ထိုမိန်းမသည် ပေါလုနှင့်ငါတို့နောက်သို့ လိုက်လာ၍ “ဤသူတို့သည် အမြင့်ဆုံးသောဘုရားသခင်၏အစေအပါးများဖြစ်ကြပြီး သင်တို့အား ကယ်တင်ခြင်းတရားလမ်းကိုဟောပြောနေသူများဖြစ်ကြ၏”ဟု အော်ဟစ်လေ၏။
တမန်တော်ဝတ္ထု 22:4 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ဤလမ်းစဉ်ကိုလိုက်သောသူတို့အား အသေသတ်သည်အထိ ညှဉ်းဆဲခဲ့၍ ယောက်ျား၊ မိန်းမတို့ကို ချည်နှောင်လျက် ထောင်ထဲသို့ပို့ခဲ့ပါသည်။ Common Language Bible အကျွန်ုပ်သည်ယေရှု၏လမ်းစဉ်တော်ကိုလိုက် လျှောက်ကြသူများအား အသေသတ်သည်အထိ ညှဉ်းဆဲနှိပ်စက်ခဲ့ပါ၏။ အမျိုးသား၊ အမျိုး သမီးများကိုဖမ်းဆီး၍ထောင်ချခဲ့ပါ၏။- Garrad Bible ပ ရော ဟိတ် မင်း နှင့် လူ ကြီး အ ပေါင်း တို့ သိ မြင် သည့် အ တိုင်း မဂ် လမ်း တော် လိုက် သော ယောက်ျား၊ မိန်း မ တို့ ကို ချည် နှောင် ထောင် ချ ၍ အ သေ သတ် သည့် တိုင် အောင် ညှဉ်း ပန်း ခဲ့၏။ ထို မင်း တို့ ထံ မှ ငါ သည် ဒ မာ သက် မြို့ ရှိ လူ မျိုး ချင်း တို့ ထံ အ မိန့် စာ များ ရ ပြီး လျှင် ထို မြို့ နေ သူ တို့ ကို လည်း ယေ ရု ရှ လင် မြို့ သို့ ချုပ် နှောင် ခေါ် ယူ ဒဏ် ခတ် ခြင်း ငှာ၊ Judson Bible ယောက်ျားမိန်းမတို့ကို ချည်နှောင်၍ ထောင်ထဲမှာ လှောင်ထားလျက် အသေသတ်ခြင်းသို့ တိုင်အောင်၊ ထိုဘာသာကိုညှဉ်းဆဲပါပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် ခရစ်တော်၏တရားလမ်းကို လိုက်သောသူတို့အား အသေသတ်သည်အထိ ညှဉ်းပန်းနှိပ်စက်လျက် အမျိုးသား အမျိုးသမီးတို့ကို ဖမ်းဆီး၍ ထောင်ထဲသို့ ပို့ခဲ့၏။ |
ထိုမိန်းမသည် ပေါလုနှင့်ငါတို့နောက်သို့ လိုက်လာ၍ “ဤသူတို့သည် အမြင့်ဆုံးသောဘုရားသခင်၏အစေအပါးများဖြစ်ကြပြီး သင်တို့အား ကယ်တင်ခြင်းတရားလမ်းကိုဟောပြောနေသူများဖြစ်ကြ၏”ဟု အော်ဟစ်လေ၏။
သူသည် ဝတ်ပြုစည်းဝေးကျောင်း၌ ရဲရင့်စွာဟောပြောလေ၏။ ပြစ်ကိလနှင့်အာကုလတို့သည် သူဟောပြောသည်ကိုကြားကြသောအခါ သူ့ကိုဖိတ်ခေါ်၍ ဘုရားသခင်၏တရားလမ်းကို ပို၍သေချာစွာရှင်းပြကြ၏။
သို့သော် လူအချို့တို့သည် ခေါင်းမာလျက် မယုံကြည်ဘဲ လူထုပရိသတ်ရှေ့တွင် တရားလမ်းကို ပုတ်ခတ်ပြောဆိုကြသောအခါ ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ ထိုသူတို့ထံမှ ထွက်ခွာပြီး တုရန္နု၏စာသင်ခန်းမ၌ နေ့စဉ်နေ့တိုင်း ဆွေးနွေးပြောဆိုလေ၏။
သို့သော် အကျွန်ုပ်သည် ဂိုဏ်းကွဲဟု သူတို့ခေါ်ဝေါ်သော တရားလမ်းအတိုင်း ဘိုးဘေးတို့၏ဘုရားသခင်ကို ဝတ်ပြုနေကြောင်း အရှင့်ရှေ့၌ဝန်ခံပါသည်။ အကျွန်ုပ်သည် ပညတ်တရားနှင့်ညီသောအရာများနှင့် ပရောဖက်ကျမ်းများတွင် ရေးထားသောအရာရှိသမျှတို့ကို ယုံကြည်လျက်
သူ့ကို မြို့ပြင်သို့ဆွဲထုတ်ပြီးလျှင် ခဲနှင့်ပေါက်ကြ၏။ သက်သေတို့သည် မိမိတို့၏အဝတ်များကို ရှောလုဟုခေါ်သော လူငယ်တစ်ဦး၏ခြေရင်း၌ ချထားကြ၏။
ကြားနာသောသူအပေါင်းတို့သည် အံ့ဩငေးမောလျက် “ဤသူသည် ဂျေရုဆလင်မြို့၌ ဤနာမကို ပတ္ထနာပြုသောသူတို့အား ဖျက်ဆီးရန် ကြိုးစားနေသူဖြစ်ပြီး ထိုသူတို့ကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့ ပို့ဆောင်မည်ဟူသောရည်ရွယ်ချက်ဖြင့် ဤနေရာသို့ရောက်လာသည်မဟုတ်လော”ဟု ပြောဆိုကြ၏။
အမှန်စင်စစ် ငါသည် ဘုရားသခင်၏အသင်းတော်ကို ညှဉ်းဆဲခဲ့သောကြောင့် တမန်တော်များထဲတွင် အသေးသိမ်ဆုံးသောသူဖြစ်ပြီး တမန်တော်ဟုခေါ်ဝေါ်ခြင်းကိုပင် မခံထိုက်ပေ။
ဂျူးဘာသာဝင်အဖြစ် ငါအသက်ရှင်နေထိုင်ခဲ့စဉ်အခါက ငါသည် ဘုရားသခင်၏အသင်းတော်ကို အတိုင်းထက်အလွန်ညှဉ်းဆဲ၍ ထိုအသင်းတော်ကို ဖျက်ဆီးရန်ကြိုးစားခဲ့သည်ကိုလည်းကောင်း၊
စိတ်အားထက်သန်မှုအရဆိုလျှင် အသင်းတော်ကိုညှဉ်းဆဲသောသူ၊ ပညတ်တရားအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းအရဆိုလျှင် အပြစ်တင်စရာမရှိသောသူဖြစ်၏။
များစွာသောလူတို့သည်လည်း ထိုသူတို့၏ကာမဂုဏ်လိုက်စားခြင်းနောက်သို့လိုက်သဖြင့် သမ္မာတရားလမ်းသည် ထိုသူတို့ကြောင့် စော်ကားပြောဆိုခြင်းခံရလိမ့်မည်။