ငါသည် ငါ၏မိတ်ဆွေ၊ ငါ၏ညီအစ်ကိုအတွက်ကဲ့သို့ ကြေကွဲလျက် မိခင်အတွက် ငိုကြွေးမြည်တမ်းသကဲ့သို့ ခေါင်းငိုက်စိုက်ချ၍ ဝမ်းနည်းပူဆွေးခဲ့၏။
တမန်တော်ဝတ္ထု 16:28 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပေါလုက “သင့်ကိုယ်သင် အန္တရာယ်မပြုနှင့်။ ငါတို့အားလုံး ဤနေရာ၌ရှိကြသည်”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်လေ၏။ Common Language Bible သို့ရာတွင်ပေါလုက ``သင်၏ကိုယ်ကိုအန္တရာယ် မပြုနှင့်။ ငါတို့အားလုံးဤနေရာတွင်ရှိနေ ကြသည်'' ဟုကျယ်စွာဟစ်အော်၍ပြော၏။ Garrad Bible ပေါ လု က ကိုယ် ကို အ န္တ ရာယ် မ ရှာ နှင့်။ ငါ တို့ အာ လုံး ရှိ ကြ သည် ဟု အ သံ ကျယ် စွာ ဟစ် သ ဖြင့်၊ Judson Bible ပေါလုကလည်း၊ ကိုယ်ကိုအပြစ်မပြုနှင့်။ ငါတို့အပေါင်းသည် ရှိကြ၏ဟု ကြီးသောအသံနှင့် ဟစ်၍ပြောဆို၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ပေါလုက “မိမိကိုယ်ကိုယ် အန္တရာယ်မပြုနှင့်။ ကျွန်ုပ်တို့အားလုံး ဤနေရာတွင် ရှိကြပါ၏” ဟု ကျယ်လောင်သောအသံနှင့် ပြော၏။ |
ငါသည် ငါ၏မိတ်ဆွေ၊ ငါ၏ညီအစ်ကိုအတွက်ကဲ့သို့ ကြေကွဲလျက် မိခင်အတွက် ငိုကြွေးမြည်တမ်းသကဲ့သို့ ခေါင်းငိုက်စိုက်ချ၍ ဝမ်းနည်းပူဆွေးခဲ့၏။
အကျွန်ုပ်နှင့်သင့်မြတ်သောသူအပေါ် မကောင်းမှုပြုခဲ့၍ အကျွန်ုပ်ရန်သူ၏ဥစ္စာကို အကြောင်းမဲ့လုယူခဲ့သည်ဆိုလျှင်
ငါနှင့်လွဲသွားသောသူမူကား ကိုယ့်ကိုယ်ကိုယ်အကျိုးနည်းစေ၏။ ငါ့ကိုမုန်းသောသူရှိသမျှတို့သည် သေခြင်းကိုချစ်ကြ၏။
လွန်ကဲစွာမဆိုးယုတ်နှင့်။ မိုက်မဲသောသူလည်း မဖြစ်နှင့်။ သင်၏အချိန်မရောက်မီ အဘယ်ကြောင့် သေလိုသနည်း။
သင်၏အမျိုးသားချင်းကို လက်တုံ့မပြန်ရ။ အငြိုးမထားရ။ ကိုယ့်အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
သို့သော် သင်တို့အား ငါဆိုမည်။ သင်တို့၏ရန်သူများကိုချစ်၍ သင်တို့ကိုညှဉ်းဆဲသောသူတို့အတွက် ဆုတောင်းပေးကြလော့။
ထိုအခါ ယေရှုက“ဤမျှနှင့်ရပ်လော့”ဟု မိန့်တော်မူပြီးလျှင် ထိုသူ၏နားရွက်ကို လက်တော်နှင့်တို့ထိလျက် အကောင်းပကတိဖြစ်စေတော်မူ၏။
ထိုအခါ ယေရှုက“အို အဖ၊ သူတို့သည် မိမိတို့ပြုနေသောအမှုကို မသိကြသည်ဖြစ်၍ သူတို့ကိုခွင့်လွှတ်တော်မူပါ”ဟု မြွက်ဆိုတော်မူ၏။ သူတို့သည် ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ခွဲဝေကြ၏။
ထောင်မှူးသည် နိုးလာ၍ ထောင်တံခါးများပွင့်နေသည်ကိုမြင်လျှင် အကျဉ်းသားများလွတ်သွားပြီဟုထင်မှတ်လျက် ဓားကိုဆွဲထုတ်ကာ မိမိကိုယ်ကိုသတ်မည်ပြု၏။
ထိုအခါ ထောင်မှူးသည် မီးတိုင်ကိုတောင်းယူ၍ ပြေးဝင်လာပြီးလျှင် တုန်လှုပ်လျက် ပေါလုနှင့်သိလတို့ရှေ့တွင် ပျပ်ဝပ်လေ၏။
မည်သူမျှ သူတစ်ပါးအပေါ် အဆိုးကိုအဆိုးဖြင့်မတုံ့ပြန်ကြစေရန် သတိပြုကြလော့။ အချင်းချင်းအတွက်လည်းကောင်း၊ လူအပေါင်းတို့အတွက်လည်းကောင်း ကောင်းကျိုးကိုသာ အစဉ်ကြိုးစားပြုကြလော့။