သူတို့ထွက်သွားကြစဉ် ရှိမုန်အမည်ရှိသော ကုရေနေမြို့သားတစ်ဦးကိုတွေ့သဖြင့် ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို သူ့အား အတင်းအကျပ်ထမ်းစေကြ၏။
တမန်တော်ဝတ္ထု 11:20 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုသူတို့တွင် ဆိုက်ပရပ်ကျွန်းနှင့်ကုရေနေမြို့မှ လူအချို့တို့ပါ၍ သူတို့သည် အန္တိအုတ်မြို့သို့သွားပြီးလျှင် ဂရိစကားပြောသောသူတို့နှင့်စကားပြောလျက် သခင်ယေရှုအကြောင်းကို ဟောပြောကြ၏။ Common Language Bible သို့ရာတွင်သူတို့အထဲတွင်သခင်ယေရှု ကိုယုံကြည်သူ ကုပရုပြည်သားနှင့်ကုရေ နေပြည်သားအချို့ပါ၏။ သူတို့သည်အန္တိ အုတ်မြို့သို့သွား၍ လူမျိုးခြားတို့အားလည်း သခင်ယေရှု၏အကြောင်းသတင်းကောင်း ကိုဟောပြောကြေညာကြ၏။- Garrad Bible ပါ ရှိ သော ကု ပ ရု ကျွန်း သား နှင့် ကု ရေ နေ မြို့ သား အ ချို့ သည် အ န္တိ အုတ် မြို့ သို့ ရောက်၍ အ ရှင် ယေ ရှု၏ သ တင်း တော် မြတ် ကို ဂ ရိတ် လူ မျိုး တို့ အား လည်း ဟော ပြော ကြ ရာ၊ Judson Bible နောက်မှ ထိုသူအချို့တို့သည် ကုပရုပြည်သား၊ ကုရေနေပြည်သားဖြစ်၍ အန္တိအုတ်သို့သွားပြီးလျှင်၊ သခင်ယေရှု၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟေလေနစ်လူတို့အား ဟောပြောကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ထိုသူတို့အထဲတွင် ဆိုက်ပရပ်ကျွန်းနှင့် ကုရေနေမြို့သားတချို့ပါရှိ၍ အန္တိအုတ်မြို့သို့သွားကြပြီးလျှင် ဂရိစကားပြောသောလူတို့အား သခင်ယေရှုအကြောင်းကို ဟောပြောကြလေ၏။ |
သူတို့ထွက်သွားကြစဉ် ရှိမုန်အမည်ရှိသော ကုရေနေမြို့သားတစ်ဦးကိုတွေ့သဖြင့် ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို သူ့အား အတင်းအကျပ်ထမ်းစေကြ၏။
ဂျူးလူမျိုးတို့ကလည်း “ငါတို့ရှာ၍မတွေ့စေရန် ဤသူသည် မည်သည့်အရပ်သို့သွားရန် ကြံရွယ်နေသနည်း။ ဂရိလူမျိုးတို့ရှိရာအရပ်ရပ်တို့၌ ကွဲလွင့်ပျံ့နှံ့နေသောသူတို့ထံသို့သွား၍ ဂရိလူမျိုးတို့ကိုသွန်သင်ရန် ကြံရွယ်နေသလော။
သတေဖန်နှင့်ဆက်စပ်၍ ဖြစ်ပေါ်လာသည့်နှိပ်စက်ခြင်းကြောင့် ကွဲလွင့်သွားကြသောသူတို့သည် ဖိုနီးရှားနယ်မှစ၍ ဆိုက်ပရပ်ကျွန်းနှင့် အန္တိအုတ်မြို့အထိ ရောက်သွားကြ၏။ သူတို့သည် ဂျူးလူမျိုးတို့မှတစ်ပါး မည်သူ့ကိုမျှ နှုတ်ကပတ်တရားကိုမဟောပြောကြချေ။
ထိုသူတို့နှင့်ပတ်သက်သည့်သတင်းကို ဂျေရုဆလင်မြို့၌ရှိသော အသင်းတော်သည်ကြားလျှင် ဗာနဗကို အန္တိအုတ်မြို့အထိသွားရန် စေလွှတ်လေ၏။
သူ့ကိုတွေ့လျှင် အန္တိအုတ်မြို့သို့ခေါ်လာ၏။ သူတို့သည် တစ်နှစ်ပတ်လုံး အသင်းတော်၌စုဝေးလျက် များစွာသောလူတို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည် ထိုအန္တိအုတ်မြို့၌ “ခရစ်ယာန်”ဟု ပထမဦးဆုံးခေါ်ဝေါ်ခြင်းခံရကြ၏။
ထိုနေ့ရက်များ၌ ပရောဖက်တို့သည် ဂျေရုဆလင်မြို့မှ အန္တိအုတ်မြို့သို့ ဆင်းလာကြ၏။
အန္တိအုတ်မြို့၌ရှိသောအသင်းတော်တွင် ဗာနဗ၊ နိဂါဟုခေါ်သောရှိမောင်၊ ကုရေနေမြို့သားလုကိ၊ နယ်စားဟေရုဒ်နှင့်နို့စို့ဖက်ဖြစ်သူမာနင်နှင့် ရှောလု စသည့်ပရောဖက်များနှင့်ဆရာများရှိကြ၏။
ထိုမြို့မှတစ်ဆင့် ရွက်လွှင့်ကာ ယခု သူတို့ဆောင်ရွက်ပြီးစီးသွားသောအမှုတော်အတွက် ဘုရားသခင်၏ကျေးဇူးတော်၌အပ်နှံခြင်းခံခဲ့ရာအန္တိအုတ်မြို့သို့ ပြန်သွားကြ၏။
ထိုအခါ တမန်တော်များ၊ အသင်းတော်အကြီးအကဲများနှင့် အသင်းတော်တစ်ခုလုံးသည် သူတို့အထဲမှ လူကိုရွေးကောက်၍ ပေါလု၊ ဗာနဗတို့နှင့်အတူ အန္တိအုတ်မြို့သို့စေလွှတ်ရန် ဆုံးဖြတ်ကြကာ ညီအစ်ကိုတို့တွင် ဦးဆောင်သူများဖြစ်ကြသော ဗာရှဗခေါ်ယုဒနှင့် သိလတို့ကို ရွေးကောက်ကြ၏။
ထိုသူတို့မှတစ်ဆင့်ပေးလိုက်သော စာ၌ကား “တမန်တော်များနှင့်အသင်းတော်အကြီးအကဲများဖြစ်ကြသော ညီအစ်ကိုတို့သည် အန္တိအုတ်မြို့၊ ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်ရှိ လူမျိုးခြားထဲမှ ညီအစ်ကိုတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏။
ဤသို့ဖြင့် သူတို့ကို လွှတ်လိုက်သောအခါ သူတို့သည် အန္တိအုတ်မြို့သို့ ဆင်းသွားကြ၍ တပည့်တော်အစုအဝေးကို စုဝေးစေပြီးလျှင် စာကို ပေးအပ်ကြ၏။
ဧပိကုရု၏တပည့်များနှင့် သတောအိပ်အတွေးအခေါ်ပညာရှင်အချို့တို့သည်လည်း ပေါလုနှင့်ဆွေးနွေးကြ၏။ အချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောဆိုလိုသနည်း”ဟု ဆိုကြ၏။ အချို့တို့ကမူ “သူသည် တစ်ပြည်တစ်ရပ်ခြား၏နတ်ဘုရားများအကြောင်းကို ဟောပြောနေဟန်ရှိသည်”ဟု ဆိုကြ၏။ ဤသို့ဆိုခြင်းမှာ ပေါလုသည် ယေရှုနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။
ဆီဇာရီးယားမြို့သို့ရောက်လျှင် ဂျေရုဆလင်မြို့သို့ တက်သွား၍ အသင်းတော်ကိုနှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့ ဆင်းသွားလေ၏။
ဖြူဂိပြည်၊ ပံဖုလိပြည်၊ အီဂျစ်ပြည်နှင့် ကုရေနေမြို့အနီး လစ်ဗျားနယ်မြေဒေသတို့၌ နေထိုင်သောသူများရှိကြ၏။ ထို့ပြင် အလည်အပတ်ရောက်ရှိလာသောရောမနိုင်ငံသားများ၊ ဂျူးလူမျိုးများနှင့် ဂျူးဘာသာဝင်ဖြစ်လာသူများ၊
နှစ်သိမ့်ခြင်း၏သားဟူသောအဓိပ္ပာယ်ရှိသည့် ဗာနဗဟု တမန်တော်တို့ခေါ်ကြသော ဆိုက်ပရပ်ကျွန်းသား လေဝိအနွယ်ဝင် ယောသပ်သည်
ထို့နောက် သူတို့သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း အစဉ်မပြတ်သွန်သင်လျက် ယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောကောင်းမြတ်သောသတင်းကို ဟောပြောကြ၏။
ထိုနေ့ရက်များ၌ တပည့်တော်များတိုးပွားလာရာ ဂရိစကားကိုပြောသောဂျူးလူမျိုးတို့က မိမိတို့ထဲမှမုဆိုးမများသည် နေ့စဉ်ထောက်ပံ့ခြင်းအမှုတွင် လျစ်လျူရှုခံရသည်ဟု ဟေဗြဲစကားကိုပြောသောဂျူးလူမျိုးတို့အပေါ် အပြစ်တင်ပြောဆိုကြ၏။
ထိုစကားကို အစုအဝေးတစ်ခုလုံးနှစ်သက်သဖြင့် သူတို့သည် ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ဝသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနှင့် အန္တိအုတ်မြို့မှဂျူးဘာသာဝင်ဖြစ်လာသူ နိကောလတို့ကို ရွေးကောက်ပြီး
ထိုအခါ “လိဗေရတိန်”ဟု အမည်တွင်သည့် ဝတ်ပြုစည်းဝေးကျောင်းမှ လူအချို့ဖြစ်ကြသော ကုရေနေမြို့သားများ၊ အလက်ဇန္ဒြိယမြို့သားများမှစ၍ ဆီလီဆီးယားပြည်နှင့် အာရှပြည်တို့မှလာသောသူတို့သည် ထ၍ သတေဖန်နှင့်ငြင်းခုံပြောဆိုကြ၏။
ဖိလိပ္ပုသည်လည်း မိမိနှုတ်ကိုဖွင့်လျက် ဤကျမ်းချက်မှအစပြု၍ ယေရှုအကြောင်းကို သူ့အား ဟောပြောလေ၏။
ဖိလိပ္ပုသည်လည်း ရှမာရိနယ်ရှိ မြို့တစ်မြို့သို့သွား၍ လူတို့အား ခရစ်တော်အကြောင်းကိုဟောပြောလေ၏။
ဝတ်ပြုစည်းဝေးကျောင်းများ၌ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ချက်ချင်းဟောပြောလေ၏။
သူသည် ဂရိစကားကိုပြောသောဂျူးလူမျိုးတို့နှင့် ဆွေးနွေးပြောဆိုလျက်နေ၏။ သို့သော် သူတို့သည် ရှောလုကိုသတ်ရန် ကြံစည်အားထုတ်ကြ၏။
အကြောင်းမူကား ငါသည် သင်တို့တွင် ယေရှုခရစ်တော်တည်းဟူသော လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသည့် ထိုသခင်၏အကြောင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မသိမမှတ်ရန် ဆုံးဖြတ်ထား၏။
သို့သော် အန္တိအုတ်မြို့သို့ ကေဖရောက်လာသောအခါ သူ၌အပြစ်တင်စရာရှိသောကြောင့် ငါသည် သူ့ကို မျက်နှာချင်းဆိုင်၍ ပိတ်ပင်တားဆီးရ၏။
သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်