ကိုယ်တော်၏လူမျိုးတော်အစ္စရေးမဟုတ်သော တစ်ပါးအမျိုးသားတို့သည်လည်း ကိုယ်တော်၏နာမတော်ကြောင့် ဝေးသောအရပ်မှလာ၍
ဇာခရိ 8:20 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အမြို့မြို့အနယ်နယ်တွင်နေထိုင်သောလူမျိုးတို့ ရောက်လာကြလိမ့်မည်။ Common Language Bible အနန္တတန်ခိုးရှင်ထာဝရဘုရားက``တိုင်း နိုင်ငံကြီးများနှင့်မြို့များမှလူတို့သည် ယေရုရှလင်မြို့သို့လာရောက်ကြမည့် အချိန်ကျရောက်လာလိမ့်မည်။- Garrad Bible နောင် ကာ လ၊ အ ခြား သော လူ မျိုး လူ စု တို့ သည်၊ မြို့ အ မြောက် အ မြား က အ ဖူး လာ ကြ သည့် အ လျောက်၊ Judson Bible ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ များစွာသော မြို့သူရွာသား၊ လူအမျိုးမျိုးတို့သည် လာကြလိမ့်မည်။ |
ကိုယ်တော်၏လူမျိုးတော်အစ္စရေးမဟုတ်သော တစ်ပါးအမျိုးသားတို့သည်လည်း ကိုယ်တော်၏နာမတော်ကြောင့် ဝေးသောအရပ်မှလာ၍
ကိုယ်တော်သည် ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူပါ၊ ထိုတစ်ပါးအမျိုးသားတို့ တောင်းလျှောက်သမျှကို ပြုပေးတော်မူပါ။ သို့မှ မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ကဲ့သို့ ကိုယ်တော်၏နာမတော်ကို သိကျွမ်း၍ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြပါလိမ့်မည်။ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကိုလည်း ကိုယ်တော်၏နာမတော်တည်ရာအိမ်တော်ဟု ခေါ်ဝေါ်ကြောင်း သိကြပါလိမ့်မည်။
ကမ္ဘာမြေအစွန်းရှိသမျှတို့သည် သတိရကြ၍ ထာဝရဘုရားထံသို့ပြန်လှည့်လာကြလိမ့်မည်။ တိုင်းနိုင်ငံများမှမျိုးနွယ်စုအပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်ကြလိမ့်မည်။
သူ၏နာမသည် အစဉ်အမြဲတည်ပါစေသော။ နေသည်တည်နေသရွေ့ သူ၏နာမသည် ဆက်၍တည်ပါစေသော။ လူတို့သည် သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံစားရ၍ လူမျိုးအပေါင်းတို့သည် သူ့ကိုမင်္ဂလာရှိသူဟု ခေါ်ကြပါစေသော။
ကိုယ်တော်သည် လှိုင်းထန်သောပင်လယ်ကို အုပ်စိုးတော်မူ၏။ ထိုပင်လယ်၏လှိုင်းတံပိုးများထလာသောအခါ ၎င်းတို့ကို ငြိမ်စေတော်မူ၏။
ထိုနေ့ရက်၌ ယေရှဲ၏အမြစ်သည် လူတို့အတွက် အောင်လံသဖွယ်ရပ်တည်လိမ့်မည်။ လူမျိုးတို့သည် သူ့ကို မေးမြန်းစူးစမ်းကြလိမ့်မည်။ ကိန်းဝပ်တော်မူရာအရပ်သည် ဘုန်းအသရေရှိလိမ့်မည်။
ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်က “ယာကုပ်အမျိုးကို ပြန်လည်ထူထောင်ရန်၊ အသက်ရှင်ကျန်ရစ်သောအစ္စရေးလူမျိုးတို့ကို ပြန်ခေါ်ဆောင်လာရန် သင့်ကို ငါ့အစေအပါးဖြစ်စေခြင်းသည် အသေးအဖွဲမျှသာဖြစ်သေး၏။ မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းရောက်ရှိစေရန် ငါသည် သင့်ကိုလူမျိုးတကာတို့အဖို့ အလင်းဖြစ်စေဦးမည်”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်၏ရဲတိုက်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ မြေကြီးစွန်းမှ လူမျိုးခြားတို့သည် ကိုယ်တော်ထံသို့လာ၍ “အကျွန်ုပ်တို့၏ဘိုးဘေးတို့ ပိုင်ဆိုင်သောအရာသည် မုသားသာဖြစ်၏။ အချည်းနှီး၊ အကျိုးမရှိသောအရာသာဖြစ်၏”ဟု လျှောက်ကြပါလိမ့်မည်။
သို့သော် အစ္စရေးအမျိုးသားတို့သည် မခြင်တွယ်နိုင်၊ မရေတွက်နိုင်လောက်အောင် ပင်လယ်သဲပွင့်ကဲ့သို့ များပြားလိမ့်မည်။ “သင်တို့သည် ငါ၏လူမျိုးတော်မဟုတ်”ဟု သူတို့အား ပြောရာအရပ်၌ပင် “သူတို့သည် အသက်ရှင်သောဘုရားသခင်၏သားများ”ဟု ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။
သူ့ကို မြေပေါ်တွင် ကြဲမည်။ ကရုဏာမခံစားရသူကို ကရုဏာပြမည်။ ငါ့လူမဟုတ်သောသူကို ‘သင်သည် ငါ့လူဖြစ်သည်’ဟု ပြောမည်။ သူကလည်း ‘ကိုယ်တော်သည် အကျွန်ုပ်၏သခင် ဖြစ်သည်’ဟူ၍ ဆိုလိမ့်မည်”ဟု မိန့်တော်မူ၏။
ဤသို့ဖြင့် သူတို့သည် ကြွင်းကျန်သည့်ဧဒုံပြည်နှင့် ငါ့နာမဖြင့် ခေါ်ဝေါ်သမုတ်သောတိုင်းနိုင်ငံအပေါင်းတို့ကို ပိုင်ဆိုင်ရလိမ့်မည်”ဟု ဤအမှုကို စီရင်တော်မူသည့်ထာဝရဘုရားမိန့်တော်မူ၏။
ကိုယ်တော်သည် လူမျိုးများစွာတို့ကို စီရင်တော်မူမည်။ ရပ်ဝေးမှအားကြီးသောလူမျိုးတို့ကို ဆုံးမတော်မူမည်။ သူတို့သည် မိမိတို့၏ဓားများကို ထယ်အဖြစ်၊ လှံများကို တံစဉ်အဖြစ် ထုလုပ်ကြလိမ့်မည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဓားနှင့် တိုက်ခိုက်ကြတော့မည်မဟုတ်။ စစ်ရေးလေ့ကျင့်ခြင်းလည်း ရှိတော့မည်မဟုတ်။
ထိုနေ့ရက်တွင် လူမျိုးများစွာတို့သည် ထာဝရဘုရားထံလာရောက်ပူးပေါင်း၍ ငါ၏လူမျိုးတော် ဖြစ်လာလိမ့်မည်။ ငါသည် သင့်အလယ်၌ ကိန်းဝပ်မည်။ သို့မှ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သင့်ထံသို့ ငါ့ကိုစေလွှတ်တော်မူကြောင်းကို သင်သိရလိမ့်မည်။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့အား ငါဆိုသည်ကား များစွာသောလူတို့သည် အရှေ့အရပ်နှင့်အနောက်အရပ်တို့မှလာ၍ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်အတူ စားသောက်ပွဲ၌ထိုင်ကြလိမ့်မည်။
ဘုရားသခင်သည် မိမိနာမတော်အတွက် လူမျိုးခြားတို့ထဲမှ လူမျိုးတော်ကိုရယူရန် သူတို့ထံ ဦးစွာအကြည့်အရှုကြွလာတော်မူကြောင်း ရှိမုန်က ပြောပြခဲ့ပြီ။
ရှေးကာလမှစ၍ ဤအမှုအရာများကို သိစေတော်မူသောထာဝရဘုရား မိန့်တော်မူ၏’ဟူ၍ ရေးထားသည့်အတိုင်းဖြစ်၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။