‘ဤနေရာ၌ ငါ့နာမတည်မည်’ဟု ကိုယ်တော်မိန့်မှာထားသည့်အတိုင်း ဤနေရာ၊ ဤအိမ်တော်ကို နေ့ညမပြတ်စောင့်ကြည့်တော်မူပါ။ ဤနေရာသို့မျက်နှာမူပြီးဆုတောင်းသော ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။
ဇာခရိ 12:4 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ထိုနေ့ရက်တွင် ငါသည် စစ်မြင်းရှိသမျှကို ယောက်ယက်ခတ်စေ၍ မြင်းစီးသူရဲတို့ကို ရူးသွပ်သွားအောင် ဒဏ်ခတ်မည်။ ယုဒအမျိုးအနွယ်ကို ကြည့်ရှုစောင့်ရှောက်မည်။ လူမျိုးတကာတို့၏စစ်မြင်းရှိသမျှကို မျက်စိကွယ်သွားအောင် ဒဏ်ခတ်မည်။ Common Language Bible ထိုအခါငါသည်သူတို့၏မြင်းများကို ခြောက်လှန့်ကာမြင်းစီးသူရဲအပေါင်းကို ရူးသွတ်သွားစေမည်'' ``ယုဒပြည်သား တို့ကိုငါကြည့်ရှုမည်။ ရန်သူတို့၏မြင်း များကိုမူကားမျက်စိကန်းစေမည်။- Garrad Bible ထို နေ့ ရက် ကာ လ၊ ငါ မိန့် ဆို သည့် အ တိုင်း၊ ငါ သည် စစ် မြင်း ဟူ သ မျှ ကို မိန်း မော နာ၊ မြင်း စီး သူ ရဲ တို့ ကို ရူး သွပ် နာ၊ လူ အ မျိုး မျိုး တို့၏ စစ် မြင်း ဟူ သ မျှ ကို မျက် စိ ကွယ် နာ များ ဖြင့် ဒဏ် ခတ် ရာ၊ ယု ဒ အ မျိုး သား တို့ ကို မျက် မှောက် ပြု မည့် အ လျောက်၊ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ရှိသမျှသော မြင်းတို့ကို မိန်းမောတွေဝေစေခြင်းငှာလည်းကောင်း၊ မြင်းစီးသူရဲအပေါင်းတို့ကို အရူးဖြစ်စေခြင်းငှာလည်းကောင်း ငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍၊ တစ်ပါးအမျိုးသားတို့၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှာ ဒဏ်ခတ်မည်။ |
‘ဤနေရာ၌ ငါ့နာမတည်မည်’ဟု ကိုယ်တော်မိန့်မှာထားသည့်အတိုင်း ဤနေရာ၊ ဤအိမ်တော်ကို နေ့ညမပြတ်စောင့်ကြည့်တော်မူပါ။ ဤနေရာသို့မျက်နှာမူပြီးဆုတောင်းသော ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။
ထိုမြို့သို့ မြင်းတပ်၊ ရထားတပ်နှင့် စစ်သူရဲအမြောက်အမြားကို စေလွှတ်၍ ညအချိန်တွင် မြို့ကို ဝိုင်းထားကြ၏။
ဆီးရီးယားတပ်တို့ချီလာသောအခါ ဧလိရှဲက ထာဝရဘုရားထံ “ဤလူတို့ကို ဒဏ်ခတ်တော်မူပါ။ မျက်စိကွယ်စေတော်မူပါ”ဟု ဆုတောင်း၏။ ဧလိရှဲဆုတောင်းသည့်အတိုင်း ထာဝရဘုရားသည် ထိုသူတို့ကို ဒဏ်ခတ်၍ မျက်စိကွယ်စေတော်မူ၏။
‘ဤနေရာ၌ ငါ့နာမတည်မည်’ဟု ကိုယ်တော်မိန့်မှာထားသည့်အတိုင်း ဤနေရာ၊ ဤအိမ်တော်ကို နေ့ညမပြတ်စောင့်ကြည့်တော်မူပါ။ ဤနေရာသို့မျက်နှာမူပြီးဆုတောင်းသော ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။
အို အကျွန်ုပ်၏ဘုရားသခင်၊ ယခု မြင်တော်မူလှည့်ပါ။ ဤနေရာတွင် ဆုတောင်းသောအသံကို နားစွင့်တော်မူပါ။
မျက်စိကိုဖွင့်၊ နားကိုစွင့်တော်မူ၍ ကိုယ်တော်၏အစေအပါးအစ္စရေးလူမျိုးတို့အတွက် ရှေ့တော်၌ နေ့ညမပြတ်ဆုတောင်းပေးသောကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ အစ္စရေးလူမျိုးတို့ ကျူးလွန်မိသောအပြစ်၊ အကျွန်ုပ်နှင့်အကျွန်ုပ်၏ဘိုးဘေးအမျိုးအနွယ်တို့ ကျူးလွန်မိသောအပြစ်တို့ကို ဝန်ချတောင်းပန်ပါ၏။
ထိုနေ့ရက်၌ ထာဝရဘုရားသည် ကောင်းကင်ဗိုလ်ခြေတို့ကို ကောင်းကင်၌လည်းကောင်း၊ မြေကြီးဘုရင်တို့ကို မြေကြီးပေါ်၌လည်းကောင်း ဒဏ်ခတ်တော်မူမည်။
အို ထာဝရဘုရား၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းကြီး ပေးပို့လိုက်သည့် အသက်ရှင်တော်မူသောဘုရားသခင်အား စော်ကားပြောဆိုသောစကားအလုံးစုံကို နားထောင်တော်မူပါ။
သူတို့ကောင်းကျိုးအတွက် သူတို့ကို ငါကြည့်ရှုမည်။ သူတို့ကို ဤပြည်သို့ပြန်ခေါ်လာမည်။ မဖြိုဖျက်ဘဲ တည်ဆောက်မည်။ မနုတ်ပစ်ဘဲ စိုက်ပျိုးမည်။
သင့်မေးရိုးကို ချိတ်နှင့်ချိတ်ပြီး ပြန်လှည့်လာစေမည်။ သင်နှင့်အတူ စစ်လက်နက်အပြည့်အစုံဝတ်ဆင်ထားသော သင်၏စစ်သည်အားလုံး၊ မြင်း၊ မြင်းစီးသူရဲတို့အပါအဝင် ဒိုင်းလွှားကြီးဒိုင်းလွှားငယ်ကိုင်ဆောင်သော လူအုပ်ကြီး၊ ဓားလက်နက်စွဲကိုင်သူအားလုံးကိုပါ ထုတ်ဆောင်သွားမည်။
ငါ့စားပွဲမှ မြင်း၊ မြင်းစီးသူရဲ၊ စစ်သူရဲအပါအဝင် စစ်သည်အပေါင်းတို့၏အသားကို သင်တို့ဝအီစွာစားရလိမ့်မည်’ဟု မိန့်တော်မူ၏။
အို ဘုရားသခင်၊ နားတော်ကို လှည့်၍ ကြားတော်မူပါ။ မျက်စိတော်ကို ဖွင့်၍ ပျက်စီးသွားသောအကျွန်ုပ်တို့နေရာ၊ နာမတော်ဖြင့်ခေါ်ဝေါ်သမုတ်တော်မူသောမြို့တော်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ့်ဖြောင့်မတ်ခြင်းကြောင့်မဟုတ်ဘဲ ကြီးမားသောကရုဏာတော်ကိုသာ မျှော်ကိုးလျက် ရှေ့တော်၌ အသနားတော်ခံပါ၏။
သူတို့သည် လမ်းပေါ်မှရွှံ့ကိုနင်းသကဲ့သို့ စစ်ပွဲတွင် ရန်သူကိုနင်းချေသောစစ်သူရဲများ ဖြစ်ကြလိမ့်မည်။ ထာဝရဘုရားသည် သူတို့နှင့်အတူပါရှိသောကြောင့် စစ်တိုက်ရာတွင် မြင်းစီးသူရဲတို့ကို အရှက်ကွဲစေလိမ့်မည်။
ထိုနေ့ရက်တွင် မေဂိဒ္ဒေါလွင်ပြင်၊ ဟာဒဒြိမ္မုန်မြို့၌ ငိုကြွေးကြသကဲ့သို့ ဂျေရုဆလင်မြို့၌ ပြင်းထန်စွာငိုကြွေးကြလိမ့်မည်။
ထိုနေ့ရက်တွင် ငါသည် ဂျေရုဆလင်မြို့ကို လူမျိုးအပေါင်းတို့အဖို့ အလွန်လေးလံသောကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီမသောသူတိုင်း ဒဏ်ရာအပြင်းအထန် ရလိမ့်မည်။ မြေကြီးပေါ်ရှိ လူမျိုးတကာတို့သည် ဂျေရုဆလင်မြို့ကို တိုက်ခိုက်ရန် စုဝေးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ ယုဒသူကြီးတို့က ‘ဂျေရုဆလင်မြို့သားတို့သည် ငါတို့အား ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောခွန်အား ဖြစ်၏’ဟု စိတ်ထင်ကြလိမ့်မည်။
ထိုနေ့ရက်တွင် ငါသည် ယုဒသူကြီးတို့ကို ထင်းမီးဖို၊ ကောက်လှိုင်းမီးတုတ် ဖြစ်စေသဖြင့် လက်ယာဘက်၊ လက်ဝဲဘက် ဝန်းကျင်ရှိလူမျိုးအပေါင်းတို့ကို လောင်ကျွမ်းလိမ့်မည်။ ဂျေရုဆလင်မြို့မူကား ယခင်နေရာဖြစ်သည့် ဂျေရုဆလင်မြို့၌ တည်ရှိလိမ့်မည်။
မြင်း၊ လား၊ ကုလားအုတ်၊ မြည်းနှင့် တပ်စခန်းများရှိ တိရစ္ဆာန်ရှိသမျှတို့တွင်လည်း အလားတူ ကပ်ရောဂါမျိုးကျရောက်လိမ့်မည်။
ငါ့အိမ်တော်၌ ကျူးကျော်ဝင်ရောက်သူမရှိအောင် ကင်းစောင့်ချထားမည်။ ငါကိုယ်တိုင်စောင့်ကြည့်မည်ဖြစ်၍ ညှဉ်းဆဲတတ်သောသူတို့ နောက်တစ်ဖန် မကျူးကျော်ရ။
ဘုရားသခင်သည် လူတို့မသိနားမလည်သည့်အချိန်ကာလကို အမှုမထားခဲ့သော်လည်း ယခုအခါ နေရာတိုင်းရှိ လူအပေါင်းတို့အား နောင်တရကြရန် အမိန့်ပေးတော်မူ၏။
ထာဝရဘုရားသည် သင့်ကို ရူးသွပ်ခြင်း၊ မျက်စိကန်းခြင်း၊ စိတ်ကယောက်ကယက်ဖြစ်ခြင်းတို့ဖြင့် ဒဏ်ခတ်တော်မူမည်။