အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 11:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​သူ​တို့​နှင့်ပတ်သက်​သည့်​သတင်း​ကို ဂျေရုဆလင်​မြို့​၌​ရှိ​သော အသင်းတော်​သည်​ကြား​လျှင် ဗာနဗ​ကို အန္တိအုတ်​မြို့​အထိ​သွား​ရန် စေလွှတ်​လေ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ဤ​သ​တင်း​ကို​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​သင်း တော်​ကြား​လျှင် ဗာ​န​ဗ​အား​အန္တိ​အုတ်​မြို့ သို့​စေ​လွှတ်​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို သူ တို့ အ ကြောင်း ယေ ရု ရှ လင် မြို့ ရှိ အ သင်း တော် ကြား သိ သော် ဗာ န ဗ ကို အ န္တိ အုတ် မြို့ သို့ စေ လွှတ် ကြ သည့် အ တိုင်း ရောက် လာ သော်၊

အခန်းကိုကြည့်ပါ။

Judson Bible

ထို​အ​ကြောင်း​အ​ရာ​ကို ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အ​သင်း​တော်​သည် ကြား​လျှင်၊ အ​န္တိ​အုတ်​မြို့​တိုင်​အောင် သွား​စေ​မည်​အ​ကြောင်း ဗာ​န​ဗ​ကို​စေ​လွှတ်​လေ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဂျေရုဆလင်မြို့​ရှိ အသင်းသားများ​သည် ဤ​သတင်း​ကို ကြား​သဖြင့် ဗာနဗ​ကို အန္တိအုတ်မြို့​တိုင်အောင် စေလွှတ်ကြ၏။

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 11:22
16 ပူးပေါင်းရင်းမြစ်များ  

လူမျိုးခြား​တို့​သည်​လည်း ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို လက်ခံ​ကြ​ကြောင်း တမန်တော်​တို့​နှင့် ယုဒ​ပြည်​တစ်လျှောက်​တွင်​ရှိ​သော​ညီအစ်ကို​တို့​သည် ကြားသိ​ကြ​၏။


သတေဖန်​နှင့်​ဆက်စပ်​၍ ဖြစ်ပေါ်​လာ​သည့်​နှိပ်စက်​ခြင်း​ကြောင့် ကွဲလွင့်​သွား​ကြ​သော​သူ​တို့​သည် ဖိုနီးရှား​နယ်​မှစ၍ ဆိုက်ပရပ်​ကျွန်း​နှင့် အန္တိအုတ်​မြို့​အထိ ရောက်သွား​ကြ​၏။ သူ​တို့​သည် ဂျူး​လူမျိုး​တို့​မှတစ်ပါး မည်သူ့​ကို​မျှ နှုတ်ကပတ်​တရား​ကို​မ​ဟောပြော​ကြ​ချေ။


သို့သော် ထို​သူ​တို့​တွင် ဆိုက်ပရပ်​ကျွန်း​နှင့်​ကုရေနေ​မြို့​မှ လူ​အချို့​တို့​ပါ​၍ သူ​တို့​သည် အန္တိအုတ်​မြို့​သို့​သွား​ပြီးလျှင် ဂရိ​စကား​ပြော​သော​သူ​တို့​နှင့်​စကားပြော​လျက် သခင်​ယေရှု​အကြောင်း​ကို ဟောပြော​ကြ​၏။


သူ့​ကို​တွေ့​လျှင် အန္တိအုတ်​မြို့​သို့​ခေါ်လာ​၏။ သူ​တို့​သည် တစ်​နှစ်​ပတ်လုံး အသင်းတော်​၌​စုဝေး​လျက် များစွာ​သော​လူ​တို့​ကို သွန်သင်​ကြ​၏။ တပည့်​တော်​တို့​သည် ထို​အန္တိအုတ်​မြို့​၌ “ခရစ်ယာန်”​ဟု ပထမ​ဦးဆုံး​ခေါ်ဝေါ်​ခြင်း​ခံရ​ကြ​၏။


ထို​နေ့ရက်​များ​၌ ပရောဖက်​တို့​သည် ဂျေရုဆလင်​မြို့​မှ အန္တိအုတ်​မြို့​သို့ ဆင်းလာ​ကြ​၏။


ထိုအခါ ပေါလု၊ ဗာနဗ​တို့​နှင့် ထို​သူ​တို့​ကြား​၌ ပြင်းထန်​သော​သဘောထား​ကွဲလွဲမှု​နှင့် အငြင်းပွား​မှု​များ ဖြစ်ပေါ်​ခဲ့​သဖြင့် ညီအစ်ကို​တို့​သည် ပေါလု၊ ဗာနဗ​နှင့် မိမိ​တို့​ထဲမှ လူ​အချို့​တို့​ကို ဤ​ပြဿနာ​အတွက် ဂျေရုဆလင်​မြို့​ရှိ တမန်တော်​များ​နှင့်​အသင်းတော်​အကြီးအကဲ​များ​ထံသို့​သွား​ကြ​ရန် ခန့်အပ်​ကြ​၏။


ထိုအခါ တမန်တော်​များ၊ အသင်းတော်​အကြီးအကဲ​များ​နှင့် အသင်းတော်​တစ်ခုလုံး​သည် သူ​တို့​အထဲမှ လူ​ကို​ရွေးကောက်​၍ ပေါလု၊ ဗာနဗ​တို့​နှင့်အတူ အန္တိအုတ်​မြို့​သို့​စေလွှတ်​ရန် ဆုံးဖြတ်​ကြ​ကာ ညီအစ်ကို​တို့​တွင် ဦးဆောင်​သူ​များ​ဖြစ်​ကြ​သော ဗာရှဗ​ခေါ်​ယုဒ​နှင့် သိလ​တို့​ကို ရွေးကောက်​ကြ​၏။


ဆီဇာရီးယား​မြို့​သို့​ရောက်​လျှင် ဂျေရုဆလင်​မြို့​သို့ တက်​သွား​၍ အသင်းတော်​ကို​နှုတ်ဆက်​ပြီးမှ အန္တိအုတ်​မြို့​သို့ ဆင်း​သွား​လေ​၏။


ထို​စကား​ကို အစုအဝေး​တစ်ခုလုံး​နှစ်သက်​သဖြင့် သူ​တို့​သည် ယုံကြည်​ခြင်း​နှင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​လည်းကောင်း ပြည့်ဝ​သော သတေဖန်​မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန​နှင့် အန္တိအုတ်​မြို့​မှ​ဂျူး​ဘာသာဝင်​ဖြစ်လာ​သူ နိကောလ​တို့​ကို ရွေးကောက်​ပြီး


ရှမာရိ​နယ်သား​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​လက်ခံ​ကြ​ကြောင်း ဂျေရုဆလင်​မြို့​တွင်​ရှိ​သော တမန်တော်​တို့​သည် ကြားသိ​ကြ​သောအခါ ပေတရု​နှင့်​ယောဟန်​တို့​ကို သူ​တို့​ထံသို့​စေလွှတ်​ကြ​၏။


သို့သော် ဗာနဗ​သည် သူ့​ကို​ဖေးမ​၍ တမန်တော်​တို့​ထံသို့ ခေါ်ဆောင်​လာ​ပြီးလျှင် ရှောလု​သည် လမ်း​ခရီး​၌ သခင်​ဘုရား​ကို တွေ့မြင်​ခဲ့​ပုံ​မှစ၍ သခင်​ဘုရား​က သူ့​အား​မိန့်​တော်မူ​ခဲ့​ပုံ​နှင့် ဒမတ်စကပ်​မြို့​တွင် ယေရှု​၏​နာမ​တော်​၌ ရဲရင့်​စွာ သူ​ဟောပြော​ခဲ့​ပုံ​တို့​ကို သူ​တို့​အား ပြောပြ​လေ​၏။


သို့သော် အန္တိအုတ်​မြို့​သို့ ကေဖ​ရောက်လာ​သောအခါ သူ​၌​အပြစ်တင်​စရာ​ရှိ​သောကြောင့် ငါ​သည် သူ့​ကို မျက်နှာချင်းဆိုင်​၍ ပိတ်ပင်​တားဆီး​ရ​၏။


သို့သော် ယခု တိမောသေ​သည် သင်​တို့​ထံမှ​ပြန်လာ​၍ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ​တို့​နှင့်ပတ်သက်​သည့် ဝမ်းမြောက်​ဖွယ်​သတင်း​ကို ငါ​တို့​အား​ပြောပြ​၏။ ထို့ပြင် သင်​တို့​သည် ငါ​တို့​ကို အစဉ်အမြဲ​ကောင်းမွန်​စွာ​သတိရ​လျက် ငါ​တို့​သည် သင်​တို့​ကို အလွန်​တွေ့မြင်​လို​သကဲ့သို့ သင်​တို့​သည်​လည်း ငါ​တို့​ကို အလွန်​တွေ့မြင်​လို​ကြောင်း ပြောပြ​၏။