သူသည် ကျန်တစ်ပိုင်းဖြင့် သူ၏ဘုရားဖြစ်သော ရုပ်တုဆင်းတုကို ထုလုပ်တတ်၏။ ထိုရုပ်တုကို ပျပ်ဝပ်ကိုးကွယ်လျက် ‘ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်ပါ၏။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ’ဟု ဆုတောင်းတတ်၏။
တမန်တော်ဝတ္ထု 19:27 - မြန်မာ့စံမီသမ္မာကျမ်း ဤအမှုအရာသည် ငါတို့၏လုပ်ငန်းကို နာမည်ပျက်စေမည်ဟု စိုးရိမ်ရသည်သာမက ကြီးမြတ်သောအာတေမိနတ်ဘုရားမ၏ဗိမာန်သည် ပမာဏပြုစရာမရှိတော့ဘဲ အာရှပြည်နှင့် ကမ္ဘာတစ်ဝန်းလုံးကိုးကွယ်သည့် နတ်ဘုရားမ၏ခန့်ညားထည်ဝါမှုသည်လည်း ကွယ်ပျောက်သွားတော့မည်ဟု စိုးရိမ်ရ၏”ဟု ပြောဆိုလေ၏။ Common Language Bible လူတို့သည်ငါတို့၏အတတ်ကိုကဲ့ရဲ့ပြောဆို မည်သာမကအာရှပြည်နှင့်တကွ ကမ္ဘာတစ်ဝန်း လုံးကိုးကွယ်သည့်အာတေမိနတ်သမီးကြီး၏ ဂုဏ်အသရေညှိုးနွမ်းလျက် သူ၏နတ်ကွန်းသည် လည်းမရေမရာဖြစ်ရတော့မည့်ဘေးနှင့်ရင် ဆိုင်နေရ၏'' ဟုပြော၏။ Garrad Bible ငါ တို့ အ လုပ် ယုတ် ညံ့ သည့် ပြင် အာ ရှိ ပြည် မှ စ၍ တစ် လော က လုံး ကြည် ညို သော မ ဟာ ဘု ရား မ အာ တေ မိ၏ ဘုံ ဗိ မာန် တော် မ ရေ ရ ဖြစ် လျက် ထို ဘု ရား မ ပင် မြင့် မြတ် သော အ ခြေ အ နေ မှ နိမ့် ကျ မည် စိုး ရိမ် ရန် ရှိ သည် ဟု ပြော ဆို၏။ ထို စ ကား ကို ကြား ကြ သော် အ မျက် ထွက်၍ ဧ ဖက် မြို့ သူ မြို့ သား တို့၏ ဘု ရား မ အာ တေ မိ သည် ကြီး မြတ် စွ တ ကား ဟု အော် ဟစ် ကြ ရာ၊ Judson Bible ထိုသို့လူများတို့သည် ငါတို့၏အတတ်ကို ကဲ့ရဲ့သည်သာမက၊ ကြီးမြတ်သော နတ်သမီးအာတေမိ၏ ဗိမာန်တော်ကို ပမာဏမပြုသဖြင့်၊ အာရှိပြည် တစ်လျှောက်လုံးမှစ၍ လောကီနိုင်ငံသားတို့ ကိုးကွယ်သော ဘုန်းအသရေတော်သည် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်စရာအကြောင်း ရှိပါသည်ဟု ပြောဆို၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ဖြင့် ကျွန်ုပ်တို့၏စီးပွားလုပ်ငန်းသည် နာမည်ပျက်နိုင်ချေရှိမည်။ ထိုမျှမက ကြီးမြတ်သောအာတေမိနတ်ဘုရားမ၏ဗိမာန်ကျောင်းကို ဂရုမပြုတော့ဘဲ အာရှပြည်တစ်ပြည်လုံးနှင့် ကမ္ဘာတစ်ဝန်းလုံးရှိသူများ ယုံကြည်ကိုးကွယ်သော ထိုနတ်ဘုရားမ၏ထည်ဝါမှုပင် ကျဆင်းနိုင်ချေရှိမည်ကိုလည်း စိုးရိမ်ဖွယ်ရှိပါသည်” ဟု ပြောလေ၏။ |
သူသည် ကျန်တစ်ပိုင်းဖြင့် သူ၏ဘုရားဖြစ်သော ရုပ်တုဆင်းတုကို ထုလုပ်တတ်၏။ ထိုရုပ်တုကို ပျပ်ဝပ်ကိုးကွယ်လျက် ‘ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်ပါ၏။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ’ဟု ဆုတောင်းတတ်၏။
ထာဝရဘုရားသည် မြေကြီးပေါ်ရှိဘုရားအားလုံးကို ငတ်မွတ်ပိန်ချုံးစေသောအခါ သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြလိမ့်မည်။ ထိုအခါ ကမ်းရိုးတန်းဒေသရှိလူမျိုးအပေါင်းတို့သည် ကိုယ့်နေရာအသီးသီးတွင် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြလိမ့်မည်။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို လူတို့ရှေ့၌ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း ဝင်ခွင့်မပေးကြ။
နိုင်ငံတော်နှင့်ဆိုင်သည့် ဤကောင်းမြတ်သောသတင်းကိုလည်း လူမျိုးတကာတို့ထံသက်သေဖြစ်မည့်အကြောင်း ကမ္ဘာတစ်ဝန်းလုံး၌ ဟောပြောကြလိမ့်မည်။ ထို့နောက်မှ အဆုံးသည်ရောက်လာလိမ့်မည်။
နှစ်နှစ်ပတ်လုံး ထိုသို့ပြုသောကြောင့် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ အာရှပြည်၌နေထိုင်သောသူအပေါင်းတို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို ကြားနာရကြ၏။
ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဝိညာဉ်တော်အားဖြင့်ဆုံးဖြတ်လျက် “ငါသည် ထိုမြို့သို့သွားပြီးလျှင် ရောမမြို့ကိုလည်း မြင်ရမည်”ဟု ဆို၏။
ထိုသို့ အသိစိတ်ပျက်ပြားလျက် သမ္မာတရားဆုံးရှုံးကာ ဘုရားဝတ်၌မွေ့လျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု ထင်မှတ်သောလူတို့ကြား၌ မဆုံးနိုင်သောအငြင်းပွားမှုရှိတတ်၏။
ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြသည်ကိုလည်းကောင်း၊ ကမ္ဘာလောကတစ်ခုလုံးသည် မာရ်နတ်လက်အောက်၌ရှိသည်ကိုလည်းကောင်း ငါတို့သိကြ၏။
ထိုသားရဲ၏ခေါင်းတစ်လုံးသည် သေအောင်သတ်ဖြတ်ခြင်းခံရပြီးသကဲ့သို့ဖြစ်သော်လည်း ထိုသေစေသောဒဏ်ရာသည် ပျောက်ကင်းသွားလေ၏။ ထိုအခါ တစ်ကမ္ဘာလုံးသည်အံ့ဩလျက် ထိုသားရဲနောက်သို့လိုက်ကြ၏။
အသေသတ်ခြင်းခံရသည့် သိုးသငယ်တော်၏အသက်စာစောင်၌ ကမ္ဘာဦးမှစ၍ အမည်မရေးထားသော ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သူအားလုံးတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
တစ်ဖန် တတိယကောင်းကင်တမန်သည် သူတို့နောက်မှလိုက်လာ၍ “သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်လျက် မိမိနဖူးပေါ်တွင်ဖြစ်စေ၊ မိမိလက်ပေါ်တွင်ဖြစ်စေ သူ၏အမှတ်တံဆိပ်ကိုခံယူသောသူသည်