ထာဝရဘုရားက “ထွက်ပြေးကြ၊ ဘေဘီလုံသမီးထံ၌နေသော အို ဇိအုန်မြို့သားတို့၊ ထွက်ပြေးကြ”ဟု မိန့်တော်မူ၏။
သို့ရာတွင်အချင်းပြည်နှင်ဒဏ်သင့်သူတို့ ယခုသင်တို့သည်ဗာဗုလုန်ပြည်မှထွက်ပြေး ကာယေရုရှလင်မြို့သို့ပြန်လာကြလော့။-
သ တို့ သ မီး ဗာ ဗု လုန် နှင့် နေ ထိုင် သော၊ အို ဇိ အုန် မြို့ သူ တို့၊ ပြေး ကြ လော့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။
ဗာဗုလုန်မြို့သမီးထံမှာနေသော အချင်းဇိအုန် သတို့သမီး၊ အလွတ်ပြေးလော့။
ထိုသို့ သူတို့ကို မြို့အပြင်ဘက်သို့ ခေါ်ထုတ်ပြီးနောက် ကောင်းကင်တမန်တစ်ပါးက “အသက်လွတ်အောင်ပြေးလော့။ နောက်လှည့်မကြည့်နှင့်။ ဤမြစ်ဝှမ်းရှိ မည်သည့်အရပ်၌မျှမရပ်နှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ်လျှင် သင်သည် ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆို၏။
အို ဘေဘီလုံသမီးပျို၊ မြေမှုန့်ပေါ်တွင် ဆင်းထိုင်လော့။ အို ခါလဒဲသမီး၊ ရာဇပလ္လင်ပေါ်မဟုတ်၊ မြေကြီးပေါ်တွင် ထိုင်လော့။ သင့်ကို နူးညံ့သိမ်မွေ့သောသူဟု ခေါ်တော့မည်မဟုတ်။
ဘေဘီလုံမြို့မှ ထွက်လာကြလော့။ ခါလဒဲလူမျိုးတို့ထံမှ ထွက်ပြေးလာကြလော့။ “ထာဝရဘုရားသည် မိမိအစေအပါးယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ”ဟု ရွှင်လန်းသောအသံဖြင့် မြေကြီးစွန်းရောက်သည်အထိ ကြေညာကြလော့။ ကြားသိစေကြလော့။
ထွက်သွားကြ။ ထွက်သွားကြ။ ထိုအရပ်မှ ထွက်ခွာသွားကြ။ မစင်ကြယ်သောအရာကို မထိကြနှင့်။ ထိုအရပ်မှ ထွက်ခွာသွားကြလော့။ ထာဝရဘုရား၏တဲတော်တန်ဆာပလာများကို ထမ်းသောသူတို့၊ သန့်ရှင်းစင်ကြယ်ခြင်းရှိကြလော့။
အို ဂျေရုဆလင်မြို့၊ မြေမှုန့်ကိုခါချ၍ ထလော့။ အို ဖမ်းခေါ်သွားခြင်းခံရသောဇိအုန်သမီးပျို၊ သင့်လည်ပင်းမှကြိုးကိုဖြေလော့။
ဘေဘီလုံမြို့မှ ထွက်ပြေးလော့။ ခါလဒဲပြည်မှ ထွက်သွားလော့။ သိုးအုပ်ရှေ့မှသွားသောဆိတ်ထီးကဲ့သို့ ပြုလော့။
ငါ့လူမျိုးတော်တို့၊ ဘေဘီလုံမြို့ထဲမှ ထွက်ခဲ့ကြ။ ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်မှ အသက်ဘေးလွတ်အောင်ပြေးကြ။
ဘေဘီလုံမြို့မှ ထွက်ပြေးကြ။ အသက်ဘေးလွတ်အောင် ပြေးကြ။ ထိုမြို့၏အပြစ်ကြောင့် အဖျက်ဆီးမခံကြနှင့်။ အကြောင်းမူကား ထာဝရဘုရားလက်တုံ့ပြန်ရာအချိန်ကျရောက်ပြီ။ ထိုမြို့ခံထိုက်သောအပြစ်ကို ပြန်ပေးဆပ်စေတော်မူမည်။
အို ဇိအုန်သမီးပျို၊ သားဖွားမိန်းမကဲ့သို့ ဝေဒနာကို အလူးအလိမ့်ခံစားလော့။ အကြောင်းမူကား သင်သည် မြို့မှထွက်၍ ကွင်းပြင်၌နေရလိမ့်မည်။ ထို့နောက် ဘေဘီလုံပြည်သို့ ပါသွားရလိမ့်မည်။ သို့သော် ထာဝရဘုရားသည် ထိုပြည်တွင် သင့်ကို ရန်သူတို့လက်မှ ရွေးနုတ်ကယ်တင်တော်မူမည်။
မောရှေက လူထုတို့အား “ဤဆိုးယုတ်သောသူတို့၏တဲများမှ ဖယ်ခွာကြလော့။ သူတို့ပိုင်သောအရာတစ်စုံတစ်ခုကိုမျှ မထိကြနှင့်။ ထိမိလျှင် သူတို့အပြစ်များကြောင့် သင်တို့ပါ ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆိုလျှင်
ထိုသူတို့၏အော်သံကို သူတို့ပတ်ပတ်လည်၌ရှိသော အစ္စရေးလူမျိုးအပေါင်းတို့သည် ကြား၍ “ငါတို့ကိုလည်း မြေမျိုလိမ့်မည်”ဟု ဆိုလျက် ထွက်ပြေးကြ၏။
ပေတရုသည် အခြားသောစကားအမျိုးမျိုးတို့ဖြင့် သက်သေခံလျက် “ဤကောက်ကျစ်သောမျိုးဆက်ထဲမှလွတ်မြောက်ရန် ကယ်တင်ခြင်းကိုခံယူကြလော့”ဟု သူတို့အား တိုက်တွန်းနှိုးဆော်လေ၏။
ထို့နောက် ကောင်းကင်မှအခြားသောအသံက “ငါ့လူမျိုးတို့၊ သင်တို့သည် သူ၏အပြစ်များ၌ မပါဝင်စေရန်လည်းကောင်း၊ သူခံရမည့်ဘေးဒဏ်တစ်စုံတစ်ခုကိုမျှ မခံရစေရန်လည်းကောင်း သူ့ထံမှ ထွက်လာခဲ့ကြလော့။