ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။ အကြောင်းမူကား သင်သည် ငါ့စကားကိုနားထောင်သောကြောင့်ဖြစ်၏”ဟု မြွက်ဆို၏။
တမန်တော်ဝတ္ထု 15:17 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ကြွင်းကျန်သောလူတို့နှင့် ငါ၏နာမဖြင့် ခေါ်ဝေါ်သမုတ်ခြင်းခံရသော လူမျိုးခြားအပေါင်းတို့သည် ထာဝရဘုရားကို ရှာဖွေကြမည့်အကြောင်းတည်းဟု Judson Bible လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ဆောက်တည်ပြန်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို မတ်စေပြန်မည်ဟု၊ - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့အားဖြင့် ကြွင်းကျန်သောသူများနှင့် ငါ၏အမည်နာမအားဖြင့် ခေါ်ခြင်းခံရသော လူမျိုးခြားအပေါင်းတို့သည် ထာဝရဘုရားကို ရှာကြလိမ့်မည်။ |
ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။ အကြောင်းမူကား သင်သည် ငါ့စကားကိုနားထောင်သောကြောင့်ဖြစ်၏”ဟု မြွက်ဆို၏။
ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုရွေးနုတ်တော်မူသော ကောင်းကင်တမန်သည် ဤသူငယ်တို့ကိုကောင်းချီးပေးတော်မူပါစေသော။ သူတို့ကို ငါ၏အမည်ဖြင့်လည်းကောင်း၊ ငါ့ဘိုးဘအာဗြဟံနှင့်ဣဇက်တို့၏အမည်ဖြင့်လည်းကောင်း မှည့်ခေါ်ပါစေသော။ သူတို့သည် မြေကြီးပေါ်၌ အလွန်ပွားများကြပါစေသော”ဟု ဆိုလေ၏။
လူမျိုးတို့သည် ရှိလောကိုနာခံကြလိမ့်မည်။ သူမရောက်လာမီတိုင်အောင် ရာဇလှံတံသည် ယုဒထံမှ ထွက်သွားမည်မဟုတ်၊ ကျိုင်းသည်လည်း သူ့ခြေထောက်ကြားမှထွက်သွားမည်မဟုတ်။
ထိုနေ့ရက်၌ ယေရှဲ၏အမြစ်သည် လူတို့အတွက် အောင်လံသဖွယ်ရပ်တည်လိမ့်မည်။ လူမျိုးတို့သည် သူ့ကို မေးမြန်းစူးစမ်းကြလိမ့်မည်။ ကိန်းဝပ်တော်မူရာအရပ်သည် ဘုန်းအသရေရှိလိမ့်မည်။
သူတို့အားလုံးကို ငါ့နာမဖြင့် ငါခေါ်၏။ ငါ၏ဘုန်းအသရေအတွက် ငါဖန်ဆင်း၏။ ငါပုံဖော်ဖန်ဆင်း၍ ငါဖြစ်တည်စေ၏”ဟု မိန့်တော်မူ၏။
အကျွန်ုပ်တို့သည် ရှေးကာလကပင် ကိုယ်တော်မအုပ်စိုးသောသူများ၊ ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းမခံရသောသူများဖြစ်ကြပါ၏။
ထာဝရဘုရားက “ငါ့ကိုမမေးမြန်းသောသူတို့ထံ ငါ့ကိုယ်ငါ ထင်ရှားပြ၏။ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရှိကြ၏။ ငါ့နာမကိုမခေါ်သောလူမျိုးအား ‘ဤနေရာတွင် ငါရှိ၏။ ဤနေရာတွင် ငါရှိ၏’ဟု ငါဆို၏။
အဘယ်ကြောင့် အံ့ဩမှင်တက်မိသူကဲ့သို့ဖြစ်ရသနည်း။ အဘယ်ကြောင့် မကယ်တင်နိုင်သောစစ်သူရဲကဲ့သို့ဖြစ်ရသနည်း။ အို ထာဝရဘုရား၊ စင်စစ် ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူများဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်၏ရဲတိုက်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ မြေကြီးစွန်းမှ လူမျိုးခြားတို့သည် ကိုယ်တော်ထံသို့လာ၍ “အကျွန်ုပ်တို့၏ဘိုးဘေးတို့ ပိုင်ဆိုင်သောအရာသည် မုသားသာဖြစ်၏။ အချည်းနှီး၊ အကျိုးမရှိသောအရာသာဖြစ်၏”ဟု လျှောက်ကြပါလိမ့်မည်။
မြေကြီးသားတို့ကို ဘာမျှမဟုတ်သောအရာကဲ့သို့ မှတ်တော်မူ၏။ ကောင်းကင်သားကိုဖြစ်စေ၊ မြေကြီးသားကိုဖြစ်စေ အလိုရှိသည့်အတိုင်း ပြုတော်မူ၏။ ကိုယ်တော်၏လက်တော်ကို ဆီးတားနိုင်သောသူမရှိ။ “ကိုယ်တော် မည်သို့ပြုဘိသနည်း”ဟု ဆိုနိုင်သောသူမရှိ။
အို ဘုရားရှင်၊ နားညောင်းတော်မူပါ။ အို ဘုရားရှင်၊ ခွင့်လွှတ်တော်မူပါ။ အို ဘုရားရှင်၊ အာရုံစိုက်၍ ပြုပေးတော်မူပါ။ နှောင့်နှေးတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ အလျင်အမြန်ပြုတော်မူပါ။ ဤမြို့၊ ဤလူမျိုးသည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကို ခံရကြပါ၏”ဟု ဆုတောင်းလေ၏။
သူ့ကို မြေပေါ်တွင် ကြဲမည်။ ကရုဏာမခံစားရသူကို ကရုဏာပြမည်။ ငါ့လူမဟုတ်သောသူကို ‘သင်သည် ငါ့လူဖြစ်သည်’ဟု ပြောမည်။ သူကလည်း ‘ကိုယ်တော်သည် အကျွန်ုပ်၏သခင် ဖြစ်သည်’ဟူ၍ ဆိုလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဇိအုန်တောင်ပေါ်နှင့် ဂျေရုဆလင်မြို့တို့တွင် လွတ်မြောက်သောသူရှိလိမ့်မည်။ ထိုသူတို့သည် အသက်ရှင်ကျန်ရစ်သောသူများထဲမှ ထာဝရဘုရား ခေါ်တော်မူသောသူသာ ဖြစ်လိမ့်မည်။
ဤသို့ဖြင့် သူတို့သည် ကြွင်းကျန်သည့်ဧဒုံပြည်နှင့် ငါ့နာမဖြင့် ခေါ်ဝေါ်သမုတ်သောတိုင်းနိုင်ငံအပေါင်းတို့ကို ပိုင်ဆိုင်ရလိမ့်မည်”ဟု ဤအမှုကို စီရင်တော်မူသည့်ထာဝရဘုရားမိန့်တော်မူ၏။
ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် လူမျိုးများစွာတို့အလယ်တွင် လူကို မမျှော်လင့်၊ လူသားတို့ကို မကိုးစားသော ထာဝရဘုရားထံမှ နှင်းစက်ကဲ့သို့လည်းကောင်း၊ မြက်ပင်ပေါ်ကျသော မိုးပေါက်ကဲ့သို့လည်းကောင်း ရှိနေလိမ့်မည်။
ထိုနေ့ရက်တွင် လူမျိုးများစွာတို့သည် ထာဝရဘုရားထံလာရောက်ပူးပေါင်း၍ ငါ၏လူမျိုးတော် ဖြစ်လာလိမ့်မည်။ ငါသည် သင့်အလယ်၌ ကိန်းဝပ်မည်။ သို့မှ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သင့်ထံသို့ ငါ့ကိုစေလွှတ်တော်မူကြောင်းကို သင်သိရလိမ့်မည်။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
တစ်ဖန် ပရောဖက်ပြုပြန်သည်မှာ “အလိုလေး၊ ထိုသို့ ဘုရားသခင် ပြုတော်မူလျှင် မည်သူအသက်ချမ်းသာရာရမည်နည်း။
ဤသို့ဖြင့် သူတို့သည် အစ္စရေးအမျိုးသားတို့အပေါ် ငါ၏နာမတော်ကိုတည်စေ၍ ငါသည် သူတို့ကိုကောင်းချီးပေးမည်”ဟု မိန့်တော်မူ၏။
သင့်အပေါ် ထာဝရဘုရား၏နာမတော်တည်ကြောင်း မြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့သည် သိမြင်၍ သင့်ကိုကြောက်ရွံ့ကြလိမ့်မည်။
သင်တို့နှင့်စပ်လျဉ်း၍ ခေါ်ဝေါ်သမုတ်သည့် ကောင်းမြတ်သောနာမကို သူတို့စော်ကားပြောဆိုကြသည်မဟုတ်လော။