Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဇာ​ခ​ရိ 8:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 လူ​အမြောက်အမြား​တို့​နှင့်အတူ အင်အားကြီးမား​သော​လူမျိုးခြား​တို့​သည်​လည်း ဂျေရုဆလင်​မြို့​သို့​လာ​၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို ရှာ​ကြ​လိမ့်မည်​။ ထာဝရဘုရား​ရှေ့​တော်​သို့ တိုးဝင်ချဉ်းကပ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 တန်​ခိုး​ကြီး​မား​သည့်​တိုင်း​ကြီး​ပြည်​ကြီး သား​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား ဝတ်​ပြု​ကိုး​ကွယ်​ရန်​နှင့်​ကိုယ် တော်​၏​ကောင်း​ချီး​မင်္ဂလာ​ကို​တောင်း​ခံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 မြောက် မြား သော လူ မျိုး၊ တန် ခိုး ကြီး သော နိုင် ငံ သား တို့ သည်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ ၍၊ မျက် နှာ တော် ကို ဖူး မြော် ရန်၊ ယေ ရု ရ ရှ လင် မြို့ သို့ လာ ရောက် ကြ လ တ္တံ့ ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ကြီး​သော တိုင်း​နိုင်​ငံ​သား၊ လူ​အ​မျိုး​မျိုး​တို့​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ယေ​ရု​ရှ​လင်​မြို့၌ ရှာ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆု​တောင်း​ခြင်း​ငှာ လာ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 8:22
18 ပူးပေါင်းရင်းမြစ်များ  

ကျူတော​သားရဲတိရစ္ဆာန်​နှင့် လူမျိုး​နွားသငယ်​များ​အလယ်​ရှိ နွားလား​အုပ်ကြီး​တို့​ကို ဆုံးမ​တော်မူ​ပါ​။ ငွေ​ချောင်း​များ​ရှိ​သော​သူ​ကို ခြေ​ဖြင့်​နင်းချေ​လျက် စစ်မက်​ကို​နှစ်သက်​သော​လူမျိုး​တို့​ကို ကစဥ့်ကလျား​ဖြစ်​စေ​တော်မူ​ပါ​။


နောက်ဆုံး​သော​ကာလ​၌ ထာဝရဘုရား​အိမ်​တော်​တည်​ရာ​တောင်​သည် တောင်​တို့​၏​အထွတ်အထိပ်​၌​တည်​၍ တောင်ကုန်း​တို့​အထက်​၌ ချီးမြှောက်​ခြင်း​ခံရ​လိမ့်မည်​။ လူမျိုး​အပေါင်း​တို့​သည်​လည်း ထို​တောင်​သို့ စုဝေး​လာ​ကြ​လိမ့်မည်​။


လူ​များစွာ​တို့​သည်​လာ​ကြ​၍ “​လာ​ကြ​လော့​။ ထာဝရဘုရား​၏​တောင်​တော်​၊ ယာကုပ်​၏​ဘုရားသခင့်​အိမ်​တော်​သို့ တက်​ကြ​ကုန်​စို့​။ ကိုယ်တော်​သည် မိမိ​၏​နည်းလမ်း​တော်​တို့​ကို ငါ​တို့​အား​သွန်သင်​တော်မူ​၍ ငါ​တို့​သည် ကိုယ်တော်​၏​လမ်း​တော်​၌ လျှောက်လှမ်း​ကြ​မည်​”​ဟု ဆို​ကြ​လိမ့်မည်​။ ပညတ်တရား​သည် ဇိအုန်​တောင်​မှ ထွက်ပေါ်​လာ​လိမ့်မည်​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဂျေရုဆလင်​မြို့​မှ ထွက်ပေါ်​လာ​လိမ့်မည်​။


ကိုယ်တော်​သည် လူ​အားလုံး​တို့​ကို ဖုံးအုပ်​သော​အဝတ်စ​၊ တိုင်းနိုင်ငံ​အားလုံး​တို့​အပေါ် လွှမ်း​ထား​သော​ခြုံထည်​တို့​ကို ဤ​တောင်​ပေါ်တွင် ဖျက်ဆီး​တော်မူ​မည်​။


ဘုရားရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် တိုင်းနိုင်ငံ​တို့​ကို လက်​မြှောက်ပြ​မည်​။ လူမျိုးတကာ​တို့​ကို အချက်ပြအလံ ထူပြ​မည်​။ သူ​တို့​သည် သင်​၏​သား​တို့​ကို လက်​ထဲ၌​ပွေ့ချီ​လာ​မည်​။ သင်​၏​သမီး​တို့​ကို ပခုံး​ပေါ်၌ ထမ်းလာ​ကြ​မည်​။


ကိုယ်တော်​က “​ယာကုပ်​အမျိုး​ကို ပြန်လည်ထူထောင်​ရန်​၊ အသက်ရှင်​ကျန်ရစ်​သော​အစ္စရေး​လူမျိုး​တို့​ကို ပြန်ခေါ်ဆောင်​လာ​ရန် သင့်​ကို ငါ့​အစေအပါး​ဖြစ်စေ​ခြင်း​သည် အသေးအဖွဲ​မျှသာ​ဖြစ်​သေး​၏​။ မြေကြီး​စွန်း​တိုင်အောင် ငါ​၏​ကယ်တင်​ခြင်း​ရောက်ရှိ​စေရန် ငါ​သည် သင့်​ကို​လူမျိုးတကာ​တို့​အဖို့ အလင်း​ဖြစ်စေ​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။


သင်​မ​သိ​သော​လူမျိုး​ကို သင်​ဆင့်ခေါ်​ရ​မည်​။ သင့်​ကို​မ​သိ​သော​လူမျိုး​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၊ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​ကြောင့် သင့်​ထံသို့​ပြေးလာ​ကြ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် သင်​၏​ဘုန်း​ကို ထင်ရှား​စေ​တော်မူ​ပြီ​။


ထာဝရဘုရား​က “​လူသား​အပေါင်း​တို့​သည် လဆန်းနေ့​တိုင်း​၊ ဥပုသ်နေ့​တိုင်း ငါ့​ရှေ့မှောက်​တွင် လာရောက်​ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။


‘ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်’​ဟု သစ္စာရှိ​စွာ​၊ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ သင်​ကျိန်ဆို​လျှင် လူမျိုးတကာ​တို့​သည် ထာဝရဘုရား​ထံ​တော်​မှ ကောင်းချီးမင်္ဂလာ​ခံစား​ရ​မည်​။ ကိုယ်တော်​ကို ချီးမွမ်း​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


လူမျိုး​များစွာ​တို့​သည် လာ​၍ “​လာ​ကြ​လော့​။ ယာကုပ်​၏​ဘုရားသခင်​အိမ်​တော်​ရှိ​ရာ ထာဝရဘုရား​၏​တောင်​တော်​သို့​တက်​ကြ​ကုန်စို့​။ ကိုယ်တော်​သည် မိမိ​လမ်း​တော်​တို့​ကို ငါ​တို့​အား သွန်သင်​တော်မူ​မည်​ဖြစ်၍ ငါ​တို့​သည်​လည်း ကိုယ်တော်​၏​လမ်း​တော်​အတိုင်း လိုက်လျှောက်​ကြ​မည်​”​ဟု ဆို​ကြ​လိမ့်မည်​။ အကြောင်းမူကား တရားတော်​သည် ဇိအုန်​တောင်​မှ​လည်းကောင်း​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဂျေရုဆလင်​မြို့​မှ​လည်းကောင်း ထွက်ပေါ်​လာ​လိမ့်မည်​။


ကိုယ်တော်​သည် လူမျိုး​များစွာ​တို့​ကို စီရင်​တော်မူ​မည်​။ ရပ်ဝေး​မှ​အားကြီး​သော​လူမျိုး​တို့​ကို ဆုံးမ​တော်မူ​မည်​။ သူ​တို့​သည် မိမိ​တို့​၏​ဓား​များ​ကို ထယ်​အဖြစ်​၊ လှံ​များ​ကို တံစဉ်​အဖြစ် ထုလုပ်​ကြ​လိမ့်မည်​။ လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး ဓား​နှင့် တိုက်ခိုက်​ကြ​တော့​မည်​မ​ဟုတ်​။ စစ်ရေး​လေ့ကျင့်​ခြင်း​လည်း ရှိ​တော့​မည်​မ​ဟုတ်​။


‘ငါ​သည် လူမျိုး​အပေါင်း​တို့​ကို ကြောက်ရွံ့တုန်လှုပ်​စေ​မည်​။ လူမျိုး​အပေါင်း​တို့​သည် သူ​တို့​၏​အဖိုးတန်​ရတနာ​တို့​ကို ယူဆောင်​လာ​ကြ​လိမ့်မည်​။ ဤ​အိမ်​တော်​ကို​လည်း ဘုန်းအသရေ​တော်​နှင့် ငါ​ပြည့်​စေ​မည်’​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​ပြီ​။


ဂျေရုဆလင်​မြို့​ကို လာရောက်​တိုက်ခိုက်​သော​လူမျိုး​အပေါင်း​တို့​ထဲမှ အသက်ရှင်​ကျန်ရစ်​သော​သူ​အားလုံး​တို့​သည် ရှင်ဘုရင်​ဖြစ်​တော်မူ​သော​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​ရန်​နှင့် ယာယီတဲစု​ပွဲတော်​ကို ကျင်းပ​ကြ​ရန် ဂျေရုဆလင်​မြို့​သို့ နှစ်တိုင်း​ရောက်လာ​ကြ​လိမ့်မည်​။


မြို့​တစ်​မြို့​မှ​လူ​တို့​သည် အခြား​တစ်​မြို့​သို့​သွား​၍ ‘ထာဝရဘုရား​ထံ​တော်​သို့ ငါ​တို့ သွားရောက်​တိုးလျှိုးတောင်းပန်​ကြ​စို့​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ကို ရှာ​ကြ​စို့​။ ငါ​လည်း သွား​မည်’​ဟု ဆို​ကြ​လိမ့်မည်​။


ဘုရားသခင်​သည် လူမျိုးခြား​တို့​ကို ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​မည်​ဖြစ်​ကြောင်း ကျမ်းစာ​သည် ကြိုတင်​သိမြင်​၍ အာဗြဟံ​အား “လူမျိုး​အပေါင်း​တို့​သည် သင့်​အားဖြင့် ကောင်းချီး​မင်္ဂလာ​ခံစား​ရ​လိမ့်မည်”​ဟူသည့် ကောင်းမြတ်​သော​သတင်း​ကို ကြိုတင်​ဟောပြော​လေ​၏။


အို ထာဝရ​ဘုရား၊ မည်သူ​သည် ကိုယ်တော်​ကို​မ​ကြောက်ရွံ့၊ နာမ​တော်​ကို​လည်း မ​ချီးမွမ်း​ဘဲ နေ​လိမ့်မည်​နည်း။ အကြောင်းမူကား ကိုယ်တော်​တစ်ပါးတည်း​သာလျှင် သန့်ရှင်း​တော်မူ​၏။ ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်​ချက်​တို့​သည် ထင်ရှား​သည်​ဖြစ်၍ လူမျိုး​တကာ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​သို့​လာ​၍ ရှိခိုး​ကြ​ပါ​လိမ့်မည်”​ဟု ဆို​ကြ​၏။


လူမျိုး​တကာ​တို့​သည် ထို​မြို့​၏​အလင်း​ကို​အမှီပြု၍ သွားလာ​ကြ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည်​လည်း မိမိ​တို့​၏​ဘုန်း​အသရေ​ကို ထို​မြို့​သို့​ယူဆောင်​လာ​ကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ