ယုဒလူမျိုးတို့သည် ထာဝရဘုရားကိုရှာရန် စုဝေးလာကြ၏။ ထာဝရဘုရားကိုရှာရန် ယုဒမြို့ရွာအားလုံးမှ လူတို့ရောက်လာကြ၏။
ဇေဖနိ 2:1 - မြန်မာ့စံမီသမ္မာကျမ်း အရှက်မရှိသော အို လူမျိုးတို့၊ စုဝေးကြလော့။ စုဝေးကြလော့။ Common Language Bible အို အရှက်မဲ့သောလူမျိုး၊- Garrad Bible မျက် နှာ ပြောင် တိုက် သော အို လူ မျိုး၊ ဆုံး ဖြတ် တော် မူ ချက် အ တည် မ ပြု သေး သည့် အ တွင်း၊ ဖွဲ ကဲ့ သို့ အ မြန် ကုန် သော ကာ လ မ လွန်၊ ထာ ဝ ရ ဘု ရား၏ အ မျက် တော် ရှိန် မ သင့်၊ အ မျက် ဒဏ် ထား ရာ နေ့ မ တိုင် မီ စု ရုံး ကြ လော့။ Judson Bible အရှက်မရှိသော အမျိုးသားတို့၊ ကိုယ်ကို စစ်ကြောကြလော့။ |
ယုဒလူမျိုးတို့သည် ထာဝရဘုရားကိုရှာရန် စုဝေးလာကြ၏။ ထာဝရဘုရားကိုရှာရန် ယုဒမြို့ရွာအားလုံးမှ လူတို့ရောက်လာကြ၏။
လူအပေါင်းတို့သည် ရေတံခါးရှေ့ရှိကွင်းပြင်တွင် တစ်စိတ်တစ်သဘောတည်းစုရုံးလာကြပြီး မောရှေအားဖြင့် အစ္စရေးလူမျိုးတို့အား ထာဝရဘုရား မိန့်မှာတော်မူသော ပညတ်တရားကျမ်းကို ယူဆောင်ခဲ့ရန် ကျမ်းပြုဆရာဧဇရအား တောင်းဆိုကြ၏။
ထိုလ နှစ်ဆယ့်လေးရက်နေ့တွင် အစ္စရေးအမျိုးသားတို့သည် အစာရှောင်လျက်၊ လျှော်တေအဝတ်ကိုဝတ်လျက်၊ ခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက် စုဝေးကြ၏။
“ရှုရှန်မြို့တွင် ရှိသမျှသောဂျူးလူမျိုးတို့ကို သွား၍စုစည်းပြီး နေ့ရောညပါ သုံးရက်ပတ်လုံး မစားမသောက်ဘဲ အကျွန်ုပ်အတွက် အစာရှောင်ဆုတောင်းကြပါ။ အကျွန်ုပ်နှင့် အစေခံမိန်းကလေးများသည်လည်း ထိုနည်းတူ အစာရှောင်ဆုတောင်းကြပါမည်။ ထို့နောက် ဥပဒေနှင့်ဆန့်ကျင်သော်လည်း ရှင်ဘုရင်ထံအခစားဝင်မည်။ သေရမည်ဆိုလျှင်လည်း အသေခံပါမည်”ဟု ပြန်ပြောလိုက်၏။
ထို့ကြောင့် မိုးခေါင်၍ နွေဦးမိုးလည်း မရွာတော့ပေ။ ထိုသို့ဖြစ်သော်လည်း သင်သည် ပြည့်တန်ဆာကဲ့သို့ ခေါင်းမာ၍အရှက်အကြောက်မရှိ။
သူတို့သည် စက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အစာရှောင်ဖို့ အသင့်ပြင်ကြလော့။ ဓမ္မစည်းဝေးပွဲကို ဆင့်ခေါ်ကြလော့။ သက်ကြီးဝါကြီးများ၊ ပြည်သူပြည်သားများအားလုံး သင်တို့ဘုရားသခင်ထာဝရဘုရား၏အိမ်တော်၌ စုရုံး၍ ထာဝရဘုရားထံ အော်ဟစ်ကြလော့။
ထိုမြို့တွင် စံနေတော်မူသောထာဝရဘုရားမူကား မတရားမှုကို မပြု၊ ဖြောင့်မတ်တော်မူသောဘုရားဖြစ်၏။ နံနက်အရုဏ်လင်းချိန်တိုင်းတွင် မိမိ၏ဖြောင့်မတ်ခြင်းကို မပျက်မကွက်ဖော်ပြတော်မူ၏။ သို့သော် မတရားသောသူသည် ရှက်ကြောက်ရမည်ကို မသိပါတကား။
တစ်လတည်းတွင် သိုးထိန်းသုံးဦးကို ငါဖယ်ရှားပစ်၏။ ငါသည် သူတို့ကို သည်းမခံနိုင်။ သူတို့သည်လည်း ငါ့ကို မုန်းကြ၏။
အကြောင်းမူကား လူနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့သည် ငါ၏နာမဖြင့် တစ်နေရာရာတွင် စုဝေးကြသောအခါ ထိုနေရာတွင် သူတို့အလယ်၌ ငါရှိ၏”ဟု မိန့်တော်မူ၏။