ထို့နောက်တွင် အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကိုရှာရန် စိတ်ပိုင်းဖြတ်ထားသောသူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ယဇ်ပူဇော်ရန် လေဝိအမျိုးတို့နှင့်အတူ ဂျေရုဆလင်မြို့သို့ လိုက်လာကြ၏။
ဇာခရိ 8:21 - မြန်မာ့စံမီသမ္မာကျမ်း မြို့တစ်မြို့မှလူတို့သည် အခြားတစ်မြို့သို့သွား၍ ‘ထာဝရဘုရားထံတော်သို့ ငါတို့ သွားရောက်တိုးလျှိုးတောင်းပန်ကြစို့။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှာကြစို့။ ငါလည်း သွားမည်’ဟု ဆိုကြလိမ့်မည်။ Common Language Bible မြို့တစ်မြို့မှလူတို့သည်အခြားမြို့မှလူ တို့အား`ငါတို့သည်အနန္တတန်ခိုးရှင်ထာဝရ ဘုရားထံသွားရောက်ဝတ်ပြုကိုးကွယ်ကာ ကိုယ်တော်၏ကောင်းချီးမင်္ဂလာကိုတောင်း ခံကြကုန်အံ့။ ငါတို့နှင့်အတူလိုက်ခဲ့ကြ လော့' ဟုဆိုလိမ့်မည်။- Garrad Bible ထာ ဝ ရ ဘု ရား၏ မျက် နှာ တော် ကို ဖူး မြော် ရန် လည်း ကောင်း၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ ရန်လည်း ကောင်း၊ သွား ကြ ကုန် အံ့။ ငါ့ ကိုယ် တိုင် သွား မည် ဟု၊ တစ် မြို့ သား တို့ က တစ် မြို့ သား တို့ အား၊ တိုက် တွန်း ကြ လိမ့် မည်။ Judson Bible မြို့တစ်မြို့၌ နေသောသူသည် အခြားမြို့တစ်မြို့၌ နေသောသူတို့ဆီသို့ သွား၍၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းခြင်းငှာလည်းကောင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ရှာခြင်းငှာလည်းကောင်း ဧကန်အမှန် သွားကြကုန်အံ့။ ငါလည်းသွားမည်ဟု ခေါ်ကြလိမ့်မည်။ |
ထို့နောက်တွင် အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကိုရှာရန် စိတ်ပိုင်းဖြတ်ထားသောသူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ယဇ်ပူဇော်ရန် လေဝိအမျိုးတို့နှင့်အတူ ဂျေရုဆလင်မြို့သို့ လိုက်လာကြ၏။
ကိုယ်တော်အုပ်စိုးသောအရပ်ရှိသမျှတို့မှ ကိုယ်တော်ပြုလုပ်ဖန်ဆင်းသောအရာရှိသမျှတို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။ အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။
လူများစွာတို့သည်လာကြ၍ “လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်၏ဘုရားသခင့်အိမ်တော်သို့ တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိ၏နည်းလမ်းတော်တို့ကို ငါတို့အားသွန်သင်တော်မူ၍ ငါတို့သည် ကိုယ်တော်၏လမ်းတော်၌ လျှောက်လှမ်းကြမည်”ဟု ဆိုကြလိမ့်မည်။ ပညတ်တရားသည် ဇိအုန်တောင်မှ ထွက်ပေါ်လာလိမ့်မည်။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှ ထွက်ပေါ်လာလိမ့်မည်။
‘လာကြ။ ဇိအုန်တောင်သို့ သွားကြစို့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားအထံတော်သို့ သွားကြစို့’ဟူ၍ ဧဖရိမ်တောင်ပေါ်မှကင်းစောင့်တို့ ကြွေးကြော်သောအချိန်ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားအား သိကျွမ်းဖို့ ကြိုးစားအားထုတ်ကြကုန်စို့။ ကိုယ်တော်သည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ မြေပေါ်သို့ရွာချသော မိုးဦး၊ မိုးနှောင်းကဲ့သို့ ရောက်လာမည်။
ထိုအချိန်၌ ဗေသလမြို့သားတို့သည် ရှရေဇာ၊ ရေဂင်္မေလက်နှင့် သူ၏လူအချို့တို့ကို ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်စေရန်နှင့်
လူအမြောက်အမြားတို့နှင့်အတူ အင်အားကြီးမားသောလူမျိုးခြားတို့သည်လည်း ဂျေရုဆလင်မြို့သို့လာ၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ ထာဝရဘုရားရှေ့တော်သို့ တိုးဝင်ချဉ်းကပ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုသို့ ယောဟန်ပြောဆိုသည်ကို တပည့်နှစ်ဦးတို့သည်ကြားလျှင် ယေရှုနောက်တော်သို့လိုက်သွားကြ၏။