အကြောင်းမူကား အာဗြဟံသည် ငါ့စကားကိုနားထောင်ပြီး ငါ၏ညွှန်ကြားချက်မှစ၍ ငါ၏ပညတ်ချက်များ၊ ငါ၏ပြဋ္ဌာန်းချက်များနှင့် ငါ၏တရားများကို စောင့်ထိန်းသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
ဇာခရိ 3:7 - မြန်မာ့စံမီသမ္မာကျမ်း “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ ‘သင်သည် ငါ့လမ်းစဉ်များအတိုင်း လိုက်လျှောက်ပြီး ငါညွှန်ကြားသည့်အတိုင်း လိုက်နာမည်ဆိုလျှင် ငါ့အိမ်တော်တွင် တာဝန်ထမ်းရသောအခွင့်၊ ငါ့ဝင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရသောအခွင့်ကို ပေးမည်။ ရပ်နေသော ဤသူတို့နှင့်အတူ ဝင်ထွက်သွားလာရသောအခွင့်ကိုလည်း သင့်အား ငါပေးမည်။ Common Language Bible အနန္တတန်ခိုးရှင်ထာဝရဘုရားက``အကယ် ၍သင်သည်ငါ၏ပညတ်တော်တို့ကိုလိုက်နာ ၍ သင့်အားငါပေးအပ်သည့်တာဝန်ဝတ္တရား များကိုဆောင်ရွက်မည်ဆိုပါမူ ငါ၏ဗိမာန် တော်နှင့်ဗိမာန်တော်တံတိုင်းတို့ကိုဆက်လက် စောင့်ထိန်းကြည့်ရှုခွင့်ရလိမ့်မည်။ ငါသည်လည်း မိမိ၏ရှေ့တော်တွင်ရှိသည့်ကောင်းကင်တမန် တို့၏ဆုတောင်းပတ္ထနာများကိုကြားတော် မူသည့်နည်းတူသင်၏ဆုတောင်းပတ္ထနာကို လည်းကြားတော်မူမည်။- Garrad Bible ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ သင် သည် နည်း လမ်း တော် အ တိုင်း လိုက် လျှောက်၍၊ အ မှာ တော် ကို လိုက် နာ လျှင်၊ ဗိ မာန် တော် ကို အုပ် စိုး ခွင့်၊ တံ တိုင်း တော် များ ကို စောင့် ထိန်း ခွင့်၊ ခ စား ရ သော ဤ သူ တို့ နှင့် အ တူ ညီ လာ ခံ ခွင့် များ ကို၊ ငါ ပေး မည် ဟူ၍ လည်း ကောင်း၊ Judson Bible သင်သည် ငါ့လမ်းသို့လိုက်၍ ငါ့ပညတ်တရားကို စောင့်ရှောက်လျှင်၊ ငါ့အိမ်ကို စီရင်ရသောအခွင့်၊ ငါ့ တံတိုင်းတို့ကို စောင့်ရသောအခွင့် ရှိလိမ့်မည်။ ရှေ့တော်၌ရပ်နေသော သူအချို့တို့ကို၊ သင့်အား လမ်းပြရသောသူ ဖြစ်မည်အကြောင်း ငါခန့်ထားမည်။ |
အကြောင်းမူကား အာဗြဟံသည် ငါ့စကားကိုနားထောင်ပြီး ငါ၏ညွှန်ကြားချက်မှစ၍ ငါ၏ပညတ်ချက်များ၊ ငါ၏ပြဋ္ဌာန်းချက်များနှင့် ငါ၏တရားများကို စောင့်ထိန်းသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
သင်၏ဘုရားသခင်ထာဝရဘုရား ညွှန်ကြားသောအရာတို့ကို စောင့်ထိန်းလော့။ မောရှေ၏ပညတ်တရားကျမ်း၌ ရေးထားသည့် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်၊ ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ သက်သေခံချက်တို့ကို စောင့်ထိန်းပြီး တရားလမ်းအတိုင်း လိုက်လျှောက်လော့။ သို့ပြုလျှင် သင်ပြုလေရာရာ၊ သွားလေရာရာတို့၌ အောင်မြင်ခွင့်ရမည်။
သင့်ခမည်းတော်ဒါဝိဒ် လိုက်လျှောက်ခဲ့သည့်အတိုင်း သင်သည် ငါ့လမ်းသို့လိုက်၍ ငါ၏ပြဋ္ဌာန်းချက်များ၊ ပညတ်ချက်များကို စောင့်ထိန်းမည်ဆိုလျှင် သင့်အသက်တာကို ရှည်စေမည်”ဟု မိန့်တော်မူ၏။
ထိုသို့ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၌ဆောင်ရွက်ရမည့်အမှုများ၊ သန့်ရှင်းရာဌာန၌ဆောင်ရွက်ရမည့်အမှုများ၊ အာရုန်၏သားမြေးနှင့် သူတို့၏ဆွေမျိုးသားချင်းတို့အတွက်ဆောင်ရွက်ရမည့်အမှုများ စသည်ဖြင့် ထာဝရဘုရား၏အိမ်တော်အမှုကို လိုက်နာဆောင်ရွက်ကြရ၏။
ရိတ်သိမ်းသူတို့ကသာစားရ၍ ထာဝရဘုရားကိုချီးမွမ်းကြလိမ့်မည်။ စုသိမ်းသူတို့ကသာ စပျစ်ဝိုင်အသစ်ကို သန့်ရှင်းသောငါ့တံတိုင်းအတွင်း၌ သောက်ရကြလိမ့်မည်”ဟု လက်ယာလက်တော်၊ တန်ခိုးကြီးသောလက်ရုံးတော်ဖြင့် ကျိန်ဆိုတော်မူပြီ။
သင်တို့သည် ငါ၏သန့်ရှင်းသောအမှုတော်ကို မထမ်းဆောင်။ ငါ၏သန့်ရှင်းရာဌာနအမှုကို ထမ်းရမည့်အစား အခြားသူတို့ကို ထမ်းစေကြ၏’ဟု မိန့်တော်မူ၏။
ဤမြေသည် သန့်ရှင်းသောယဇ်ပုရောဟိတ်များဖြစ်သော ငါ့အမှုထမ်းဇာဒုတ်၏ သားမြေးတို့အဖို့ဖြစ်၏။ သူတို့သည် အစ္စရေးအမျိုးသားတို့ လမ်းလွဲသောအခါ လေဝိအမျိုးတို့လမ်းလွဲသွားသကဲ့သို့ လမ်းမလွဲကြ။
ထိုအခါ မောရှေက အာရုန်အား “ထာဝရဘုရားက ‘ငါ့ထံသို့ချဉ်းကပ်သောသူတို့အား ငါသန့်ရှင်းကြောင်း ငါထင်ရှားပြမည်။ လူအပေါင်းတို့ရှေ့၌ ငါသည် ဘုန်းအသရေရှိမည်’ဟူ၍ မိန့်ဆိုခဲ့သည်မှာ ဤအမှုကိုဆိုလို၏”ဟု ဆိုသော် အာရုန်သည် တိတ်ဆိတ်နေလေ၏။
သင်တို့ မသေရမည့်အကြောင်း ခုနစ်ရက်ပတ်လုံး နေ့ညမပြတ် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌နေ၍ ထာဝရဘုရားညွှန်ကြားသည့်အတိုင်းဆောင်ရွက်ရမည်ဟု ငါ့အား ထိုသို့မိန့်မှာတော်မူခဲ့၏”ဟု ဆိုလေ၏။
သူကလည်း “ဤအရာများကား မြေတစ်ပြင်လုံး၏အရှင်ရှေ့၌ ခစားသော ဘိသိက်ခံရသူနှစ်ဦးကို ဆိုလိုသည်”ဟု မိန့်ဆိုလေ၏။
ရပ်ဝေးမှလူတို့သည် ထာဝရဘုရား၏ဗိမာန်တော်ကို လာရောက်တည်ဆောက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူကြောင်းကိုလည်း သင်တို့သိရကြလိမ့်မည်။ သင်တို့သည် သင်တို့ဘုရားသခင်ထာဝရဘုရား၏စကားကို နာခံလိုက်လျှောက်လျှင် ထိုသို့ဖြစ်လာလိမ့်မည်”ဟု မိန့်ဆို၏။
ကောင်းကင်တမန်က ငါ့အား “ဤအရာများကား မြေကြီးတစ်ပြင်လုံး၏အရှင်ရှေ့တော်၌ ခစားရာမှ ထွက်လာသော မိုးကောင်းကင်မှ လေလေးပါးဖြစ်၏။
ယေရှုကလည်း“သင်တို့အား ငါအမှန်ဆိုသည်ကား အလုံးစုံတို့ကိုအသစ်ပြုပြင်သောကာလ၌ လူ့သားသည် မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောပလ္လင်ပေါ်တွင်ထိုင်သောအခါ ငါ့နောက်သို့လိုက်သောသင်တို့သည်လည်း ပလ္လင်တစ်ဆယ့်နှစ်ခုပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုကို တရားစီရင်ရကြလိမ့်မည်။
သင်တို့သည် ငါ၏နိုင်ငံတော်၌ ငါ၏စားပွဲတွင်ထိုင်လျက် စားသောက်ရကြလိမ့်မည်။ ထို့ပြင် ပလ္လင်များပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့ကို တရားစီရင်ရကြလိမ့်မည်။
ငါ့ခမည်းတော်၏အိမ်တော်၌ နေစရာများစွာရှိ၏။ မရှိပါက မရှိကြောင်း သင်တို့အား ငါပြောခဲ့ပေလိမ့်မည်။ သင်တို့အတွက် နေရာပြင်ဆင်ရန် ငါသွားမည်။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်နှင့်အတူ ခမည်းတော်၏ပလ္လင်ပေါ်တွင်ထိုင်ရသကဲ့သို့ အောင်မြင်သောသူအား ငါ၏ပလ္လင်ပေါ်တွင် ငါနှင့်အတူထိုင်ရသောအခွင့်ကို ငါပေးမည်။