အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 13:45 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့သော် ဂျူး​လူမျိုး​တို့​သည် ထို​လူ​အစုအဝေး​ကို​မြင်​လျှင် မနာလို​စိတ်​နှင့်​ပြည့်​၍ ပေါလု​ဟောပြော​သော​အကြောင်းအရာ​များ​ကို ဆန့်ကျင်​လျက် စော်ကား​ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​သော်​ယု​ဒ​အ​မျိုး​သား​တို့​သည်​လူ​ပ​ရိ​သတ် ကို​မြင်​သော​အ​ခါ မ​နာ​လို​စိတ်​ရှိ​သ​ဖြင့် ပေါ​လု ဟော​ပြော​သော​စ​ကား​များ​ကို​ငြင်း​ခုံ​ကာ​ပုတ် ခတ်​ပြော​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

လူ မြောက် မြား သည် ကို ယု ဒ လူ မျိုး တို့ မြင်၍ များ စွာ မ ရှု စိမ့် သည် နှင့် ပေါ လု ဟော ပြော သော အ ကြောင်း အ ရာ များ ကို ငြင်း ခုံ လျက် ပုတ် ခတ် ကြ သ ဖြင့်၊

အခန်းကိုကြည့်ပါ။

Judson Bible

ယု​ဒ​လူ​တို့​သည် အ​စည်း​အ​ဝေး​တို့​ကို မြင်​လျှင် ငြူ​စူ​သော​စိတ်​နှင့်​ပြည့်​စုံ​သ​ဖြင့်၊ ပေါ​လု၏​စ​ကား​ကို ငြင်း​ခုံ​သည်​သာ​မ​က ဆဲ​ရေး​ကြ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သို့သော် ဂျူးတို့​သည် ထို​လူအုပ်​ကို မြင်​သောအခါ မနာလိုစိတ်​နှင့် ပြည့်ကြ​သဖြင့် ပေါလု​ဟောပြောသော​အရာများ​ကို ဆန့်ကျင်​၍ ပေါလု​အား စော်ကားပြောဆိုကြ၏။

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 13:45
27 ပူးပေါင်းရင်းမြစ်များ  

အစ်ကို​တို့​သည် သူ့​ကို​မနာလို​ဖြစ်​ကြ​၏​။ ဖခင်​မူကား ထို​အကြောင်းအရာ​ကို စိတ်နှလုံး​ထဲ၌​မှတ်ကျုံး​ထား​လေ​၏​။


တစ်ဖန် ကြိုးပမ်းအားထုတ်မှု​အားလုံး​နှင့် ကျွမ်းကျင်​စွာ​ပြု​သော​အမှု​အားလုံး​တို့​သည် လူ​အချင်းချင်း​တို့​၏​မနာလိုဝန်တိုမှု​ကြောင့်​သာ​ဖြစ်ကြောင်း ငါ​တွေ့မြင်​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လက်​တော်​ကို​မြှောက်​သော်လည်း သူ​တို့​မ​မြင်​။ ကိုယ်တော်​၏​လူမျိုး​တော်​အတွက် ကိုယ်တော်​စိတ်အားထက်သန်​တော်မူ​သည်​ကို သူ​တို့​တွေ့မြင်​၍ ရှက်ကြောက်​ကြ​ပါစေ​။ ကိုယ်တော်​၏​ရန်သူ​တို့​ကို လောင်ကျွမ်း​မည့်​မီး​သည် သူ​တို့​ကို​လောင်ကျွမ်း​ပါစေ​။


မောရှေ​က​လည်း “​ငါ့​အစား သင်​ငြူစူ​ရ​သလော​။ ထာဝရဘုရား​၏​လူ​ရှိသမျှ​တို့​အား ထာဝရဘုရား​သည် ဝိညာဉ်​တော်​ကို​ပေးအပ်​သဖြင့် သူ​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​ပါစေသော​”​ဟု ဆို​ပြီးနောက်


သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ကောင်းကင်​နိုင်ငံ​တော်​ကို လူ​တို့​ရှေ့၌​ပိတ်​ထား​၍ သင်​တို့​ကိုယ်တိုင်​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​များ​ကို​လည်း ဝင်​ခွင့်​မ​ပေး​ကြ။


ထိုသို့​မေး​ခြင်းမှာ သူ​တို့​သည် မလိုမုန်းထား​စိတ်​ဖြင့် ယေရှု​ကို​အပ်နှံ​ကြ​ကြောင်း ပိလတ်​မင်း​သိ​သောကြောင့်​ဖြစ်​၏။


သို့သော် ဂျူး​လူမျိုး​တို့​သည် ဘုရားသခင်​ကို​ကိုးကွယ်​သော ဂုဏ်သရေ​ရှိ​အမျိုးသမီး​များ​နှင့် မြို့​၏​ခေါင်းဆောင်​များ​ကို တိုက်တွန်း​၍ ပေါလု​နှင့်​ဗာနဗ​တို့​ကို ညှဉ်းဆဲ​စေရန် သွေးထိုး​လှုံ့ဆော်​ကာ သူ​တို့​ကို မိမိ​တို့​၏​အရပ်​ဒေသ​မှ နှင်ထုတ်​ကြ​၏။


ထိုအခါ အန္တိအုတ်​မြို့​နှင့်​ဣကောနိ​မြို့​တို့​မှ ဂျူး​လူမျိုး​တို့​သည် ရောက်လာ​ကြ​ပြီး လူထု​ပရိသတ်​များ​ကို​စည်းရုံး​ကာ ပေါလု​ကို​ခဲ​နှင့်​ပေါက်​၍ သူ​သေ​ပြီ​ဟု​ထင်မှတ်​လျက် မြို့​ပြင်​သို့​ဆွဲထုတ်​ကြ​၏။


သို့သော် မ​ယုံကြည်​သော​ဂျူး​လူမျိုး​တို့​သည် လူမျိုးခြား​တို့​ကို သွေးထိုး​လှုံ့ဆော်​၍ ညီအစ်ကို​တို့​အပေါ် မလိုမုန်းထား​စိတ် ဖြစ်ပေါ်​စေ​ကြ​၏။


မြို့သူ​မြို့သား​တို့​သည် နှစ်စု​ကွဲ​၍ အချို့​တို့​သည် ဂျူး​လူမျိုး​တို့​ဘက်၌​ပါ​ကြ​ပြီး အချို့​တို့​သည် တမန်တော်​တို့​ဘက်၌​ပါ​ကြ​၏။


လူမျိုးခြား​များ​နှင့်​ဂျူး​လူမျိုး​တို့​သည် သူ​တို့​၏​အကြီးအကဲ​များ​နှင့်အတူ တမန်တော်​တို့​ကို နှိပ်စက်​၍ ခဲ​နှင့်​ပေါက်​သတ်​ရန် ကြံစည်​အားထုတ်​ကြ​သောအခါ


သို့ရာတွင် ဂျူး​လူမျိုး​တို့​သည် မနာလို​ကြ​သောကြောင့် လူ​ဆိုး​အချို့​ကို ဈေး​အရပ်​မှ ခေါ်ယူ​စုဝေး​စေ​ပြီးလျှင် မြို့​ကို​ရုတ်ရုတ်သဲသဲ​ဖြစ်​စေ​ကာ ယာသုန်​၏​အိမ်​ကို​ဝိုင်း​၍ ပေါလု​နှင့်​သိလ​တို့​ကို လူစုလူဝေး​ရှေ့သို့ ထုတ်ဆောင်​ရန် ရှာဖွေ​ကြ​၏။


သို့သော် ဂျူး​လူမျိုး​တို့​သည် သူ့​ကို​ဆန့်ကျင်​၍ စော်ကား​ပြောဆို​ကြ​သောအခါ သူ​သည် အဝတ်​ကို​ခါချ​လျက် “သင်​တို့​၏​သွေး​သည် သင်​တို့​ခေါင်း​ပေါ်၌​တည်​စေ။ ငါ​မူကား ၎င်း​နှင့်​ကင်းရှင်း​၏။ ယခု​မှစ၍ ငါ​သည် လူမျိုးခြား​တို့​ထံ​သွား​မည်”​ဟု ဆို​ပြီးလျှင်


သို့သော် လူ​အချို့​တို့​သည် ခေါင်းမာ​လျက် မ​ယုံကြည်​ဘဲ လူထု​ပရိသတ်​ရှေ့​တွင် တရား​လမ်း​ကို ပုတ်ခတ်​ပြောဆို​ကြ​သောအခါ ပေါလု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍ ထို​သူ​တို့​ထံမှ ထွက်ခွာ​ပြီး တုရန္နု​၏​စာသင်ခန်းမ​၌ နေ့စဉ်​နေ့တိုင်း ဆွေးနွေး​ပြောဆို​လေ​၏။


ထိုအခါ ယဇ်ပုရောဟိတ်​မင်း​မှစ၍ သူ​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​သော ဇဒ္ဒုကဲ​ဂိုဏ်း​ဝင်​သူ​အားလုံး​တို့​သည် မနာလို​စိတ်​နှင့်​ပြည့်​ကြ​၍ ထ​လျက်


သူ​တို့​သည် အလုံးစုံ​သော မတရားမှု၊ ဆိုးညစ်​မှု၊ လောဘ​လွန်ကျူး​မှု​နှင့် မကောင်းမှု​တို့​ဖြင့် ပြည့်ဝ​လျက်​ရှိ​ကြ​ပြီး မလိုမုန်းထား​ခြင်း၊ လူ​သတ်​ခြင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ စဉ်းလဲ​ခြင်း၊ ရန်ငြိုး​ဖွဲ့​ခြင်း​တို့​ဖြင့် ပြည့်နှက်​ကြ​ကာ အတင်းအဖျင်း​ပြောဆို​သော​သူ၊


အကြောင်းမူကား သင်​တို့​သည် သွေးသား​ဇာတိ​၌​ရှိ​သော​သူ​များ​ဖြစ်​ကြ​သေး​၏။ သင်​တို့​ကြား၌ မနာလို​ခြင်း​နှင့်​ပဋိပက္ခ​ဖြစ်​ခြင်း​ရှိ​ကြ​သည်​မှာ သင်​တို့​သည် သွေးသား​ဇာတိ​၌​ရှိ​သူ​များ​ဖြစ်​ကြ​ပြီး သာမန်​လူသား​အတိုင်း အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သောကြောင့်​မ​ဟုတ်​လော။


မကြာခဏ ခရီးထွက်​၍ မြစ်​ချောင်း​တို့​၌​ကြုံ​ရ​သော​ဘေး၊ ဓားပြ​တို့​၏​ဘေး၊ ကိုယ့်​လူမျိုး​တို့​ပြု​သော​ဘေး၊ လူမျိုးခြား​တို့​ပြု​သော​ဘေး၊ မြို့​တွင်း​၌​ကြုံ​ရ​သော​ဘေး၊ တော​ကန္တာရ​၌​ကြုံ​ရ​သော​ဘေး၊ ပင်လယ်​ထဲ၌​ကြုံ​ရ​သော​ဘေး၊ ညီအစ်ကို​အတုအယောင်​များ​ပြု​သော​ဘေး စသည်​တို့​နှင့် ရင်ဆိုင်​ခဲ့​ရ​၏။


မလိုမုန်းထား​ခြင်း၊ သောက်စား​မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း​တို့​မှစ၍ ထို​ကဲ့သို့သော​လုပ်ဆောင်​မှု​များ​ဖြစ်​ကြ​၏။ ထိုသို့သော​အရာ​များ​ကို ပြုကျင့်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်​ဟု ယခင်​က ငါ​ပြော​ခဲ့​သည့်​အတိုင်း ယခု​လည်း သင်​တို့​အား ကြိုတင်​ပြော​ထား​မည်။


လူမျိုးခြား​တို့​ကယ်တင်​ခြင်း​ရရှိ​ရန် ငါ​တို့​ဟောပြော​သည်​ကို တားမြစ်​ကာ မိမိ​တို့​အပြစ်​များ​ကို အစဉ်အမြဲ​ဖြည့်ဆည်း​ကြ​၏။ သို့ဖြစ်၍ အမျက်​တော်​သည် သူ​တို့​အပေါ်သို့ အဆုံးစွန်​သက်ရောက်​လေ​၏။


အန္တိအုတ်​မြို့၊ ဣကောနိ​မြို့​နှင့် လုတ္တရ​မြို့​တို့​တွင် ငါ့​အပေါ်​ကျရောက်​ခဲ့​သည့် ညှဉ်းဆဲ​ခြင်း​နှင့်​ဒုက္ခ​ဝေဒနာ​တို့​၌​လည်းကောင်း ထက်ကြပ်မကွာ​ပါရှိ​ခဲ့​၏။ ထိုကဲ့သို့သော ညှဉ်းဆဲ​ခြင်း​များ​ကို ငါ​ခံရ​သော်လည်း သခင်​ဘုရား​သည် ထို​အရာ​အလုံးစုံ​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၏။


သို့မဟုတ် ကျမ်းစာ​က “ကိုယ်တော်​သည် ငါ​တို့​၌ ကိန်းဝပ်​စေ​တော်မူ​သော​ဝိညာဉ်​ကို သဝန်တို​သော​သဘော​ဖြင့် တောင့်တ​တော်မူ​၏”​ဟူ၍ အကြောင်းမဲ့​ဆို​ထား​သည်​ဟု သင်​တို့​ထင်​ကြ​သလော။


ယခု​မှာ သင်​တို့​သည် ထိုကဲ့သို့သော​လွန်ကဲ​သည့်​အပျော်ကြူး​ခြင်း​၌ သူ​တို့​နှင့်အတူ​မ​ပါဝင်​ကြ​သောကြောင့် သူ​တို့​သည် အံ့ဩ​လျက် စော်ကား​ပြောဆို​ကြ​၏။


သူ​တို့​မူကား မိမိ​တို့​မ​သိ​သော​အရာ​များ​ကို စော်ကား​ပြောဆို​ကြ​လျက် ဆင်ခြင်​ဉာဏ်​မ​ရှိ​သော တိရစ္ဆာန်​များ​ကဲ့သို့ ပင်ကို​သဘာဝ​အရ​သိ​ထား​သည့်​အရာ​များ​၌​ပင် ပျက်စီး​ခြင်း​သို့​ရောက်​တတ်​ကြ​၏။