အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
တမန်တော်ဝတ္ထု 25:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖေတ္တုမင်းသည် အတိုင်ပင်ခံများနှင့်တိုင်ပင်ပြီးနောက် “သင်သည် ဆီဇာဧကရာဇ်ထံ အယူခံဝင်သည်ဖြစ်၍ ဆီဇာဧကရာဇ်ထံသို့ သွားရမည်”ဟု ပြန်ဖြေလေ၏။ Common Language Bible ထိုအခါဖေတ္တုသည်မိမိ၏အတိုင်ပင်ခံ အရာရှိများနှင့်တိုင်ပင်ပြီးနောက် ``သင် သည်ဧကရာဇ်ဘုရင်ထံအယူခံသဖြင့် ဧကရာဇ်ဘုရင်ထံသို့သွားရမည်'' ဟု ဆို၏။ Garrad Bible ထို အ ခါ ဖေ တ္ထု မင်း သည် မင်း တိုင် ပင် တို့ နှင့် နှီး နှော ပြီး လျှင် ကဲ သာ မင်း ထံ သင် အ ယူ တော် ခံ လို သည့် အ တိုင်း ကဲ သာ မင်း ထံ သွား ရ မည် ဟု မိန့် ဆို၏။ Judson Bible ထိုအခါ ဖေတ္တုမင်းသည် တိုင်ပင်ဘက်တို့နှင့် တိုင်ပင်ပြီးလျှင်၊ သင်သည် ကဲသာဘုရင်၏အယူတော်ကို ခံပါမည်ဟုဆိုသလော။ ကဲသာဘုရင်ထံတော်သို့ သွားရမည်ဟုဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖေတ္တုမင်းသည် မိမိ၏အတိုင်ပင်ခံများနှင့် ဆွေးနွေးတိုင်ပင်ပြီးလျှင် “သင်သည် ဆီဇာဘုရင်ထံ၌အယူခံဝင်သဖြင့် သူ့ထံသို့သွားရမည်” ဟု ဆိုလေ၏။ |
အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
မြေကြီးသားတို့ကို ဘာမျှမဟုတ်သောအရာကဲ့သို့ မှတ်တော်မူ၏။ ကောင်းကင်သားကိုဖြစ်စေ၊ မြေကြီးသားကိုဖြစ်စေ အလိုရှိသည့်အတိုင်း ပြုတော်မူ၏။ ကိုယ်တော်၏လက်တော်ကို ဆီးတားနိုင်သောသူမရှိ။ “ကိုယ်တော် မည်သို့ပြုဘိသနည်း”ဟု ဆိုနိုင်သောသူမရှိ။
သို့ဖြစ်၍ ဆရာမည်သို့ထင်မြင်ကြောင်း အကျွန်ုပ်တို့အား ပြောပြပါ။ ဆီဇာဧကရာဇ်ကို အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော”ဟု မေးလျှောက်စေကြ၏။
ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဝိညာဉ်တော်အားဖြင့်ဆုံးဖြတ်လျက် “ငါသည် ထိုမြို့သို့သွားပြီးလျှင် ရောမမြို့ကိုလည်း မြင်ရမည်”ဟု ဆို၏။
ထိုည၌ သခင်ဘုရားသည် ပေါလုထံပါး၌ပေါ်လာ၍“မစိုးရိမ်နှင့်။ အကြောင်းမူကား သင်သည် ဂျေရုဆလင်မြို့၌ ငါ့အကြောင်းကို သက်သေခံခဲ့သည့်နည်းတူ ရောမမြို့၌လည်း သက်သေခံရမည်”ဟု မိန့်တော်မူ၏။
အကယ်၍ အကျွန်ုပ်သည်ပြစ်မှားပြီး သေဒဏ်ခံထိုက်သောအပြစ်တစ်စုံတစ်ခုကို ပြုမိခဲ့ပါက သေရမည်ကို အကျွန်ုပ်မငြင်းပါ။ သို့သော် အကျွန်ုပ်ကို ဤသူတို့စွပ်စွဲနေသောအရာများသည် တစ်စုံတစ်ခုမျှ မဟုတ်မမှန်လျှင် မည်သူမျှ အကျွန်ုပ်ကို သူတို့လက်သို့ မအပ်နိုင်ပါ။ အကျွန်ုပ်သည် ဆီဇာဧကရာဇ်ထံ အယူခံဝင်ပါမည်”ဟု လျှောက်လေ၏။
ထိုမှ ရက်အနည်းငယ်ကြာပြီးနောက် အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ်တို့သည် ဖေတ္တုမင်းကိုနှုတ်ဆက်ရန် ဆီဇာရီးယားမြို့သို့ရောက်လာကြ၏။
သို့သော် ပေါလုက ဧကရာဇ်မင်း၏စီရင်ဆုံးဖြတ်ခြင်းကိုခံယူသည်အထိ သူ့အားထိန်းသိမ်းထားပါရန် တောင်းဆိုသဖြင့် သူ့ကို ဆီဇာဧကရာဇ်ထံပို့သည်အထိ ထိန်းသိမ်းထားရန် အမိန့်ပေးထားပါသည်”ဟု ဆိုလေ၏။
အဂြိပ္ပမင်းကြီးကလည်း ဖေတ္တုမင်းအား “ဤသူသည် ဆီဇာဧကရာဇ်ထံ အယူခံမဝင်ခဲ့လျှင် သူ့ကိုလွှတ်ပေးနိုင်သည်”ဟု ဆိုလေ၏။
ငါတို့သည် အီတလီပြည်သို့ရွက်လွှင့်ရမည်ဟု သူတို့ဆုံးဖြတ်ကြသောအခါ သူတို့သည် ပေါလုနှင့်အခြားအကျဉ်းသားအချို့တို့ကို ဧကရာဇ်မင်း၏တပ်ဖွဲ့မှ ယုလိအမည်ရှိသောတပ်မှူးထံ အပ်ကြ၏။
ရောမမြို့သို့ဝင်ကြသောအခါ ပေါလုသည် သူ့ကိုစောင့်ကြပ်သည့် စစ်သားနှင့်အတူ သီးသန့်နေခွင့်ကိုရလေ၏။
ငါသည် မည်သည့်အရာ၌မျှ ရှက်ကြောက်ခြင်းမရှိဘဲ ခါတိုင်းကဲ့သို့ ယခုအခါတွင်လည်း ရဲရင့်ခြင်းအပြည့်အဝရှိလျက် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ၏ကိုယ်ခန္ဓာအားဖြင့် ခရစ်တော်သည် ချီးမွမ်းခြင်းခံရမည့်အကြောင်း မျှော်လင့်တောင့်တ၏။