သင်တို့က “ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းသောဘုရားတို့သည် ဤကောင်းကင်အောက်နှင့် ဤမြေကြီးပေါ်မှ ပျောက်ပျက်သွားရလိမ့်မည်”ဟု သူတို့အား ပြောရမည်။
တမန်တော်ဝတ္ထု 19:26 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့မြင်ရ၊ ကြားရသည့်အတိုင်း ဤပေါလုဆိုသူက လူ့လက်ဖြင့်လုပ်သောအရာများသည် ဘုရားမဟုတ်ဟုဆိုလျက် ဧဖက်မြို့သာမကအာရှပြည်တစ်ပြည်လုံးနီးပါး၌ များစွာသောလူတို့ကို စည်းရုံးပြီး လမ်းလွဲစေခဲ့၏။ Common Language Bible ဤပေါလုဆိုသူသည်ဧဖက်မြို့တွင်သာမက အာရှပြည်တစ်ခုလုံးလိုလို၌ပင် `လူ့လက်ဖြင့် ပြုလုပ်သည့်ဘုရားများသည်ဘုရားလုံးဝ မဟုတ်' ဟုဆို၍လူအမြောက်အမြားကို ဖြားယောင်းသွေးဆောင်ကာ မှောက်မှားလမ်းလွဲ စေသည်ကိုသင်တို့ကိုယ်တိုင်ကြားနိုင်မြင် နိုင်ကြ၏။- Garrad Bible ယ ခု မှာ သင် တို့ ကြား နာ သိ မြင် ကြ သည့် အ တိုင်း ဧ ဖက် မြို့ တွင် သာ မ ဟုတ်၊ အာ ရှိ ပြည် လုံး ကျွတ် မ တတ် ပေါ လု ဆို သော ဤ သူ က လက် ဖြစ် ဘု ရား များ သည် ဘု ရား မ ဟုတ် ဟူ၍ အ များ တို့ ကို သွေး ဆောင် သ ဖြင့် ရွေ့ လျော့ စေ သည့် အ တွက်၊ Judson Bible ယခုတွင် ထိုပေါလုက၊ လူလက်ဖြင့် လုပ်သမျှတို့သည် ဘုရားမဟုတ်ဟုဆိုသဖြင့်၊ ဧဖက်မြို့မှစ၍ အာရှိပြည် တစ်လျှောက်လုံး ကုန်မတတ်၊ လူအပေါင်းတို့ကို ဖြားယောင်းသွေးဆောင်သည်ကို သင်တို့သည် မြင်လျက်၊ ကြားလျက်ရှိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဧဖက်မြို့သာမက အာရှပြည်တစ်ပြည်လုံးတွင်ရှိသောသူတို့အား ဤပေါလုဆိုသူက လူ့လက်ဖြင့် ထုလုပ်သောဘုရားများသည် ဘုရားလုံးဝမဟုတ်ကြောင်း ဖြားယောင်းသွေးဆောင်၍ လမ်းလွဲစေလျက်ရှိသည်ကို သင်တို့လည်း မြင်ကြကြားကြရပြီ။ |
သင်တို့က “ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းသောဘုရားတို့သည် ဤကောင်းကင်အောက်နှင့် ဤမြေကြီးပေါ်မှ ပျောက်ပျက်သွားရလိမ့်မည်”ဟု သူတို့အား ပြောရမည်။
အကယ်စင်စစ် ထိုရုပ်တုသည် အစ္စရေးထံမှ အစပြုခဲ့၏။ လက်မှုပညာသည်က ထုလုပ်သည်ဖြစ်၍ ဘုရား မဟုတ်။ ရှမာရိအမျိုး၏နွားသငယ်ရုပ်တုသည် တစ်စစီကျိုးပဲ့ရလိမ့်မည်။
“မိတ်ဆွေတို့၊ အဘယ်ကြောင့် ဤအရာတို့ကို ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့နည်းတူ သာမန်လူသားများဖြစ်ကြပြီး သင်တို့သည် ဤအချည်းနှီးသောအရာများကိုစွန့်ခွာ၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။
ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်ကို လူ၏အတတ်ပညာနှင့်စဉ်းစားဆင်ခြင်မှုတို့ဖြင့် ရွှေ၊ ငွေ၊ ကျောက်တုံးတို့ကိုထွင်းထုပြုလုပ်ထားသည့် ရုပ်တုနှင့်တူသည်ဟုမထင်မှတ်သင့်ပေ။
သူတို့သည် ဧဖက်မြို့သို့ရောက်ကြသောအခါ ပေါလုသည် အခြားသောသူတို့ကို ထိုနေရာ၌ထားခဲ့ပြီး ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ ဂျူးလူမျိုးတို့နှင့် ဆွေးနွေးပြောဆိုလေ၏။
အာပေါလုသည် ကောရိန္သုမြို့၌ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းဒေသများကိုဖြတ်၍ ဧဖက်မြို့သို့ ဆင်းလာ၏။ ထိုအခါ တပည့်တော်အချို့တို့ကို တွေ့သဖြင့်
နှစ်နှစ်ပတ်လုံး ထိုသို့ပြုသောကြောင့် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ အာရှပြည်၌နေထိုင်သောသူအပေါင်းတို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို ကြားနာရကြ၏။
သူသည် ထိုသူတို့အပါအဝင် အလားတူလုပ်ငန်းမျိုးလုပ်ကိုင်နေသောသူများကို စုဝေးစေလျက် “မိတ်ဆွေတို့၊ ဤလုပ်ငန်းအားဖြင့် ငါတို့အကျိုးစီးပွားဖြစ်ထွန်းသည်ကို သင်တို့သိကြ၏။
သင်တို့သည် ဘာသာခြားဖြစ်ကြစဉ်က စကားမပြောနိုင်သောရုပ်တုများထံသို့ တစ်နည်းနည်းဖြင့် ခေါ်ဆောင်သွားခြင်းခံရ၍ လမ်းလွဲခဲ့ကြသည်ကို သင်တို့သိကြ၏။
ထို့ကြောင့် ရုပ်တုအားပူဇော်ထားသောအရာများကို စားသောက်ခြင်းနှင့်ပတ်သက်၍ ရုပ်တုသည် ဤလောက၌ ဘာမျှမဟုတ်ကြောင်းနှင့် တစ်ဆူတည်းသောဘုရားသခင်မှတစ်ပါး မည်သည့်ဘုရားမျှမရှိကြောင်း ငါတို့သိကြ၏။
သို့သော် ဘုရားသခင်ကိုမသိခဲ့စဉ်က သင်တို့သည် ပင်ကိုအားဖြင့် ဘုရားမဟုတ်သောအရာများထံ ကျွန်ခံခဲ့ကြ၏။
သင်တို့သည် ထိုအရပ်၌ လူ့လက်ဖြင့်လုပ်၍ မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ အနံ့မရနိုင်သော သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။
အကြောင်းမူကား သင်တို့သည် ငါတို့ကို မည်ကဲ့သို့လက်ခံကြသည်ကိုလည်းကောင်း၊ အသက်ရှင်တော်မူ၍စစ်မှန်သောဘုရားသခင်ကို အစေခံရန်နှင့်
ထိုဘေးဒဏ်များဖြင့် မသေဘဲကျန်ခဲ့သောသူတို့သည် နတ်ဆိုးများကိုလည်းကောင်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသော မမြင်နိုင်၊ မကြားနိုင်၊ လမ်းမလျှောက်နိုင်သည့် ရုပ်တုများကိုလည်းကောင်း မကိုးကွယ်ဘဲနေရန် မိမိတို့လက်ဖြင့်ပြုလုပ်သောအရာများအတွက် နောင်တမရကြ။