို့မှ ကင်းလွတ်ခဲ့ရကြပေလိမ့်မည်။
ထိုမြို့မှရွက်လွှင့်ကြသောအခါ လေဆန်ဖြစ်နေသဖြင့် ဆိုက်ပရပ်ကျွန်း၏လေကွယ်ရာဘက်မှ ရွက်လွှင့်သွားကြ၏။
ကရေတေကျွန်းသားများထဲမှ သူတို့၏အမျိုးသားချင်းပရောဖက်တစ်ဦးက “ကရေတေကျွန်းသား၊ လူလိမ်များကား၊ ဆိုးသွမ်းသားရဲ၊ မြဲစားကြူးသူ၊ ပျင်းရိလူ”ဟု စပ်ဆိုထား၏။
ကရေတေကျွန်းတွင် သင့်ကို ငါထားခဲ့ခြင်းမှာ သင့်အား ငါမှာကြားထားသည့်အတိုင်း လိုအပ်သည့်အရာများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် အသင်းတော်အကြီးအကဲများကို ခန့်ထားရန်အတွက်ဖြစ်၏။