ထိုအခါ ခေနာနာ၏သားဇေဒကိသည် မိက္ခာယအနားသို့လာပြီး ပါးကိုရိုက်၏။ ထို့နောက် “ထာဝရဘုရား၏ဝိညာဉ်တော်သည် သင်နှင့်စကားပြောရန် ငါ့ထံမှ မည်သည့်အချိန်က ထွက်သွားသနည်း”ဟု မေး၏။
တမန်တော်ဝတ္ထု 23:3 - မြန်မာ့စံမီသမ္မာကျမ်း ပေါလုကလည်း “ထုံးဖြူသုတ်ထားသည့်အုတ်ရိုး၊ ဘုရားသခင်သည် သင့်ကို ရိုက်တော်မူမည်။ သင်သည် ထိုင်၍ အကျွန်ုပ်ကို ပညတ်တရားအတိုင်းစစ်ဆေးစီရင်လျက်နှင့် ပညတ်တရားကိုချိုးဖောက်ပြီး အကျွန်ုပ်ကိုရိုက်ရန် အမိန့်ပေးသလော”ဟု ဆို၏။ Common Language Bible ပေါလုက ``ထုံးဖြူသုတ်သည့်အုတ်ရိုး၊ သင့်ကို ဘုရားသခင်မုချဒဏ်ခတ်တော်မူမည်။ သင် သည်အကျွန်ုပ်အားတရားဥပဒေအရ စစ်ဆေးစီရင်ရန် တရားခွင်တွင်ထိုင်လျက် နေစဉ်၌ပင် အကျွန်ုပ်ကိုအရိုက်ခိုင်းခြင်း ဖြင့်တရားဥပဒေကိုချိုးဖောက်ပါသည် တကား'' ဟုဆို၏။ Garrad Bible ပေါ လု က အ ချင်း ထုံး ဖြူ သုတ် တံ တိုင်း၊ သင့် ကို ဘု ရား သ ခင် ရိုက် တော် မူ လိမ့် မည်။ တ ရား အ တိုင်း ကျွန်ုပ် ကို စီ ရင် ဆုံး ဖြတ် ရန် ထိုင် နေ လျက် တ ရား နှင့် ဆန့် ကျင်၍ ရိုက် စေ ရန် အ မိန့် ရှိ ရာ သ လော ဟု ဆို၏။ Judson Bible ထိုအခါပေါလုက၊ အဖြူသုတ်သောအုတ်ရိုး၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည်။ သင်သည် အကျွန်ုပ်ကို တရားနှင့်အညီ စီရင်ခြင်းငှာ ထိုင်နေလျက်ပင်၊ သူ့ကိုရိုက်လော့ဟု မတရားသဖြင့် စီရင်ရမည်လော ဟုဆို၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ပေါလုက ယဇ်ပုရောဟိတ်မင်းအား “အို အကျင့်ပျက်ခြစား၍ သူတော်ကောင်းယောင်ဆောင်သူ… ဘုရားသခင်သည် သင့်ကိုရိုက်တော်မူလိမ့်မည်။ သင်သည် ပညတ်ကျမ်းအတိုင်း ကျွန်ုပ်ကို တရားစီရင်ရန် ထိုင်လျက်နေစဉ် ထိုပညတ်တရားကို ကိုယ်တိုင်ချိုးဖောက်၍ ကျွန်ုပ်ကို ရိုက်ရန် အမိန့်ပေးသလော” ဟု ဆိုလေ၏။ |
ထိုအခါ ခေနာနာ၏သားဇေဒကိသည် မိက္ခာယအနားသို့လာပြီး ပါးကိုရိုက်၏။ ထို့နောက် “ထာဝရဘုရား၏ဝိညာဉ်တော်သည် သင်နှင့်စကားပြောရန် ငါ့ထံမှ မည်သည့်အချိန်က ထွက်သွားသနည်း”ဟု မေး၏။
ပြဋ္ဌာန်းချက်အားဖြင့် အခက်အခဲပြဿနာကို ဖြစ်ပေါ်စေသော ယုတ်မာစဉ်းလဲသည့်ရာဇပလ္လင်သည် ကိုယ်တော်နှင့်မိတ်ဖွဲ့နိုင်ပါမည်လော။
တစ်ဖန် နေအောက်တွင် တရားစီရင်ခြင်းနှင့်ဆိုင်သောအရပ်၌ ဆိုးယုတ်ခြင်းရှိကြောင်းနှင့် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအရပ်၌လည်း ဆိုးယုတ်ခြင်းရှိကြောင်း ငါတွေ့မြင်၏။
တရားစီရင်ရာတွင် မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူကို ဘက်မလိုက်ရ။ ချမ်းသာသောသူကိုလည်း မလိုက်လျောရ။ သင်၏အိမ်နီးချင်းကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
တရားစီရင်ရာတွင်ဖြစ်စေ၊ တိုင်းထွာရာတွင်ဖြစ်စေ၊ ချိန်တွယ်ရာတွင်ဖြစ်စေ၊ ရေတွက်ရာတွင်ဖြစ်စေ မတရားသဖြင့်မပြုလုပ်ရ။
သင်တို့သည် တရားမျှတမှုကို ခါးသီးစေ၍ ဖြောင့်မတ်ခြင်းကို မြေပေါ်ချထားကြပြီ”ဟု မိန့်တော်မူ၏။
ထို့နောက် အန္နတ်သည် ကိုယ်တော်ကိုချည်နှောင်ထားသည့်အတိုင်း ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ပို့လိုက်၏။
“ငါတို့၏ပညတ်တရားသည် လူတစ်ဦးကို သူ့ထံမှ ဦးစွာကြားနာခြင်းမရှိ၊ သူပြုနေသောအမှုအရာကိုလည်းမသိဘဲ စီရင်ပါမည်လော”ဟု ဆိုလျှင်
ထိုအခါ အနီး၌ရပ်နေသောသူတို့က “သင်သည် ဘုရားသခင်၏ယဇ်ပုရောဟိတ်မင်းကို ပုတ်ခတ်ပြောဆိုသလော”ဟု ဆိုကြ၏။