အကြောင်းမူကား ကိုယ်တော်၏ဝိညာဉ်တော်ကို သူတို့ဖီဆန်ကြသောကြောင့် သူသည် မိမိနှုတ်ဖြင့် မဆင်မခြင်ပြောဆိုမိခဲ့၏။
တမန်တော်ဝတ္ထု 15:39 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပြင်းထန်သောငြင်းခုံမှုဖြစ်ပွားသဖြင့် သူတို့သည် တစ်ဦးနှင့်တစ်ဦးလမ်းခွဲကြ၍ ဗာနဗသည် မာကုကိုခေါ်ပြီး ဆိုက်ပရပ်ကျွန်းသို့ ရွက်လွှင့်သွားကြ၏။ Common Language Bible သူတို့သည်အပြင်းအထန်အငြင်းပွားပြီး နောက်လမ်းခွဲခွာသွားကြ၏။ ဗာနဗသည် မာကုကိုခေါ်၍ကုပရုကျွန်းသို့သင်္ဘော လွှင့်လေ၏။- Garrad Bible အ ချင်း ဖြစ် ပွား၍ တစ် ယောက် နှင့် တစ် ယောက် ခွဲ ခွာ ပြီး လျှင် ဗာ န ဗ သည် မာ ကု ကို ခေါ် လျက် ကု ပ ရု ကျွန်း သို့ သင်္ဘော စီး လေ၏။ Judson Bible ထိုအကြောင်းနှင့် အချင်းချင်း မသင့်သဖြင့် တခြားစီသွား၍၊ ဗာနဗသည် မာကုကို ခေါ်ပြီးလျှင် ကုပရုကျွန်းသို့လွှင့်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ သဘောထားကွဲလွဲမှု ပြင်းထန်လာသဖြင့် သူတို့လမ်းခွဲကြကာ ဗာနဗသည် မာကုကို ခေါ်၍ ဆိုက်ပရပ်ကျွန်းသို့ ရွက်လွှင့်လေ၏။ |
အကြောင်းမူကား ကိုယ်တော်၏ဝိညာဉ်တော်ကို သူတို့ဖီဆန်ကြသောကြောင့် သူသည် မိမိနှုတ်ဖြင့် မဆင်မခြင်ပြောဆိုမိခဲ့၏။
ပြည့်စုံမှုရှိသမျှတို့၌ အကန့်အသတ်ရှိကြောင်းကို အကျွန်ုပ်မြင်ပါ၏။ ကိုယ်တော်၏ပညတ်တော်မူကား အလွန်ကျယ်ပြန့်ပါ၏။
အမှန်စင်စစ် အပြစ်မပြုဘဲ ကောင်းသောအမှုကိုသာပြုသည့်ဖြောင့်မတ်သောသူဟူ၍ ကမ္ဘာမြေကြီးပေါ်၌မရှိ။
သို့သော် ထိုသူတို့တွင် ဆိုက်ပရပ်ကျွန်းနှင့်ကုရေနေမြို့မှ လူအချို့တို့ပါ၍ သူတို့သည် အန္တိအုတ်မြို့သို့သွားပြီးလျှင် ဂရိစကားပြောသောသူတို့နှင့်စကားပြောလျက် သခင်ယေရှုအကြောင်းကို ဟောပြောကြ၏။
သူသည် ဤသို့သိရှိပြီးနောက် မာကုဟုခေါ်သောယောဟန်၏မိခင်မာရိအိမ်သို့သွားလေ၏။ ထိုအိမ်တွင် လူများစွာစုဝေးလျက် ဆုတောင်းနေကြ၏။
ထိုအခါ ပေါလု၊ ဗာနဗတို့နှင့် ထိုသူတို့ကြား၌ ပြင်းထန်သောသဘောထားကွဲလွဲမှုနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ညီအစ်ကိုတို့သည် ပေါလု၊ ဗာနဗနှင့် မိမိတို့ထဲမှ လူအချို့တို့ကို ဤပြဿနာအတွက် ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့်အသင်းတော်အကြီးအကဲများထံသို့သွားကြရန် ခန့်အပ်ကြ၏။
ထိုမြို့မှရွက်လွှင့်ကြသောအခါ လေဆန်ဖြစ်နေသဖြင့် ဆိုက်ပရပ်ကျွန်း၏လေကွယ်ရာဘက်မှ ရွက်လွှင့်သွားကြ၏။
နှစ်သိမ့်ခြင်း၏သားဟူသောအဓိပ္ပာယ်ရှိသည့် ဗာနဗဟု တမန်တော်တို့ခေါ်ကြသော ဆိုက်ပရပ်ကျွန်းသား လေဝိအနွယ်ဝင် ယောသပ်သည်
ထိုနေ့ရက်များ၌ တပည့်တော်များတိုးပွားလာရာ ဂရိစကားကိုပြောသောဂျူးလူမျိုးတို့က မိမိတို့ထဲမှမုဆိုးမများသည် နေ့စဉ်ထောက်ပံ့ခြင်းအမှုတွင် လျစ်လျူရှုခံရသည်ဟု ဟေဗြဲစကားကိုပြောသောဂျူးလူမျိုးတို့အပေါ် အပြစ်တင်ပြောဆိုကြ၏။
ငါနှင့်အတူအကျဉ်းချခံနေရသူအာရိတ္တာခုနှင့် ဗာနဗ၏ညီဝမ်းကွဲမာကုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မာကုသည် သင်တို့ထံသို့လာလျှင် သူ့ကိုလက်ခံကြပါဟူသည့် သူနှင့်ပတ်သက်သောညွှန်ကြားချက်များကို သင်တို့ရရှိထား၏။
အကြောင်းမူကား ငါတို့ရှိသမျှသည် များစွာမှားယွင်းတတ်ကြ၏။ မည်သူမဆို စကားပြောခြင်းအရာ၌ မှားယွင်းခြင်းမရှိလျှင် ထိုသူသည် မိမိကိုယ်ခန္ဓာတစ်ခုလုံးကိုလည်းချုပ်တည်းနိုင်သည့် စုံလင်သောသူဖြစ်၏။
သင်တို့နည်းတူ ရွေးချယ်တော်မူခြင်းခံရသော ဘေဘီလုံမြို့ရှိအသင်းတော်နှင့် ငါ့သားမာကုတို့သည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။