တမန်တော်ဝတ္ထု 11:22 - မြန်မာ့စံမီသမ္မာကျမ်း22 ထိုသူတို့နှင့်ပတ်သက်သည့်သတင်းကို ဂျေရုဆလင်မြို့၌ရှိသော အသင်းတော်သည်ကြားလျှင် ဗာနဗကို အန္တိအုတ်မြို့အထိသွားရန် စေလွှတ်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible22 ဤသတင်းကိုယေရုရှလင်မြို့ရှိအသင်း တော်ကြားလျှင် ဗာနဗအားအန္တိအုတ်မြို့ သို့စေလွှတ်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible22 ထို သူ တို့ အ ကြောင်း ယေ ရု ရှ လင် မြို့ ရှိ အ သင်း တော် ကြား သိ သော် ဗာ န ဗ ကို အ န္တိ အုတ် မြို့ သို့ စေ လွှတ် ကြ သည့် အ တိုင်း ရောက် လာ သော်၊ အခန်းကိုကြည့်ပါ။Judson Bible22 ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌ရှိသော အသင်းတော်သည် ကြားလျှင်၊ အန္တိအုတ်မြို့တိုင်အောင် သွားစေမည်အကြောင်း ဗာနဗကိုစေလွှတ်လေ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း22 ဂျေရုဆလင်မြို့ရှိ အသင်းသားများသည် ဤသတင်းကို ကြားသဖြင့် ဗာနဗကို အန္တိအုတ်မြို့တိုင်အောင် စေလွှတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
သို့သော် ယခု တိမောသေသည် သင်တို့ထံမှပြန်လာ၍ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့နှင့်ပတ်သက်သည့် ဝမ်းမြောက်ဖွယ်သတင်းကို ငါတို့အားပြောပြ၏။ ထို့ပြင် သင်တို့သည် ငါတို့ကို အစဉ်အမြဲကောင်းမွန်စွာသတိရလျက် ငါတို့သည် သင်တို့ကို အလွန်တွေ့မြင်လိုသကဲ့သို့ သင်တို့သည်လည်း ငါတို့ကို အလွန်တွေ့မြင်လိုကြောင်း ပြောပြ၏။
ထိုအခါ ပေါလု၊ ဗာနဗတို့နှင့် ထိုသူတို့ကြား၌ ပြင်းထန်သောသဘောထားကွဲလွဲမှုနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ညီအစ်ကိုတို့သည် ပေါလု၊ ဗာနဗနှင့် မိမိတို့ထဲမှ လူအချို့တို့ကို ဤပြဿနာအတွက် ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့်အသင်းတော်အကြီးအကဲများထံသို့သွားကြရန် ခန့်အပ်ကြ၏။