နောက်မှ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီး ကြားသောအခါ “နေရ၏သား အာဗနာကိုသတ်သည့်အမှုနှင့်ပတ်သက်၍ ငါနှင့် ငါ့ပြည်သူပြည်သားတို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အပြစ်ကင်းလွတ်၏။
တမန်တော်ဝတ္ထု 20:26 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါသည် အားလုံး၏သွေးနှင့်ကင်းရှင်းကြောင်း ယနေ့ပင် သင်တို့အား ငါသက်သေခံ၏။ Common Language Bible သို့ဖြစ်၍သင်တို့အနက်တစ်ဦးတစ်ယောက် သည် အသက်ဝိညာဉ်ဆုံးရှုံးပါမူငါ၏တာဝန် မဟုတ်ကြောင်း ယနေ့သင်တို့ကိုအလေးအနက် ငါပြော၏။- Garrad Bible သင် တို့ အား ဘု ရား သ ခင့် အ ကြံ အ ရွယ် တော် ကို အ ကုန် အ စင် ကြော် ငြာ ခြင်း မှ မ တွန့် တို ခဲ့ သော ကြောင့် ရှိ သ မျှ တို့၏ အ သွေး နှင့် ငါ ကင်း ရှင်း ကြောင်း ယ နေ့ ပင် ငါ ဓိ ဋ္ဌာန် ပြု၏။ Judson Bible ထိုကြောင့်၊ လူအပေါင်းတို့၏အသွေးနှင့် ငါကင်းလွတ်သည်ဟု ယနေ့၌ သင်တို့အား ငါသက်သေခံ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ဦးသည် ထာဝရသေခြင်းနှင့် ကြုံတွေ့ပါက ထိုအရာသည် ကျွန်ုပ်၏တာဝန်မဟုတ်ကြောင်းကို ယနေ့ သင်တို့အား ကြွေးကြော်လိုက်ပြီ။ |
နောက်မှ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီး ကြားသောအခါ “နေရ၏သား အာဗနာကိုသတ်သည့်အမှုနှင့်ပတ်သက်၍ ငါနှင့် ငါ့ပြည်သူပြည်သားတို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အပြစ်ကင်းလွတ်၏။
ကြည့်ရှုလော့။ ယခုပင် ငါ့အတွက် သက်သေထွက်ဆိုပေးမည့်သူသည် ကောင်းကင်၌ရှိတော်မူ၏။ ငါ့အတွက် လျှောက်လဲပေးမည့်သူသည် အမြင့်ဆုံးအရပ်တွင်ရှိတော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောစကားကိုလည်းကောင်း၊ ငါ့ကို သင်တို့ထံစေလွှတ်၍ ဆင့်ဆိုစေသမျှကိုလည်းကောင်း ယနေ့ သင်တို့အား ငါပြောပြသော်လည်း သင်တို့နားမထောင်ကြ။
ယေရှုသည် လာဇရုကို သင်္ချိုင်းဂူမှခေါ်ထုတ်၍ သေသောသူတို့ထဲမှ ထမြောက်စေတော်မူစဉ်က ကိုယ်တော်နှင့်အတူရှိခဲ့သော လူထုပရိသတ်တို့သည် ထိုအကြောင်းကို သက်သေခံကြ၏။
ဤအခြင်းအရာကိုမြင်သောသူသည် သက်သေခံခဲ့၍ သူ၏သက်သေခံချက်သည်မှန်ကန်၏။ သင်တို့သည်လည်း ယုံကြည်ကြရန် သူသည် မှန်ကန်စွာပြောဆိုနေကြောင်း သူကိုယ်တိုင်သိ၏။
သို့သော် ဂျူးလူမျိုးတို့သည် သူ့ကိုဆန့်ကျင်၍ စော်ကားပြောဆိုကြသောအခါ သူသည် အဝတ်ကိုခါချလျက် “သင်တို့၏သွေးသည် သင်တို့ခေါင်းပေါ်၌တည်စေ။ ငါမူကား ၎င်းနှင့်ကင်းရှင်း၏။ ယခုမှစ၍ ငါသည် လူမျိုးခြားတို့ထံသွားမည်”ဟု ဆိုပြီးလျှင်
သူတို့သည် ဘုရားသခင်အတွက် ထက်သန်သောစိတ်ရှိကြောင်း ငါသက်သေခံ၏။ သို့သော် ထိုထက်သန်သောစိတ်သည် စစ်မှန်သောအသိပညာအားဖြင့်မဟုတ်။
ငါသည် ငါ့အသက်ဖြင့်အာမခံ၍ ဘုရားသခင်ကိုသက်သေအဖြစ်ထားလျက်ဆိုသည်ကား ကောရိန္သုမြို့သို့ ငါမလာသေးဘဲနေခြင်းသည် သင်တို့ကိုညှာတာ၍သာဖြစ်၏။
ငါတို့ကိုလက်ခံကြလော့။ ငါတို့သည် မည်သူ့ကိုမျှ မပြစ်မှားခဲ့ကြ။ မည်သူ့ကိုမျှ မဖျက်ဆီးခဲ့ကြ။ မည်သူ့အပေါ်၌မျှ အမြတ်မထုတ်ခဲ့ကြ။
ငါသက်သေခံသည်ကား သူတို့သည် မိမိတို့စိတ်ဆန္ဒအလျောက် တတ်နိုင်သည့်အတိုင်းသာမက တတ်နိုင်သည်ထက် ပို၍ပေးကမ်းလျက်
မည်သူ့အပေါ်၌မျှ လက်တင်ခြင်းအမှုကို အလျင်စလိုမပြုနှင့်။ အခြားသူတို့၏အပြစ်၌လည်း ပါဝင်ခြင်းမရှိနှင့်။ သင့်ကိုယ်သင် ဖြူစင်သန့်ရှင်းအောင်စောင့်ထိန်းလော့။